ကမ္ဘာ့သတင်း

ယူကရိန်း ဒရုန်းတိုက်ခိုက်မှု ရုရှားတွင် ၄ ဦးသေဆုံး၊ အကြီးမားဆုံး တိုက်ခိုက်မှု မော်စကို ရင်ဆိုင်ခဲ့ရ

မဲခေါင် 18 May - 2026
မဲခေါင်၊ မေ ၁၈ တစ်နှစ်‌ကျော်ကာလအတွင်း ရုရှားမြို့တော် မော်စကိုအပေါ် အကြီးမားဆုံး ညပိုင်း ဒရုန်းတိုက်ခိုက်မှုကို ယူကရိန်းက လုပ်ဆောင်ခဲ့ပြီးနောက် မော်စကိုဒေသမှ ၃ ဦး အပါအဝင် လူ ၄ ဦး သေဆုံးခဲ့ကြောင်း ဒေသန္တရ အရာရှိများက ပြောကြားကြသည်။ ယူကရိန်း အရှေ့မြောက်ပိုင်းဒေသနှင့် ထိစပ်နေသော ရုရှား ဘယ်လ်ဂိုရော့ဒေသတွင် လူတစ်ဦး သေဆုံးသွားခဲ့သည်ဟု ဒေသအာဏာပိုင်များက ပြောကြားကြသည်။ ထိုအတောအတွင်းမှာပင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ယူကရိန်းဒရုန်း တစ်ထောင်ကျော်ကို ပစ်ချခဲ့သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့ နေ့လယ်ပိုင်းတွင် ပြောကြားသည်။ လွန်ခဲ့သော ၄ နှစ်ကျော်က စတင်ခဲ့သော စစ်ပွဲတွင် ယူကရိန်းမြို့တော် ကိဗ်အပေါ် အကြီးမားဆုံး

မဲခေါင်၊ မေ ၁၈

တစ်နှစ်‌ကျော်ကာလအတွင်း ရုရှားမြို့တော် မော်စကိုအပေါ် အကြီးမားဆုံး ညပိုင်း ဒရုန်းတိုက်ခိုက်မှုကို ယူကရိန်းက လုပ်ဆောင်ခဲ့ပြီးနောက် မော်စကိုဒေသမှ ၃ ဦး အပါအဝင် လူ ၄ ဦး သေဆုံးခဲ့ကြောင်း ဒေသန္တရ အရာရှိများက ပြောကြားကြသည်။

ယူကရိန်း အရှေ့မြောက်ပိုင်းဒေသနှင့် ထိစပ်နေသော ရုရှား ဘယ်လ်ဂိုရော့ဒေသတွင် လူတစ်ဦး သေဆုံးသွားခဲ့သည်ဟု ဒေသအာဏာပိုင်များက ပြောကြားကြသည်။

ထိုအတောအတွင်းမှာပင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ယူကရိန်းဒရုန်း တစ်ထောင်ကျော်ကို ပစ်ချခဲ့သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့ နေ့လယ်ပိုင်းတွင် ပြောကြားသည်။

လွန်ခဲ့သော ၄ နှစ်ကျော်က စတင်ခဲ့သော စစ်ပွဲတွင် ယူကရိန်းမြို့တော် ကိဗ်အပေါ် အကြီးမားဆုံး ဒရုန်းနှင့် ဒုံးကျည်တိုက်ခိုက်မှုများကို ရုရှားက ၂ ရက်ဆက်တိုက် လုပ်ဆောင်ခဲ့ပြီးနောက် ထိုလုပ်ရပ်များကို လက်တုံ့ပြန်သွားမည်ဟု ယူကရိန်းသမ္မတ ဇီလန်စကီးက သောကြာနေ့တွင် ကြုံးဝါးခဲ့ပြီးနောက် မော်စကိုမြို့အပေါ် အကြီးမားဆုံး တိုက်ခိုက်မှု ဖြစ်ပေါ်လာခဲ့သည်။

ရုရှားက စစ်ပွဲကို ဆက်လက် သက်ဆိုးရှည်အောင် လုပ်ဆောင်ထားခြင်းနှင့် မိမိတို့ မြို့ကြီးများနှင့် ရပ်ရွာအသိုင်းအဝိုင်းများကို တိုက်ခိုက်ခဲ့ခြင်းအတွက် ယူကရိန်း၏ တုံ့ပြန်မှုမှာ တရားမျှတမှု ရှိသည်ဟု ဆိုနိုင်ကြောင်း ဇီလန်စကီးက ပြောကြားသည်။

မော်စကိုမြို့အနီးတွင် လေကြောင်းရန် ကာကွယ်ရေးစနစ်များ ထူထပ်စွာ ချထားသော်လည်း ကီလိုမီတာ ၅၀၀ ကျော် အကွာအဝေးမှ ပစ်မှတ်များကို ယူကရိန်းက တိုက်ခိုက်နိုင်သည်ဟုလည်း ဇီလန်စကီးက ဆက်ပြောသည်။

“သူတို့အစိုးရက စစ်ပွဲကို အဆုံးသတ်ရမယ်ဆိုတာကို ကျနော်တို့က ရုရှားနိုင်ငံသားတွေကို ရှင်းလင်းစွာ ပြောကြားနေပါတယ်” ဟု ဇီလန်စကီးက ပြောသည်။

ယူကရိန်းက အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်နေသည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက စွပ်စွဲပြောကြားသည်။

ဥရောပသမဂ္ဂ၏ ငွေကြေးထောက်ပံ့မှုများဖြင့် ကိဗ်အစိုးရက ယူရိုဗစ်ရှင်း(သီချင်းဆိုပြိုင်ပွဲ) သံစဉ်များဖြင့် ကြီးမားကျယ်ပြန့်သော အကြမ်းဖက် တိုက်ခိုက်မှုတစ်ခုကို ထပ်မံ ကျူးလွန်ခဲ့သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စက်မာရီယာဇာခါရိုဗာက ပြောကြောင်း ရုရှားအစိုးရ တာ့စ်သတင်းဌာနက ဖော်ပြသည်။

သို့ရာတွင် အရပ်သားများအား ပစ်မှတ်ထားသည်ဆိုခြင်းကို ၂ ဖက်စလုံးက ငြင်းဆိုကြသည်။

အေးကျော်
Ref:Reuters
#MeKongNews
#ယူကရိန်း
#ဒရုန်းတိုက်ခိုက်မှု
#ရုရှား
#မော်စကို

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now