နေ့စဥ်သတင်း

ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေး MNSP-AD က ကျပ်သိန်း ၃၀၀ နှင့် MNDAA၊ NDAA တို့က ဆေးပစ္စည်း ကူညီ

မဲခေါင် 12 Jun - 2026
မဲခေါင်၊ ဇွန် ၁၂ ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာ ပြန်လည်ထူထောင်ရေးအတွက် မွန်ပြည်သစ်ပါတီ – စစ်အာဏာရှင်တိုက်ဖျက်ရေး/ရာမညမွန်တပ်တော် – MNSP-AD/RMA က အလှူငွေ ကျပ်သိန်း ၃၀၀ ပါဝင်ကူညီသည်ဟု ပြန်လည်ထူထောင်ရေးကော်မတီထံမှ သိရသည်။ မွန်ပြည်သစ်ပါတီမှ ခွဲထွက်ကာ မွန်ပြည်သစ်ပါတီ – စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ ဖွဲ့ပြီး စစ်ကောင်စီကိုတော်လှန်နေသည့် MNSP – AD သည် ကောင်းတပ်ကျေးရွာ ပြန်လည်ထူထောင်ရေးအတွက် ကျပ်သိန်း ၃၀၀ ကို ယမန်နေ့ ဇွန် ၁၁ ရက်တွင် ပါဝင်ကူညီခဲ့ခြင်း ဖြစ်သည်။ ထို့အတူ မိုင်းလားအဖွဲ့ – NDAA၏ မိုင်းလားကျန်းမာရေးကော်မတီ ၊ ကိုးကန်တပ်ဖွဲ့

မဲခေါင်၊ ဇွန် ၁၂

ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာ ပြန်လည်ထူထောင်ရေးအတွက် မွန်ပြည်သစ်ပါတီ – စစ်အာဏာရှင်တိုက်ဖျက်ရေး/ရာမညမွန်တပ်တော် – MNSP-AD/RMA က အလှူငွေ ကျပ်သိန်း ၃၀၀ ပါဝင်ကူညီသည်ဟု ပြန်လည်ထူထောင်ရေးကော်မတီထံမှ သိရသည်။

မွန်ပြည်သစ်ပါတီမှ ခွဲထွက်ကာ မွန်ပြည်သစ်ပါတီ – စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ ဖွဲ့ပြီး စစ်ကောင်စီကိုတော်လှန်နေသည့် MNSP – AD သည် ကောင်းတပ်ကျေးရွာ ပြန်လည်ထူထောင်ရေးအတွက် ကျပ်သိန်း ၃၀၀ ကို ယမန်နေ့ ဇွန် ၁၁ ရက်တွင် ပါဝင်ကူညီခဲ့ခြင်း ဖြစ်သည်။

ထို့အတူ မိုင်းလားအဖွဲ့ – NDAA၏ မိုင်းလားကျန်းမာရေးကော်မတီ ၊ ကိုးကန်တပ်ဖွဲ့ – MNDAA နှင့် နယ်စည်းမခြားဆရာဝန်များအဖွဲ့ လိုင်ဇာရုံးတို့ကလည်း ကောင်းတပ်ကျေးရွာ ပေါက်ကွဲမှုကြောင့် ထိခိုက်သည့် ပြည်သူများအား ကုသရာတွင် အသုံးပြုနိုင်ရန် ဆေးဝါးနှင့် အထောက်အပံ့ပစ္စည်းများကို လာရောက်ကူညီခဲ့သည်။

ယခုလအတွင်းတွင်ပင် ကောင်းတပ်ကျေးရွာ ပြန်လည်ထူထောင်ရေးအတွက် KIO/KIA က ကျပ်သိန်း ၅၅၀၊ “ဝ”တပ်ဖွဲ့-UWSA နှင့် ရှမ်းတပ်ဖွဲ့ – SSPP က ငွေသား ကျပ်သိန်း ၁၀၀ စီနှင့် ဆန်အိတ် ၂၀ တို့ကိုလည်း ကောင်းတပ်ကျေးရွာပြန်လည်ထူထောင်ရေးကော်မတီထံ ကူညီခဲ့သေးသည်။

ကောင်းတပ်ကျေးရွာ ပြန်လည်ထူထောင်ရေးကော်မတီ- Committee of KaungTap ကို မြေပြင်တွင်လက်ရှိ လုပ်ငန်းလုပ်ဆောင်နေသည့် ဌာနဆိုင်ရာများ၊ ဒေသခံများ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ အရပ်ဖက်အဖွဲစည်းများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

အလှူရှင်များအနေဖြင့် အလှူငွေများ(သို့) ကူညီပစ္စည်းများ ထည့်ဝင်ခြင်းဖြင့် ကူညီလိုပါက ကော်မတီ Page မှသော်လည်းကောင်း၊ ကောင်းတပ်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ဖွင့်လှစ်ထားသည့် အလှူခံဌာနတွင်လည်းကောင်း လာရောက်လှူဒါန်းနိုင်သည်ဟု ကောင်းတပ်ကျေးရွာ ပြန်လည်ထူထောင်ရေးကော်မတီက နှိုးဆော်ထားသည်။

တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားသည့် ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြိုနယ်၊ ကောင်းတပ်ရွာတွင် ပြီးခဲ့သည့် မေ ၃၁ ရက်က TNLA စီးပွားရေးဌာနပိုင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် ပြည်သူ ၆၁ ဦး သေဆုံးကာ ၁၅၀ ကျော်ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ထိုပေါက်ကွဲမှုအတွင်း နေအိမ်နှင့် အဆောက်အဦး ၆၈၀ ကျော်လည်း ပျက်စီးသွားသဖြင့် ပြန်လည်ထူထောင်ရန် အကူအညီလိုအပ်ဆဲ ဖြစ်သည်။

#MeKongNews
#ကောင်းတပ်ရွာ
#MNSP-AD
#MNDAA
#NDAA
#ဆေးပစ္စည်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now