မဲခေါင်၊ မေ ၁၃
အီရန်စစ်ပွဲ အဆုံးသတ်ရေးကိစ္စတွင် ၎င်းအနေဖြင့် တရုတ်၏ အကူအညီ မလိုအပ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အခိုင်အမာပြောကြားသော်လည်း ရှီကျင့်ဖျင်နှင့် ထိပ်သီးတွေ့ဆုံမှုတွင် အီရန်အရေးကို ကျယ်ပြန့်စွာ ဆွေးနွေးသွားမည်ဟုလည်း ဆက်ပြောသည်။
“အဲဒီအကြောင်းအရာကို ကျနော်တို့ ပြောကြဆိုကြမှာပါ” ဟု ပေကျင်းသို့ မထွက်ခွာမီ ထရမ့်က သတင်းထောက်များအား ပြောကြားသည်။
တရုတ်နိုင်ငံသည် အီရန်၏ ထိပ်တန်း စီးပွားရေးမိတ်ဖက်ဖြစ်ကာ အီရန်၏ ရေနံအများစုကို ဝယ်ယူအားပေးနေပြီး သံတမန်ရေးအရလည်း ထောက်ခံနေသည်။
သို့သော် အမေရိကန် – အစ္စရေးတို့၏ ကြီးမားသောတိုက်ခိုက်မှုများဖြင့် လွန်ခဲ့သော ၂ လခွဲကျော်က စတင်ခဲ့ပြီး ဟောမုဇ်ရေလက်ကြား သင်္ဘောသွားလာမှု ထိန်းချုပ်ရေးကိစ္စကြောင့် လိပ်ခဲတည်းလည်းဖြစ်နေသော ပဋိပက္ခမှ ပြန်ထွက်ရေးတွင် ရှီကျင့်ဖျင်၏ အကူအညီ မလိုအပ်ကြောင်း ထရမ့်က အလေးအနက်ပြောသည်။
“ကျနော်တို့မှာ ဆွေးနွေးစရာတွေ အများကြီးရှိပါတယ်။ အဲဒီအထဲမှာ အီရန်ကိစ္စပါတယ်လို့ မပြောချင်ပါဘူး။ ခင်ဗျားတို့ကို ရိုးရိုးသားသားပြောရရင် ကျနော်တို့က အီရန်ကို ကောင်းကောင်းထိန်းချုပ်ထားနိုင်လို့ ဖြစ်ပါတယ်။ ကျနော်တို့က သဘောတူညီချက် လုပ်ရင်လုပ် ဒါမှမဟုတ် သူတို့က မျိုးတုံးသွားပါတော့မယ်” ဟု ထရမ့်က ဆက်ပြောသည်။
အေးကျော််
Ref:AFP
#MeKongNews
#အီရန်အရေး
#တရုတ်
#အကူအညီ
#ထရမ့်








