နေ့စဥ်သတင်း

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အလွန်ကောင်းမွန်နေဟု စစ်အုပ်စု ပြော၊ နိုင်ငံတကာ ကိုယ်စားလှယ်များနှင့် တွေ့ခွင့်မပေးနိုင်လို့ဆို

မဲခေါင် 1 Jul - 2026
မဲခေါင်၊ ဇူလိုင် ၁ မတရားဖမ်းဆီးချုပ်နှောင်ခံထားရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေ အလွန်ကောင်းမွန်နေသည်ဟု မင်းအောင်လှိုင်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေကို သားဖြစ်သူ ကင်မ်အဲရစ်ကို အလွန်စိုးရိမ်ကြောင်း ပြောကြားပြီးနောက် မင်းအောင်လှိုင်၏ ပြောရေးဆိုခွင့်ရှိသူ က ယမန်နေ့ နေပြည်တော်၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်၏ မေးမြန်းမှုကို ပြန်ပြောခဲ့ခြင်းဖြစ်သည်။ “ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေး အခြေအနေ အလွန်ကောင်းမွန်နေပါတယ်။ ဘာမှပြဿနာမရှိပါဘူး။ ဘာအခက်အခဲမှ မရှိပါဘူး။ အပြည့်အဝကို ကောင်းမွန်နေပါတယ်။ ဆေးစစ်မှုတွေကိုလည်း ပုံမှန်ပြုလုပ်ပေးနေပါတယ်” ဟု သူက ပြောသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်ကို မည်သည့်နေရာ၌ မည်သို့ ထိန်းသိမ်းထားသည်ကိုမူ စစ်တပ်နည်းတူ ထည့်မပြောပါ။ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် နှလုံးရောဂါအပြင် အရိုးပွရောဂါနှင့်

မဲခေါင်၊ ဇူလိုင် ၁

မတရားဖမ်းဆီးချုပ်နှောင်ခံထားရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေ အလွန်ကောင်းမွန်နေသည်ဟု မင်းအောင်လှိုင်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေကို သားဖြစ်သူ ကင်မ်အဲရစ်ကို အလွန်စိုးရိမ်ကြောင်း ပြောကြားပြီးနောက် မင်းအောင်လှိုင်၏ ပြောရေးဆိုခွင့်ရှိသူ က ယမန်နေ့ နေပြည်တော်၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်၏ မေးမြန်းမှုကို ပြန်ပြောခဲ့ခြင်းဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေး အခြေအနေ အလွန်ကောင်းမွန်နေပါတယ်။ ဘာမှပြဿနာမရှိပါဘူး။ ဘာအခက်အခဲမှ မရှိပါဘူး။ အပြည့်အဝကို ကောင်းမွန်နေပါတယ်။ ဆေးစစ်မှုတွေကိုလည်း ပုံမှန်ပြုလုပ်ပေးနေပါတယ်” ဟု သူက ပြောသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်ကို မည်သည့်နေရာ၌ မည်သို့ ထိန်းသိမ်းထားသည်ကိုမူ စစ်တပ်နည်းတူ ထည့်မပြောပါ။

အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် နှလုံးရောဂါအပြင် အရိုးပွရောဂါနှင့် လူကြီးရောဂါများကို ဆိုးဆိုးရွားရွားခံစားနေရသည့် သတင်းများရရှိထားကြောင်း သာဖြစ်သူ ကင်မ်အဲရစ်က ဂျပန်သတင်းဌာန Kyodo News နှင့် အင်တာဗျူး၌ ပြောကြားထားသည်။

၂၀၂၆ ခုနှစ် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တုန်းက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၁၇ နှစ်အထိ လျော့ပေါ့ပေးခဲ့ပြီး နေအိမ်အချယ်ချုပ်သို့ ပြောင်းရွှေ့ခဲ့သည်ဟု မင်းအောင်လှိုင်အစိုးရက ထုတ်ပြန်သော်လည်း မည်သည့်အထောက်အထားမျှ မရှိသေးကြောင်းလည်း ကင်မ်အဲရစ် က ဆိုသည်။

နေအိမ်အကျယ်ချုပ်သို့ ပြောင်းခြင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် တက္ကသိုလ်ရိပ်သာလမ်းသို့သာ ပြောင်းရွေ့ရမည်ဟု နိုင်ငံရေးသမားများက ဝေဖန်သည်။ ခြံအမှတ် (၅၄) တက္ကသိုလ်ရိပ်သာလမ်းသို့ ပြောင်းရွှေမပေးသည့်အပြင် အိမ်ရှေခြံ၌ ချိတ်ဆွဲထားသည့် ဖခင်ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံကိုပင် စစ်အုပ်စုတို့က ဇွန် ၁၅ ရက်က ဖြုတ်ချခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ စစ်တပ်အာဏာသိမ်းတုန်းက မတရားဖမ်းဆီးခံခဲ့ရပြီး ပုဒ်မမျိုးစုံတပ်ကာ ထောင်တွင်းအကျဥ်းချခဲ့သည်။ ဖမ်းဆီးအကျဥ်းချထားသူများကို ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်များကျခံပြီးနောင်မှသာ နိုင်ငံတကာကိုယ်စားလှယ်များနှင့် တွေ့ခွင့်ပေးမည်ဟုလည်း ယမန်နေ့က ပြုလုပ်သည့် နေပြည်တော်သတင်းစာရှင်းလင်းပွဲတွင် ဒေါ်ခိုင်ခိုင်စိုး က ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ အထွေထွေအကျပ်အတည်းများအားလုံးသည် NLD နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၂၀ ရွေးကောက်ပွဲမဲမသာမှုများကြောင့်ဟု စစ်ခေါင်းဆောင်မင်းအောင်လှိုင်က မကြာခဏ အပြစ်ပုံချလေ့ရှိသည်။

#MeKongNews
#ဒေါ်အောင်ဆန်းစုကြည်
#စစ်ကောင်စီ
#စစ်တပ်
#အကျဥ်းချ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now