ကမ္ဘာ့သတင်း

တစ်နာရီ မိုင် ၄၃၀ နှုန်း ပျံသန်းနိုင်သည့် ဗြိတိန်၏ Shahed အသေခံဒရုန်းသစ် အရှေ့အလယ်ပိုင်းတွင် စမ်းသပ်မှု အောင်မြင်

မဲခေါင် 3 May - 2026
မဲခေါင်၊ မေ ၃ Skyhammer ဟု အမည်ပေးထားသော ကြားဖြတ်အသေခံ Shahed ဒရုန်းသစ်ကို ဗြိတိန်စစ်တပ်က အရှေ့အလယ်ပိုင်းဒေသအတွင်း အောင်မြင်စွာ စမ်းသပ် တီထွင်လိုက်နိုင်ကာ တစ်နာရီ မိုင် ၄၃၀ နှုန်း ပျံသန်းနိုင်သည်ဟု သိရှိရသည်။ ယင်းဒရုန်းကို ကိန်းဘရစ်ချ်အာကာသဌာနမှ စတင်တီထွင်ခြင်းဖြစ်ကာ အကွာအဝေး အမြင့်ဆုံး ၃၀ ကီလိုမီတာသာ သွားနိုင်သော်လည်း အလျင်မှာ တစ်နာရီ မိင် ၄၃၀ ရှိသဖြင့် ယူကေ၏ နောက်ဆုံးပေါ် နည်းပညာ အောင်မြင်မှုအဖြစ် သတ်မှတ်ခဲ့ကြသည်။ စမ်းသပ်မှုများကို ဂျော်ဒန်နိုင်ငံတွင် ပြုလုပ်ခဲ့ပြီး ဂျော်ဒန်အပါအဝင် အရှေ့အလယ်ပိုင်းဒေသမှ မဟာမိတ်နိုင်ငံများ ကာကွယ်ရေးအတွက် အဓိက ထောက်ပံ့ အသုံးပြုသွားရန် ရည်ရွယ်သည်ဟု ဗြိတိန်စစ်ရေးအကြီးအကဲ

မဲခေါင်၊ မေ ၃

Skyhammer ဟု အမည်ပေးထားသော ကြားဖြတ်အသေခံ Shahed ဒရုန်းသစ်ကို ဗြိတိန်စစ်တပ်က အရှေ့အလယ်ပိုင်းဒေသအတွင်း အောင်မြင်စွာ စမ်းသပ် တီထွင်လိုက်နိုင်ကာ တစ်နာရီ မိုင် ၄၃၀ နှုန်း ပျံသန်းနိုင်သည်ဟု သိရှိရသည်။

ယင်းဒရုန်းကို ကိန်းဘရစ်ချ်အာကာသဌာနမှ စတင်တီထွင်ခြင်းဖြစ်ကာ အကွာအဝေး အမြင့်ဆုံး ၃၀ ကီလိုမီတာသာ သွားနိုင်သော်လည်း အလျင်မှာ တစ်နာရီ မိင် ၄၃၀ ရှိသဖြင့် ယူကေ၏ နောက်ဆုံးပေါ် နည်းပညာ အောင်မြင်မှုအဖြစ် သတ်မှတ်ခဲ့ကြသည်။

စမ်းသပ်မှုများကို ဂျော်ဒန်နိုင်ငံတွင် ပြုလုပ်ခဲ့ပြီး ဂျော်ဒန်အပါအဝင် အရှေ့အလယ်ပိုင်းဒေသမှ မဟာမိတ်နိုင်ငံများ ကာကွယ်ရေးအတွက် အဓိက ထောက်ပံ့ အသုံးပြုသွားရန် ရည်ရွယ်သည်ဟု ဗြိတိန်စစ်ရေးအကြီးအကဲ လုခ်ပိုလက်ခ်က ပြောသည်။

ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနသည် ကိန်းဘရစ်ချ်အာကာသသိပ္ပံဌာနနှင့် လက်နက်ထုတ်လုပ်ရေး ကန်ထရိုက်စာချုပ်များစွာ ချုပ်ဆိုခဲ့ပြီး ၂၀၂၇ ခုနှစ်မှ စတင်ကာ နိုင်ငံကာကွယ်ရေး အသုံးစားရိတ်အား စုစုပေါင်း ဂျီဒီပီ၏ ၂ ဒသမ ၆ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲသွားရန် ဆုံးဖြတ်ခဲ့သည်။

ယခုတီထွင်လိုက်သည့် ယင်းအသေခံဒရုန်းကို အီရန်၏ ဒေသတွင်း ပစ်ခတ် ခြိမ်းခြောက်မှုများအတွက် အကာအကွယ်ရရေး ဦးတည်ကာ ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ခဲ့ခြင်း ဖြစ်ကာ ကုန်ကျစားရိတ် များသော်လည်း ထိရောက်မှုပိုင်းနှင့် ယှဉ်လျှင် ထိုက်တန်သည်ဟု ကိန်းဘရစ်ချ်အာကာသဌာန စီအီးအို စတီဗင်ဘာရတ်က ပြောဆိုခဲ့သည်။

ဖေဖော်ဝါရီ ၂၈ ရက်ကတည်းကစပြီး အီရန်ကို အမေရိကန်နှင့် အစ္စရေးတို့ စတင်တိုက်ခိုက် ပြီးနောက် ပင်လယ်ကွေ့ဒေသနိုင်ငံများသို့ အီရန်ဘက်မှ ဒုံးကျည်များဖြင့် မဆင်မခြင် တိုက်ခိုက်နေကာ မတ် ၁ ရက်က ဆိုက်ပရပ်စ်တွင် အခြေစိုက်ထားသော ဗြိတိန် တော်ဝင်လေတပ် အက်ကရိုတီရီစခန်းကိုလည်း အီရန်ဒုံးကျည်နှင့် ဒရုန်းများ တိုက်ခိုက်ခဲ့ကြသေးသည်။

ကိုကလင်း
Ref:Thesun
#MeKongNews
#ဗြိတိန်
#Shahed
#အသေခံဒရုန်းသစ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now