မဲခေါင်၊ ဧပြီ ၃၀
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ယနေ့ ဧပြီလ ၃၀ ရက် နေ့လယ်ပိုင်းက ၅ တန်းကျောင်းသူတစ်ဦး နေအိမ်၌ ကြိုးဆွဲချသေဆုံးခဲ့ကြောင်း သိရသည်။
ယနေ့ နေ့လယ် ၂ နာရီဝန်းကျင်တွင် တာချီလိတ်မြို့၊ ဆန်ဆိုင်း (ခ) ရပ်ကွက်၊ အိမ်အမှတ် (၁/၁၁၉) နေအိမ်၌ အသက် ၁၃ နှစ်အရွယ် ၅ တန်းကျောင်းသူသည် နေအိမ်အတွင်း ကြိုးဆွဲချသေဆုံးခဲ့ခြင်း ဖြစ်သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက လာရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး သေဆုံးသူ၏ ရုပ်အလောင်းကို လူမှုကူညီရေးအသင်းက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#MeKongNews
#တာချီလိတ်
#ကြိုးဆွဲချ
#သတ်သေမှု
#ကလေးငယ်








