နေ့စဥ်သတင်း

ရွာငံတွင် မြေနီ တရားမဝင်တူးဖော်မှု တားဆီးပေးရန် ဒေသခံတောင်သူများ တောင်းဆို

မဲခေါင် 19 Apr - 2026
မဲခေါင်၊ ဧပြီ ၁၉ ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ကဇက်ကျေးရွာအနီးတွင် မြေနီများအား တရားမဝင် တူးဖော်ထုတ်ယူမှုများ ပြုလုပ်နေသဖြင့် ယင်းလုပ်ငန်းကို တားဆီးပေးရန် ဒေသခံတောင်သူများက တောင်းဆိုထားကြသည်။ ယင်းမြေနီတူးဖော်မှုများကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိုင်းမှူးနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဌ ဦးအာကာလင်းတို့၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ယင်းလုပ်ငန်းကို ဦးဆောင်နေသူ ကိုညီဆိုသူက ပြောဆိုသည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ “လူကြီးတွေ ခွင့်ပြုထားတာဖြစ်လို့ ဘယ်သူမှ လာမပြောနိုင်ဘူး။ မြို့နယ်အဆင့်ပဲဖြစ်ဖြစ်၊ ဒေသအဆင့်ပဲဖြစ်ဖြစ် ကြိုက်တဲ့နေရာ သွားတိုင်လို့ရတယ်”ဟု ကိုညီဆိုသူက ပြောဆိုကာ ဒေသခံတောင်သူများနှင့် ရွာခံများကို ခြိမ်းခြောက်နေကြောင်း သိရသည်။ တရားမဝင် မြေနီတူးဖော်မှုများကြောင့် မြေဆီလွှာများ ပျက်စီးလာပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပေါ်

မဲခေါင်၊ ဧပြီ ၁၉

ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ကဇက်ကျေးရွာအနီးတွင် မြေနီများအား တရားမဝင် တူးဖော်ထုတ်ယူမှုများ ပြုလုပ်နေသဖြင့် ယင်းလုပ်ငန်းကို တားဆီးပေးရန် ဒေသခံတောင်သူများက တောင်းဆိုထားကြသည်။

ယင်းမြေနီတူးဖော်မှုများကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိုင်းမှူးနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဌ ဦးအာကာလင်းတို့၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ယင်းလုပ်ငန်းကို ဦးဆောင်နေသူ ကိုညီဆိုသူက ပြောဆိုသည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

“လူကြီးတွေ ခွင့်ပြုထားတာဖြစ်လို့ ဘယ်သူမှ လာမပြောနိုင်ဘူး။ မြို့နယ်အဆင့်ပဲဖြစ်ဖြစ်၊ ဒေသအဆင့်ပဲဖြစ်ဖြစ် ကြိုက်တဲ့နေရာ သွားတိုင်လို့ရတယ်”ဟု ကိုညီဆိုသူက ပြောဆိုကာ ဒေသခံတောင်သူများနှင့် ရွာခံများကို ခြိမ်းခြောက်နေကြောင်း သိရသည်။

တရားမဝင် မြေနီတူးဖော်မှုများကြောင့် မြေဆီလွှာများ ပျက်စီးလာပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပေါ် ထိခိုက်မှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။

“မြေကြီးတွေကို အကြီးအကျယ် တူးထုတ်သွားတာကြောင့် မြေဆီကောင်းတွေ ပျက်စီးသွားတယ်။ ဒီလို ဆက်လုပ်နေမယ်ဆိုရင် နောင်လာမယ့်နှစ်တွေမှာ လယ်ယာလုပ်ဖို့တောင် ခက်ခဲလာနိုင်တယ်” ဟု ဒေသခံတောင်သူတစ်ဦးက ပြောသည်။

ရွာငံမြို့နယ်သည် လက်ရှိတွင် လက်နက်ကိုင်အဖွဲ့များ လှုပ်ရှားနေသည့်နယ်မြေ ဖြစ်သောကြောင့် ဒေသခံများအနေဖြင့် အာဏာပိုင်များထံ တိုင်ကြားရာတွင် စိုးရိမ်မှုများ ရှိနေကြောင်း သိရသည်။

“ဘယ်ဖက်ကိုပဲ တိုင်တိုင် ကြောက်ရတယ်။ ဒါပေမဲ့ ဒီလို မြေယာ ပျက်စီးနေတာကိုတော့ မနေနိုင်တော့ဘူး။ ရပ်တန့်ပေးဖို့ လိုနေပြီ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ယင်းကိစ္စကို ရွာငံမြို့နယ် လွှတ်တော်အမတ်များထံသို့ ဒေသခံတောင်သူများက တင်ပြထားပြီး တရားမဝင် မြေနီတူးဖော်မှုများကို တားဆီးပေးရန်နှင့် လွှတ်တော်အတွင်း မေးမြန်းဆွေးနွေးပေးနိုင်ရေး တောင်းဆိုထားကြသည်။

ထို့ပြင် ထုတ်ယူထားသော မြေနီများကို ဘိလပ်မြေထုတ်လုပ်ရာတွင် အသုံးပြုရန် ကဇက်ကျေးရွာမှ ကျောက်ဆည်မြို့ရှိ ဘိလပ်မြေစက်ရုံများသို့ တရားမဝင် သယ်ယူပို့ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

#MeKongNews
#ရွာငံ
#မြေနီ
#တရားမဝင်တူးဖော်
#ဒေသခံတောင်သူ
#တောင်းဆို

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now