နေ့စဥ်သတင်း

လေပြင်းတိုက်ပြီးနောက် တာချီလိတ်တစ်ဖက်ကမ်း မယ်ဆိုင်ရှိ မှန်တံတား ယာယီပိတ်ထား

မဲခေါင် 28 Apr - 2026
မဲခေါင်၊ ဧပြီ ၂၈ တာချီလိတ်မြို့၏ တစ်ဖက်ကမ်း ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ရှိ ဦးအောင်ဇေယျမှန်တံတားဟု လူသိများသည့် Skywalk ကို ယနေ့မှစတင်ကာ ခေတ္တယာယီပိတ်ထားကြောင်း မယ်ဆိုင်ရောက် မြန်မာနိုင်ငံသားများထံမှ သိရသည်။ ယမန်နေ့ ဧပြီလ ၂၇ ရက် ညပိုင်းက မယ်ဆိုင်မြို့၌ လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် Wat Phra That Doi Wao (Skywalk) အနီးတစ်ဝိုက်တွင် ပျက်စီးဆုံးရှုံးမှုအချို့ ရှိခဲ့သည့်အတွက် ယခုကဲ့သို့ ပိတ်ထားခြင်းဖြစ်သည်။ “မှန်တံတားက မှန်တွေတော့ မပျက်ပါဘူး။ ဒါပေမဲ့ အပျက်အစီး ရှိ၊ မရှိ သေချာစစ်ဆေးနေပါတယ်။ ဘုရားဘက်က ထီးတော်မြေခတာအပြင် ရင်ပြင်တော်ပေါ်မှာလည်း ထိခိုက်တာတွေ ရှိနေတယ်။ ပြန်ဖွင့်ရင်

မဲခေါင်၊ ဧပြီ ၂၈

တာချီလိတ်မြို့၏ တစ်ဖက်ကမ်း ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ရှိ ဦးအောင်ဇေယျမှန်တံတားဟု လူသိများသည့် Skywalk ကို ယနေ့မှစတင်ကာ ခေတ္တယာယီပိတ်ထားကြောင်း မယ်ဆိုင်ရောက် မြန်မာနိုင်ငံသားများထံမှ သိရသည်။

ယမန်နေ့ ဧပြီလ ၂၇ ရက် ညပိုင်းက မယ်ဆိုင်မြို့၌ လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် Wat Phra That Doi Wao (Skywalk) အနီးတစ်ဝိုက်တွင် ပျက်စီးဆုံးရှုံးမှုအချို့ ရှိခဲ့သည့်အတွက် ယခုကဲ့သို့ ပိတ်ထားခြင်းဖြစ်သည်။

“မှန်တံတားက မှန်တွေတော့ မပျက်ပါဘူး။ ဒါပေမဲ့ အပျက်အစီး ရှိ၊ မရှိ သေချာစစ်ဆေးနေပါတယ်။ ဘုရားဘက်က ထီးတော်မြေခတာအပြင် ရင်ပြင်တော်ပေါ်မှာလည်း ထိခိုက်တာတွေ ရှိနေတယ်။ ပြန်ဖွင့်ရင် ကြေညာမယ်လို့ သိရတယ်၊ လတ်တလောမှာတော့ မှန်တံတားကို အလည်အပတ်သွားလို့ မရသေးပါဘူး” ဟု မယ်ဆိုင်မြို့နေသူတစ်ဦးက ပြောသည်။

တာဝန်ရှိသူများ၏ ကြေညာချက်တွင် လာရောက်လည်ပတ်သူများ ဘေးကင်းလုံခြုံစေရန်နှင့် လိုအပ်သည့် ပြန်လည်ပြုပြင်မှုများ လုပ်ဆောင်နိုင်ရန်အတွက် ယနေ့ ဧပြီလ ၂၈ ရက်နေ့မှစ၍ Skywalk သို့ ဝင်ရောက်ခွင့်ကို ယာယီပိတ်ထားမည်ဟု ဖော်ပြထားသည်။

ဘုရားကျောင်းနှင့် ပတ်ဝန်းကျင် ပြန်လည်ပြုပြင်ရေးလုပ်ငန်းများကို အရှိန်မြှင့် လုပ်ဆောင်သွားမည်ဖြစ်ပြီး၊ ပြန်လည်ဖွင့်လှစ်မည့် အချိန်ကို ထပ်မံကြေညာပေးသွားမည်ဟု ဆိုသည်။ ယင်းမှန်တံတားသည် မြန်မာဘက်မှ ထိုင်းဘက်သို့ အလည်အပတ်သွားရောက်သူတိုင်းလိုလို သွားရောက်လေ့ရှိသည့် အထင်ကရနေရာတစ်ခု ဖြစ်သည်။

#MeKongNews
#တာချီလိတ်
#မယ်ဆိုင်
#ဦးအောင်ဇေယျဘုရား
#လေပြင်းတိုက်
#မှန်တံတား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now