နေ့စဥ်သတင်း

လားရှိုး ကုန်စုံဆိုင် ပြန်ပေးဆွဲမှုမှ စခန်းမှူးဟောင်း ဒုရဲမှူးညိုဝင်း ကျပ်သိန်း ၁၀၀၀ လာဘ်စားပြီး ခရိုင် CRO အဖြစ် ပြောင်းရွှေ့

မဲခေါင် 3 May - 2026
မဲခေါင်၊ မေ ၃ လားရှိုးမြို့တွင် ဖေဖော်ဝါရီလ ၂၇ရက်က ဖြစ်ပွားသည့် ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီး ပြန်ပေးဆွဲခံရသည့် အမှုတွင် ထိုစဉ် စခန်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဒုရဲမှူးညိုဝင်းက ပြန်ပေးသမားများထံမှ ကျပ်ငွေ သိန်း ၁၀၀၀ ကို ပြန်လည်တောင်းယူပြီး ပိုင်ရှင်ထံ ပြန်မပေးဘဲ လာဘ်စားသွားကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ပြောသည်။ ပြန်ပေးသမား ၄ဦးမှာ ဖေဖော်ဝါရီ ၂၄ ရက် ညနေ ၄ နာရီခွဲတွင် လားရှိုးမြို့ ရပ်ကွက် (၅) ရှိ ‘တွမ်ဂျားကုန်စုံ ဆိုင်’မှ အသက် ၂၃ နှစ်အရွယ် မယဥ်ယဥ်ထွန်းကို ပြန်ပေးဆွဲသွားပြီး ကျပ်သိန်း ၁၀၀၀ တောင်းကာ

မဲခေါင်၊ မေ ၃

လားရှိုးမြို့တွင် ဖေဖော်ဝါရီလ ၂၇ရက်က ဖြစ်ပွားသည့် ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီး ပြန်ပေးဆွဲခံရသည့် အမှုတွင် ထိုစဉ် စခန်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဒုရဲမှူးညိုဝင်းက ပြန်ပေးသမားများထံမှ ကျပ်ငွေ သိန်း ၁၀၀၀ ကို ပြန်လည်တောင်းယူပြီး ပိုင်ရှင်ထံ ပြန်မပေးဘဲ လာဘ်စားသွားကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ပြောသည်။

ပြန်ပေးသမား ၄ဦးမှာ ဖေဖော်ဝါရီ ၂၄ ရက် ညနေ ၄ နာရီခွဲတွင် လားရှိုးမြို့ ရပ်ကွက် (၅) ရှိ ‘တွမ်ဂျားကုန်စုံ ဆိုင်’မှ အသက် ၂၃ နှစ်အရွယ် မယဥ်ယဥ်ထွန်းကို ပြန်ပေးဆွဲသွားပြီး ကျပ်သိန်း ၁၀၀၀ တောင်းကာ ယင်းငွေကို တာချီလိတ်ရှိ ငွေလဲဆိုင်တစ်ခုသို့ လွှဲခိုင်းခဲ့ကြောင်း၊ ပြန်ပေးသမားများကို ဖေဖော်ဝါရီလ ၂၇ရက် နေ့လယ်ပိုင်းတွင် ဖမ်းမိပြီး ထိုစဉ်စခန်းမှူး ဒုရဲမှူး ညိုဝင်းက တာချီလိတ်ငွေလဲဆိုင်မှ ကျပ်သိန်း ၁၀၀၀ ကို အကောင်တစ်ခုထဲသို့ ပြန်လွှဲခိုင်းခဲ့ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“အမှုပေါ်ပြီး ပြန်ပေးသမားတွေကိုမိတော့ အဲဒီသိန်းတစ်ထောင်က ပြန်ပေးသမားက တာချီလိတ်က ငွေလဲလုပ်တဲ့ ဆိုင်တစ်ခုကိုလွှဲပြီး ဘတ်နဲ့လဲထုတ်တာပေါ်လို့ အဲဒီငွေလဲဆိုင်ကို ညိုဝင်းက ဖုန်းဆက်ငွေညှစ်တယ်။ သိန်းတစ်ထောင်ကို ညိုဝင်းပြောတဲ့ အကောင့်တစ်ခုထဲ လွှဲပေးရတယ်။ ညိုဝင်းဆီ သိန်းတစ်ထောင် မပို့ရင် အဲဒီငွေလဲဆိုင်ပိုင်ရှင်ကို ဖမ်းမယ်တဲ့။ ငွေလဲဆိုင်ပိုင်ရှင်ရဲ့ ငွေလွှဲလုပ်တဲ့အကောင့်ကိုလည်း ပိတ်ထားတာ အခုထိမဖွင့်ပေးသေးဘူးတဲ့။ အခု ညိုဝင်းကို ငွေလဲဆိုင်ပိုင်ရှင်က သိန်းတစ်ထောင် လွှဲပြီးပြီ။ သူက ထပ်အဖမ်းခံရမှာ ကြောက်လို့ လွှဲပေးလိုက်တာ။ ဒါပေမဲ့ ငွေလဲဆိုင်ပိုင်ရှင်ရဲ့ လုပ်ငန်းလုပ်နေတဲ့အကောင့်ကို အခုထိ ဖွင့်မပေးဘူး။ သိန်းတစ်ထောင်ကို ပြန်ပေးဆွဲခံရတဲ့ ကောင်မလေးကိုလည်း ပြန်မပေးဘူး” ဟု ၎င်းက ပြောသည်။

ယင်းဖြစ်စဉ် ဖြစ်ပွားပြီးနောက် ဒုရဲမှူးညိုဝင်းမှာ လားရှိုးမြို့မ ရဲစခန်းမှူး နေရာမှ လားရှိုးခရိုင်ရဲရုံး မှုခင်းမှတ်တမ်း – CRO အဖြစ် ပြောင်းရွှေ့သွားကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

ပြန်ပေးဆွဲမှုမှာ ဖေဖော်ဝါရီ ၂၄ ရက် ညနေ ၄ နာရီခွဲတွင် လားရှိုးမြို့၊ ရပ်ကွက် (၅) ရှိ ‘တွမ်ဂျားကုန်စုံ ဆိုင်’မှ အသက် ၂၃ နှစ်အရွယ် မယဥ်ယဥ်ထွန်းကို Crown အဖြူရောင်ဖြင့် လာသည့် အမျိုးသား ၃ ဦး ဆိုင်ထဲဝင်လာပြီး သေနတ်ထောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး မယဥ်ယဥ်ထွန်းမှာ ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြန်လည် လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။

#MeKongNews
#လားရှိုး
#ပြန်ပေးဆွဲမှု
#ဒုရဲမှူးညိုဝင်း
#စခန်းမှူး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now