နေ့စဥ်သတင်း

သီပေါတံတား ပိတ်ထားမှု ကြာမြင့်လာခြင်းကြောင့် လှေကူးခ အဆမတန် တိုးတောင်းလာ

မဲခေါင် 12 Jun - 2026
မဲခေါင်၊ ဇွန် ၁၂ ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့၊ ဒုဌဝတီမြစ်ကူးတံတားကို စစ်ကောင်စီက ဖြတ်သန်းသွားလာခွင့် ပိတ်ထားသည်မှာ ကြာမြင့်လာသည်နှင့်အမျှ မြစ်ကို လှေဖြင့်ကူးကြရာတွင် လှေကူးခများကို ယခင်ကထက် လှေလုပ်သားများက မတန်တဆ တိုးတောင်းလာနေကြောင်း ခရီးပြည်သူများက မဲခေါင်သို့ပြောသည်။ သီပေါမြစ်ဆိပ် ၂ ခုမှ စက်လှေများဖြင့် ကူးပေးရာတွင် ယခင်က ဆိုင်ကယ်တစ်စီး ၁ သောင်းကိုယခု ၁ သောင်းခွဲ၊ လူတစ်ယောက် ဖြတ်သန်းခ ယခင် ၅ ထောင်ကျပ်၊ ယခု ၁ သောင်းကျပ်နှင့် အိတ်များ ပါလျှင်ပါသလို တောင်းယူနေပြီး စက်လှေတစ်စီးနှင့်တစ်စီး၊ လှေဆိပ်တစ်ခုနှင့် တစ်ခု မတူညီဘဲ ထင်သလို ကောက်ခံနေကြသည်ဟု ဆိုသည်။ “စက်လှေတစ်ခေါက်ကို ၁

မဲခေါင်၊ ဇွန် ၁၂

ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့၊ ဒုဌဝတီမြစ်ကူးတံတားကို စစ်ကောင်စီက ဖြတ်သန်းသွားလာခွင့် ပိတ်ထားသည်မှာ ကြာမြင့်လာသည်နှင့်အမျှ မြစ်ကို လှေဖြင့်ကူးကြရာတွင် လှေကူးခများကို ယခင်ကထက် လှေလုပ်သားများက မတန်တဆ တိုးတောင်းလာနေကြောင်း ခရီးပြည်သူများက မဲခေါင်သို့ပြောသည်။

သီပေါမြစ်ဆိပ် ၂ ခုမှ စက်လှေများဖြင့် ကူးပေးရာတွင် ယခင်က ဆိုင်ကယ်တစ်စီး ၁ သောင်းကိုယခု ၁ သောင်းခွဲ၊ လူတစ်ယောက် ဖြတ်သန်းခ ယခင် ၅ ထောင်ကျပ်၊ ယခု ၁ သောင်းကျပ်နှင့် အိတ်များ ပါလျှင်ပါသလို တောင်းယူနေပြီး စက်လှေတစ်စီးနှင့်တစ်စီး၊ လှေဆိပ်တစ်ခုနှင့် တစ်ခု မတူညီဘဲ ထင်သလို ကောက်ခံနေကြသည်ဟု ဆိုသည်။

“စက်လှေတစ်ခေါက်ကို ၁ သိန်းခွဲလောက် ရတာပေါ့။ ဘာလို့လဲဆိုတော့ လှေဆိပ်တစ်ခုမှာ စက်လှေ အနည်းဆုံး ၁၀ စီး၊ ၁၂ စီး ရှိတယ်။ တစ်ခေါက် ကူးလို့ရှိရင် ၁ မိနစ်၊ ၂ မိနစ်လောက်ပဲ ကြာတာ၊ ၁ သိန်းခွဲ။ အဲဒါ ကုန်ပိုင်း မကဘူး၊ ၃၊ ၄၊ ၅ သိန်းရတယ်။ အဲ့တော့ ၁ မိနစ်၊ ၂ မိနစ်အတွင်းမှာ ၅ မိနစ်ပဲ ထားလိုက်ဦး၊ ၁ သိန်းခွဲ ရတာဆိုတော့ တွက်သာကြည့်လိုက်တော့ တနေကုန်ဆိုတော့၊ မနက် ၆ နာရီကနေ ည ၆ နာရီထိ ကူးပေးတယ်။ ခု ဖြတ်သန်းခ တိုးကောက်တော့ ဒိထက်ပိုရတော့မပေါ့။ တကယ့်လုပ်စားပဲ” ဟု ခရီးသွား ယာဥ်မောင်းတစ်ဦးက ပြောသည်။

ယင်းစက်လှေဆိပ်များကို စစ်ကောင်စီတပ်နှင့် ရဲက ဦးစီးနေခြင်းဖြစ်ပြီး တစ်နေ့တာ ရငွေကို ၅ ပုံ ပုံ၍ စစ်တပ်၊ ရဲ၊ စက်လှေပိုင်ရှင်၊ လုပ်သားနှင့် တစ်ဖက်ကမ်းမှ MNDAA တို့ တစ်ပုံစီ အချိုးကျခွဲဝေရယူကြကြောင်း သိရသည်။

“အခုတစ်လော စစ်ကားတွေ တံတားကဖြတ်ရင် အရပ်ကားတွေလည်း ပိုက်ဆံပေးပြီး ဖြတ်ကြတယ်။ ရောလိုက်ရတာပေါ့၊ တစ်စီးကို ဖြတ်ခ ကျပ် ၁၀ သိန်း အနည်းဆုံးပဲ ပေးရတာ၊ ကုန်ကားတွေဆို ၂၀ အထက်ပဲ၊ ခုဆို ခဏခဏဖြတ်လို့ သဲအိပ်တွေတောင် မထားတော့ဘူး။ လှိမ့်ပြီးရွှေ့လို့ ဖယ်လို့လွယ်တဲ့ ကတ္တရာပုံးမျိုးတွေပဲ ထားတော့တယ်။ ဒါပေမယ့် လှေကူးခက သူဌေးဖြစ် တွက်ချေကိုက်နေကြတော့ တံတားက ဖွင့်မှာမဟုတ်တော့ဘူး’ဟု သီပေါမြို့ခံတစ်ဦက ပြောသည်။

ထို့ပြင် ၎င်းတို့၏ လုပ်ရပ်များ ပေါ်ပေါက်မည် စိုးသည့်အတွက် ဒုဌဝတီမြစ်ကို ဖြတ်သန်းသည့် လှေဆိပ်များနှင့် တံတားကို ဓာတ်ပုံမရိုက်ရ၊ ရိုက်လျှင် ဒဏ်ငွေ ကျပ် ၅ သိန်းနှင့် ဖုန်းသိမ်းခံရမည်ဟု ကြေညာထားသည်ဟု ဆိုသည်။

သီပေါတံတားမှာ ယမန်နှစ် နိုဝင်ဘာလက စစ်ကောင်စီနှင့် MNDAA တို့ နှစ်ဖက် ဆက်ဆံရေးတင်းမာပြီးနောက် ဖြတ်သန်းမှုကို နှစ်ဖက်ပိတ်ပင်ခဲ့ပြီးနောက်ပိုင်း MNDAA က ပိတ်ပင်ထားမှုကို ရုပ်သိမ်းခဲ့သော်လည်း စစ်ကောင်စီက ဆက်လက်ပိတ်ပင်ထားပြီး စီးပွားဖြစ် လုပ်စားနေခြင်းဖြစ်ရာ ခရီးသွား အများပြည်သူတို့ ခက်ခဲမှုများ ကြုံတွေ့လျက်ရှိနေကြခြင်း ဖြစ်သည်။

#MeKongNews
#သီပေါတံတား
#ပိတ်ထားမှု
#လှေကူးခ
#အဆမတန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now