ကမ္ဘာ့သတင်း

ဟောမုဇ်ရေလက်ကြားဖြတ် သင်္ဘောများ စောင့်ရှောက်ရေးအစီအစဉ် ထရမ့် ရပ်တန့်

မဲခေါင် 6 May - 2026
မဲခေါင်၊ မေ ၆ အီရန်နှင့် ကျယ်ပြန့်သော သဘောတူညီချက် ရရှိရန် ကြီးမားသော တိုးတက်မှုများကို အကြောင်းပြ၍ ဟောမုဇ်ရေလက်ကြားဖြတ် သင်္ဘောများကို လိုက်ပါ ကူညီစောင့်ရှောက် ပေးမည့် အစီအစဉ်ကို ခေတ္တရပ်တန့်ထားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားသည်။ ယင်းမတိုင်မီ နာရီပိုင်းတွင် သောင်တင်နေသော သင်္ဘောများအား ရေလက်ကြားမှ လိုက်ပါစောင့်ရှောက်ရေး တနင်္လာနေ့က စတင်ခဲ့သော အစီအစဉ်ကို နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ချပြခဲ့သည်။ အီရန်အပေါ် ပိတ်ဆို့မှုများ အပြည့်အဝဆက်ရှိနေစဉ် အီရန်နှင့် သဘောတူညီချက်ကို အပြီးသတ်ကာ လက်မှတ်ရေးထိုးနိုင်မည်လာဆိုခြင်းကို စောင့်ကြည့်ရန် လွတ်လပ်မှုပရောဂျက်ကို ခေတ္တရပ်တန့်ထားရန် မိမိတို့နှစ်ဖက်စလုံး သဘောတူညီထားကြောင်း ဒေါ်နယ်ထရမ့်က လူမှုမီဒီယာပေါ်၌ ရေးသားသည်။ တီဟီရန်ဘက်ကမူ မည်သည့်တုံ့ပြန်မှုမှ

မဲခေါင်၊ မေ ၆

အီရန်နှင့် ကျယ်ပြန့်သော သဘောတူညီချက် ရရှိရန် ကြီးမားသော တိုးတက်မှုများကို အကြောင်းပြ၍ ဟောမုဇ်ရေလက်ကြားဖြတ် သင်္ဘောများကို လိုက်ပါ ကူညီစောင့်ရှောက် ပေးမည့် အစီအစဉ်ကို ခေတ္တရပ်တန့်ထားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားသည်။

ယင်းမတိုင်မီ နာရီပိုင်းတွင် သောင်တင်နေသော သင်္ဘောများအား ရေလက်ကြားမှ လိုက်ပါစောင့်ရှောက်ရေး တနင်္လာနေ့က စတင်ခဲ့သော အစီအစဉ်ကို နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ချပြခဲ့သည်။

အီရန်အပေါ် ပိတ်ဆို့မှုများ အပြည့်အဝဆက်ရှိနေစဉ် အီရန်နှင့် သဘောတူညီချက်ကို အပြီးသတ်ကာ လက်မှတ်ရေးထိုးနိုင်မည်လာဆိုခြင်းကို စောင့်ကြည့်ရန် လွတ်လပ်မှုပရောဂျက်ကို ခေတ္တရပ်တန့်ထားရန် မိမိတို့နှစ်ဖက်စလုံး သဘောတူညီထားကြောင်း ဒေါ်နယ်ထရမ့်က လူမှုမီဒီယာပေါ်၌ ရေးသားသည်။

တီဟီရန်ဘက်ကမူ မည်သည့်တုံ့ပြန်မှုမှ ချက်ခြင်း ထွက်ပေါ်မလာသေးကြောင်း ရိုက်တာသတင်းက ဆိုသည်။

ထရမ့်၏ ပို့စ်ထွက်ပေါ်ပြီးနောက် ရေနံဈေး တစ်စည်လျှင် ဒေါ်လာ ၁၀၀ အောက်သို့ ကျဆင်းသွားခဲ့သော်လည်း မည်သည့်တိုးတက်မှု ရသည်ဆိုခြင်း နှင့် ရပ်တန့်မှု မည်မျှကြာမည်ကို မှတ်ချက်ပေးရန် တောင်းဆိုမှုကို အိမ်ဖြူတော်က ချက်ခြင်း မတုံ့ပြန်ခဲ့ပေ။

ရေလက်ကြားဖြတ် သင်္ဘောများကို အီရန်က ထိန်းချုပ်ခြင်းကို ခွင့်ပြုမည်မဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနှင့် အခြားအရာရှိကြီးများက အစောပိုင်းတွင် ပြောကြားကြသည်။

မိုင်းများ၊ ဒရုန်းများ၊ ဒုံးကျည်များ၊ အမြန်တိုက်ခိုက်ရေး ရေယာဉ်များဖြင့် တိုက်ခိုက်သွားနိုင်ကြောင်း အီရန်က ခြိမ်းခြောက်သလို လက်တွေ့ တိုက်ခိုက်မှုများလည်း လုပ်၍ ဟောမုဇ်ရေလက်ကြားကို အီရန်က ထိရောက်စွာ ပိတ်ဆို့ထားခဲ့သည်။

အမေရိကန်ကလည်း အီရန် ဆိပ်ကမ်းသို့ အဝင်၊ အထွက်လုပ်သော သင်္ဘောများကို ရေတပ်ဖြင့် ပိတ်ဆို့ထားပြီး အခြားကုန်တင်သင်္ဘောများအား လိုက်ပါစောင့်ရှောက်ရန် ကြိုးပမ်းခဲ့သည်။

သို့သော် အမေရိကန် ရေတပ်သင်္ဘောများ ရေလက်ကြားသို့ ဝင်ရောက်လာခဲ့ပါက ပစ်ခတ်တိုက်ခိုက်သွားမည် ဖြစ်ကြောင်း အီရန်က သတိပေးထားပြီး လွတ်လပ်မှုပရောဂျက် စတင်သော တနင်္လာနေ့မှာပင် ကုန်တင်သင်္ဘောများကိုပါ ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။

တနင်္လာနေ့တွင် အီရန်၏ ရေယာဉ်ငယ်များ၊ ဒုံးကျည်များနှင့် ဒရုန်းများကို ဖျက်ဆီးပစ်ခဲ့သည်ဟု အမေရိကန်ရေတပ်က ပြောသည်။

အေးကျော်
Ref: Reuters
#MeKongNews
#ဟောမုဇ်ရေလက်ကြား
#သင်္ဘောများ
#စောင့်ရှောက်ရေး
#ထရမ့်
#ရပ်တန့်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now