နေ့စဥ်သတင်း

အီရန်အပေါ် ရေတပ်ပိတ်ဆို့မှု လချီ ကြာနိုင်ကြောင်း ထရမ့် သတိပေးမှုကြောင့် ရေနံဈေးနှုန်းများ ထိုးတက်

မဲခေါင် 30 Apr - 2026
မဲခေါင်၊ ဧပြီ ၃၀ အီရန်နိုင်ငံအပေါ် အမေရိကန်ရေတပ်၏ ပိတ်ဆို့မှုများသည် လနှင့်ချီ၍ ကြာမြင့်နိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီးနောက် ရေနံဈေးနှုန်းများ ၄ နှစ်အတွင်း အမြင့်ဆုံးထိုးတက်သွားခဲ့သည်။ အီရန်ဆိပ်ကမ်းများသို့ သင်္ဘောများ အဝင်အထွက်ကို ပိတ်ဆို့ထားခြင်းသည် ဗုံးကြဲတိုက်ခိုက်မှုများထက် ပို၍ ထိရောက်မှုရှိကြောင်း အင်္ဂါနေ့က ရေနံလုပ်ငန်း အမူဆောင်အရာရှိများနှင့် တွေ့ဆုံချိန်တွင် ဒေါ်နယ်ထရမ့်က ပြောကြားသည်။ အမေရိကန်က သဘောတူညီချက်များ ရယူလိုလျှင် ၎င်းပိတ်ဆို့မှုကို အဆုံးသတ်ရမည်ဟု အီရန်က ပြောကြားထားသည်။ ထိုအစည်းအဝေး၌ ကမ္ဘာလုံးဆိုင်ရာ ရေနံဈေးကွက်များအပေါ် သက်ရောက်မှု လျော့ပါးရေး ၎င်းကြိုးပမ်းနေမှုများနှင့် လိုအပ်ပါက အီရန်အပေါ် တားဆီးပိတ်ဆို့မှုများ လနှင့်ချီ၍ ကြာမြင့်ခဲ့လျှင် အမေရိကန်က လုပ်ဆောင်နိုင်သော ခြေလှမ်းများအကြောင်းအပြင် အမေရိကန်

မဲခေါင်၊ ဧပြီ ၃၀

အီရန်နိုင်ငံအပေါ် အမေရိကန်ရေတပ်၏ ပိတ်ဆို့မှုများသည် လနှင့်ချီ၍ ကြာမြင့်နိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီးနောက် ရေနံဈေးနှုန်းများ ၄ နှစ်အတွင်း အမြင့်ဆုံးထိုးတက်သွားခဲ့သည်။

အီရန်ဆိပ်ကမ်းများသို့ သင်္ဘောများ အဝင်အထွက်ကို ပိတ်ဆို့ထားခြင်းသည် ဗုံးကြဲတိုက်ခိုက်မှုများထက် ပို၍ ထိရောက်မှုရှိကြောင်း အင်္ဂါနေ့က ရေနံလုပ်ငန်း အမူဆောင်အရာရှိများနှင့် တွေ့ဆုံချိန်တွင် ဒေါ်နယ်ထရမ့်က ပြောကြားသည်။

အမေရိကန်က သဘောတူညီချက်များ ရယူလိုလျှင် ၎င်းပိတ်ဆို့မှုကို အဆုံးသတ်ရမည်ဟု အီရန်က ပြောကြားထားသည်။

ထိုအစည်းအဝေး၌ ကမ္ဘာလုံးဆိုင်ရာ ရေနံဈေးကွက်များအပေါ် သက်ရောက်မှု လျော့ပါးရေး ၎င်းကြိုးပမ်းနေမှုများနှင့် လိုအပ်ပါက အီရန်အပေါ် တားဆီးပိတ်ဆို့မှုများ လနှင့်ချီ၍ ကြာမြင့်ခဲ့လျှင် အမေရိကန်က လုပ်ဆောင်နိုင်သော ခြေလှမ်းများအကြောင်းအပြင် အမေရိကန် စားသုံးသူများအပေါ် ထိခိုက်မှု အနည်းဆုံး ဖြစ်အောင် လုပ်ဆောင်ရေးကို ထရမ့်က ဆွေးနွေးခဲ့ကြောင်း အမည်ဖော်လိုသူ အိမ်ဖြူတော် အရာရှိကြီးတစ်ဦးက ပြောကြားသည်။

အီရန်အပေါ် ရေတပ်ဖြင့် ပိတ်ဆို့ထားမှုအကြောင်း Axios အွန်လိုင်းသတင်းဌာနကို ပြောကြားရာတွင်လည်း “သူတို့က ချုပ်နှောင်ခံထားရတဲ့ ဝက်တစ်ကောင်လို အသက်ရှုကျပ်နေပါပြီ။ နောက်ဆို ပိုဆိုးဖို့ပဲ ရှိတယ်” ဟု ထရမ့်က ပြောသည်။

ထို့နောက်တွင် Brent စံနှုန်း ရေနံဈေးနှုန်းသည် ၇ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်သွားကာ တစ်စည်လျှင် ၁၁၉ ဒသမ ၆၉ ဒေါ်လာသို့ ရောက်ရှိသွားခဲ့သည်။

ယင်းမှာ ၂၀၂၂ ခုနှစ်က ယူကရိန်းစစ်ပွဲ စတင်ပြီးနောက်ပိုင်း အမြင့်ဆုံးဈေး ဖြစ်သည်။

အီရန်ကလည်း တိုက်ခိုက်ခံခဲ့ရခြင်းအတွက် တန်ကြေးတစ်ခု ပြန်လည်ရယူနိုင်ရန် ကမ္ဘာ့ရေနံနှင့် ဓာတ်ငွေ့၊ ဓာတ်မြေဩဇာများအတွက် အဓိက လမ်းကြောင်းဖြစ်သည့် ဟောမုဇ်ရေလက်ကြားကို လည်မျိုညှစ်ထားခဲ့သည်။

ထိုအတောအတွင်းမှာပင် အီရန် စစ်ပွဲကြောင့် ဓာတ်မြေဩဇာ ဈေးနှုန်းများ မြင့်တက်လာခဲ့ခြင်းသည် နိုင်ငံပေါင်း ၁၆၀ မှ လူသန်းပေါင်း ၃၀ ခန့်ကို ဆင်းရဲတွင်းသို့ သက်ဆင်းသွားစေနိုင်သည်ဟု ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် – UNDP က သတိပေးပြောကြားသည်။

အီရန်စစ်ပွဲသည် ဖွံ့ဖြိုးတိုးတက်မှုကို နောက်ပြန်သွားစေခဲ့သည်ဟု UNDP အကြီးအကဲ အလက်ဆန်းဒါးဒီခရူးက ဆိုသည်။

အေးကျော်
Ref:AFP
#MeKongNews
#အီရန်
#ရေတပ်ပိတ်ဆို့မှု
#ထရမ့်
#ရေနံဈေးနှုန်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now