နေ့စဥ်သတင်း

အမေရိကန်နှင့် အပစ်ရပ်ရေးဆွေး‌နွေးပွဲ မတိုင်မီ အီရန်နိုင်ငံခြားရေးဝန်ကြီး ပါကစ္စတန်သို့ ရောက်ရှိ

မဲခေါင် 25 Apr - 2026
မဲခေါင်၊ ဧပြီ ၂၅ အမေရိကန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပြန်လည်စတင်ရန် အဆိုပြုချက်များကို ဆွေးနွေးရန် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရက်ချီ သည် ပါကစ္စတန်နိုင်ငံ အစ္စလာမာဘတ်မြို့သို့ရောက်ရှိလာခဲ့သည်။ တစ်ဖက်တွင်လည်း အာရက်ချီက အမေရိကန် ညှိနှိုင်းသူများနှင့် တွေ့ဆုံမည်လားဆိုခြင်းအပေါ် အီရန်ဘက်က အမျိုးမျိုးပြောဆိုနေသည်။ အာရက်ချီသည် အစ္စလာမာဘတ်မြို့တွင် အမေရိကန်ညှိနှိုင်းသူများနှင့် တွေ့မည် မဟုတ်ကြောင်း ပါကစ္စတန် သတင်းရင်းမြစ်များက ပြောကြားနေချိန်တွင် အမေရိကန် အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဗ် နှင့် ဂျာရက်ကုရှ်နာတို့သည် အာရက်ချီနှင့်ဆွေးနွေးရန် ပါကစ္စတန်သို့ သွားရောက်ကြမည်ဖြစ်ကြောင်း အိမ်ဖြူတော် ပြောခွင့်ရအမျိုးသမီး ကယ်ရိုလင်းလီဗစ်က ပြောသည်။ အီရန်ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိလာကြောင်းကို ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးက အတည်ပြုခဲ့ပြီး အာရက်ချီသည် ပါကစ္စတန်အရာရှိများနှင့် တွေ့ဆုံကာ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများကို

မဲခေါင်၊ ဧပြီ ၂၅

အမေရိကန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပြန်လည်စတင်ရန် အဆိုပြုချက်များကို ဆွေးနွေးရန် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရက်ချီ သည် ပါကစ္စတန်နိုင်ငံ အစ္စလာမာဘတ်မြို့သို့ရောက်ရှိလာခဲ့သည်။

တစ်ဖက်တွင်လည်း အာရက်ချီက အမေရိကန် ညှိနှိုင်းသူများနှင့် တွေ့ဆုံမည်လားဆိုခြင်းအပေါ် အီရန်ဘက်က အမျိုးမျိုးပြောဆိုနေသည်။

အာရက်ချီသည် အစ္စလာမာဘတ်မြို့တွင် အမေရိကန်ညှိနှိုင်းသူများနှင့် တွေ့မည် မဟုတ်ကြောင်း ပါကစ္စတန် သတင်းရင်းမြစ်များက ပြောကြားနေချိန်တွင် အမေရိကန် အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဗ် နှင့် ဂျာရက်ကုရှ်နာတို့သည် အာရက်ချီနှင့်ဆွေးနွေးရန် ပါကစ္စတန်သို့ သွားရောက်ကြမည်ဖြစ်ကြောင်း အိမ်ဖြူတော် ပြောခွင့်ရအမျိုးသမီး ကယ်ရိုလင်းလီဗစ်က ပြောသည်။

အီရန်ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိလာကြောင်းကို ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးက အတည်ပြုခဲ့ပြီး အာရက်ချီသည် ပါကစ္စတန်အရာရှိများနှင့် တွေ့ဆုံကာ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများကို ဆွေးနွေးလိမ့်မည်ဟု ပြောကြားသည်။

အစ္စလာမာဘတ် ဆွေးနွေးပွဲများ အောင်မြင်ခဲ့ပါက စစ်ပွဲအဆုံးသတ်ရေး ယခုလစောစောပိုင်းက ကျင်းပခဲ့သော ပထမအကျော့ ဆွေးနွေးပွဲများကို အမေရိကန်ဘက်က ဦးဆောင်ခဲ့သူ ဒုတိယသမ္မတ ဂျေဒီဗန့်စ်လည်း ပါကစ္စတန်သို့ သွားရောက်ရန် အသင့်ရှိသည်ဟု အိမ်ဖြူတော် ပြောခွင့်ရသူ ကယ်ရိုလင်းလီဗစ်က ပြောသည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ချီကမူ အိမ်နီးချင်းနိုင်ငံများနှင့် အပြန်အလှန်ကိစ္စရပ်များ၊ ဒေသတွင်း ဖြစ်ပေါ်တိုးတက်မှုများကို ဆွေးနွေးရန် ပါကစ္စတန်၊ အိုမန် နှင့် ရုရှားနိုင်ငံသို့ လည်ပတ်နေခြင်းဖြစ်ကြောင်း X လူမှုကွန်ရက်ပေါ်တွင် ပြောကြားသည်။

အိမ်နီးချင်းများမှာ အီရန်၏ ဦးစားပေးဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

အာရက်ချီ၏ ခရီးစဉ်သည် တိုတောင်းမည်ဖြစ်ကာ အမေရိကန်နှင့် ဆွေးနွေးပွဲအတွက် အီရန်၏ အဆိုပြုချက်များအပေါ် အာရုံစိုက်သွားမည်ဖြစ်ပြီး ထို့နောက် ၎င်းအဆိုပြုချက်များကို ပါကစ္စတန်က အမေရိကန်ထံသို့ ဆက်လက် ပေးပို့သွားမည်ဟု ဆွေးနွေးမှုအကြောင်း သိရှိထားသည့် ပါကစ္စတန်အစိုးရ သတင်းရင်းမြစ် ၂ ဦးက ပြောကြားသည်။

အမေရိကန်နှင့် ကောင်းမွန်သော သဘောတူညီချက်ရယူရန် အီရန်အတွက် အခွင့်အရေး ရလာခြင်းဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိဟက်ဂ်ဆက်က သောကြာနေ့တွင် သတင်းသမားများနှင့် တွေ့ဆုံချိန်၌ ပြောကြားသည်။

အေးကျော်
Ref: FRANCE 24
#MeKongNews
#အမေရိကန်
#အပစ်ရပ်ရေးဆွေး‌နွေးပွဲ
#အီရန်နိုင်ငံခြားရေးဝန်ကြီး
#ပါကစ္စတန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်ခမ်း-မိုင်းဝီးလမ်းပိုင်း ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ယာယီပိတ်ထား

မဲခေါင်၊ နိုဝင်ဘာ ၁၄ တအာင်းတပ်ဖွဲ့(TNLA) ထိန်းချုပ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မိုင်းဝီးမြို့အကြား ဆက်သွယ်ထားသည့် လမ်းပိုင်းကို ပြန်လည်ပြုပြင်မည်ဖြစ်သဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို TNLA က ယာယီပိတ်ထားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းလမ်းပိုင်းကို ကုန်တင်ယာဉ်များအနေဖြင့် ၂၀၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာ ၆ ရက် ည ၁၁

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့ တီဟီရန်က အသေးစိတ် အစီအစဥ် ရေးဆွဲထားတယ်လို့ အီရန်ထိပ်တန်းအရာရှိကြီး ၂ ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now