ကမ္ဘာ့သတင်း

ဟောမုဇ်ရေလက်ကြားတွင် တိုက်ခိုက်ခံရသော ထိုင်းရေယာဉ်မှ ပျောက်ဆုံး သင်္ဘောသား ၃ ဦး သေဆုံးကြောင်း အတည်ပြု

မဲခေါင် 8 Apr - 2026
မဲခေါင်၊ ဧပြီ ၈ ဟောမုဇ်ရေလက်ကြားအတွင်း အီရန်နိုင်ငံ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည့် Mayuree Naree ထိုင်းကုန်တင်သင်္ဘော မူယူရီးနာရီး ပေါ်ပါရှိသော ထိုင်းသင်္ဘောသား ၃ ဦးစလုံး သေဆုံးသွားပြီ ဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ သီဟာဆက်ဖောက်ကတ်ကောက အင်္ဂါနေ့တွင် အတည်ပြုပြောကြားလိုက်သည်။ သေဆုံးသူများ၏ မိသားစုဝင်များနှင့် ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်းနှင့် ယခုဖြစ်ရပ်သည် လွန်တရာ ဝမ်းနည်းတုန်လှုပ်ဖွယ်ကောင်းသော ဆုံးရှုံးမှုဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ထည့်သွင်းပြောဆိုခဲ့သည်။ သီဟာဆက်သည် အိုမန်နိုင်ငံခြားရေးဝန်ကြီး၏ ဖိတ်ကြားချက်အရ လာမည့် ဧပြီ ၁၅ ရက်မှ ၁၆ ရက်အထိ အိုမန်နိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားပြီး၊ ယင်းခရီးစဉ်အတွင်း ထိုင်းသင်္ဘောသားများအား ကူညီပေးခဲ့သည့်

မဲခေါင်၊ ဧပြီ ၈

ဟောမုဇ်ရေလက်ကြားအတွင်း အီရန်နိုင်ငံ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည့် Mayuree Naree ထိုင်းကုန်တင်သင်္ဘော မူယူရီးနာရီး ပေါ်ပါရှိသော ထိုင်းသင်္ဘောသား ၃ ဦးစလုံး သေဆုံးသွားပြီ ဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ သီဟာဆက်ဖောက်ကတ်ကောက အင်္ဂါနေ့တွင် အတည်ပြုပြောကြားလိုက်သည်။

သေဆုံးသူများ၏ မိသားစုဝင်များနှင့် ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်းနှင့် ယခုဖြစ်ရပ်သည် လွန်တရာ ဝမ်းနည်းတုန်လှုပ်ဖွယ်ကောင်းသော ဆုံးရှုံးမှုဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ထည့်သွင်းပြောဆိုခဲ့သည်။

သီဟာဆက်သည် အိုမန်နိုင်ငံခြားရေးဝန်ကြီး၏ ဖိတ်ကြားချက်အရ လာမည့် ဧပြီ ၁၅ ရက်မှ ၁၆ ရက်အထိ အိုမန်နိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားပြီး၊ ယင်းခရီးစဉ်အတွင်း ထိုင်းသင်္ဘောသားများအား ကူညီပေးခဲ့သည့် အိုမန်အစိုးရကို ထိုင်းနိုင်ငံကိုယ်စား ကျေးဇူးတင်စကား ပြောကြားသွားမည်ဖြစ်သည်။

ထို့ပြင် ဟောမုဇ်ရေလက်ကြားကို ပူးတွဲထိန်းချုပ်ထားသည့် အိုမန်နှင့် အီရန်နိုင်ငံတို့အကြား ရေကြောင်းသွားလာမှု စီမံခန့်ခွဲရေး၊ လုံခြုံရေးနှင့် ငြိမ်းချမ်းစွာ ကုန်သွယ်ကူးသန်းနိုင်ရေးအတွက် ဆွေးနွေးနေမှုများကိုလည်း ထိုင်းအစိုးရက အနီးကပ် စောင့်ကြည့်လျက်ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ဆွေးနွေးပွဲများမှ တိုးတက်မှုများ ရရှိလာမည်ဟု ထိုင်းနိုင်ငံက မျှော်လင့်ထားကြောင်းနှင့် သတင်းများအရ သိရသည့် ၂ ပတ်ကြာ အပစ်အခတ်ရပ်စဲရေး ကာလအတွင်း ရေလက်ကြား၌ ပိတ်မိနေသော သင်္ဘောများ ဖြတ်သန်းသွားလာနိုင်မည့် အခွင့်အလမ်း ရှိနိုင်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

လက်ရှိတွင် ထိုင်းသင်္ဘောတစ်စီးမှာ ယင်းဧရိယာမှ ထွက်ခွာနိုင်ခဲ့ပြီ ဖြစ်သော်လည်း အရေးကြီးသည့် ဓာတ်မြေသြဇာများ တင်ဆောင်လာသော သင်္ဘောတစ်စီး အပါအဝင် အခြားထိုင်းသင်္ဘော ၉ စီးမှာမူ ဖြတ်သန်းခွင့်ရရှိရန် စောင့်ဆိုင်းနေဆဲဖြစ်သည်။

ယင်းအပစ်အခတ်ရပ်စဲရေး ကာလအတွင်း ကျန်ရှိနေသေးသော ထိုင်းသင်္ဘောများ ဟောမုဇ်ရေလက်ကြားကို ဘေးကင်းစွာ ဖြတ်သန်းနိုင်ရေးအတွက် အီရန်နိုင်ငံနှင့် ညှိနှိုင်းဆောင်ရွက်ပေးရန် အိုမန်နိုင်ငံ၏ အကူအညီကို ထိုင်းနိုင်ငံအနေဖြင့် တောင်းခံသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Ref: Khaosod
#MeKongNews
#ဟောမုဇ်ရေလက်ကြား
#ထိုင်းရေယာဉ်
#ပျောက်ဆုံး
#သင်္ဘောသား
#သေဆုံး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now