ကမ္ဘာ့သတင်း

အရှေ့အလယ်ပိုင်း တင်းမာမှုများ လျော့ပါးရေး ရုရှားနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိဟု တရုတ်ပြော

မဲခေါင် 6 Apr - 2026
မဲခေါင်၊ ဧပြီ ၆ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ရုရှားနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်ရန်နှင့် အရှေ့အလယ်ပိုင်းအခြေအနေ လျော့ပါးလာစေရေး ကြိုးပမ်းမှုများလုပ်ရန် တရုတ်က စိတ်အားထက်သန်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့အား ဖုန်းခေါ်ဆိုမှုတစ်ခုတွင် ပြောကြားသည်။ ဟောမုဇ်ရေလက်ကြား ရေကြောင်းသွားလာမှု ကိစ္စများကို ဖြေရှင်းရာတွင် အခြေခံကျသော နည်းလမ်းမှာ အမြန်ဆုံး အပစ်အခတ်ရပ်စဲမှု ရရှိရန် ဖြစ်သည်ဟု ဝမ်ယီက ပြောသည်။ ဟောမုဇ်ရေလက်ကြားနှင့် အနီးတဝိုက်တွင် ကုန်သွယ်ရေကြောင်း သွားလာမှုများကို ကာကွယ်ရေးနှင့်ပတ်သက်၍ ဘာရိန်း၏ အဆိုပြုချက်ကို လာမည့် သီတင်းပတ်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ မဲခွဲမှု မတိုင်မီ နိုင်ငံခြားရေးဝန်ကြီး၂ ဦး၏ ဖုန်းခေါ်ဆိုမှု ထွက်ပေါ်လာခြင်း ဖြစ်သည်။ ကုလလုံခြုံရေးကောင်စီ

မဲခေါင်၊ ဧပြီ ၆

ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ရုရှားနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်ရန်နှင့် အရှေ့အလယ်ပိုင်းအခြေအနေ လျော့ပါးလာစေရေး ကြိုးပမ်းမှုများလုပ်ရန် တရုတ်က စိတ်အားထက်သန်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့အား ဖုန်းခေါ်ဆိုမှုတစ်ခုတွင် ပြောကြားသည်။

ဟောမုဇ်ရေလက်ကြား ရေကြောင်းသွားလာမှု ကိစ္စများကို ဖြေရှင်းရာတွင် အခြေခံကျသော နည်းလမ်းမှာ အမြန်ဆုံး အပစ်အခတ်ရပ်စဲမှု ရရှိရန် ဖြစ်သည်ဟု ဝမ်ယီက ပြောသည်။

ဟောမုဇ်ရေလက်ကြားနှင့် အနီးတဝိုက်တွင် ကုန်သွယ်ရေကြောင်း သွားလာမှုများကို ကာကွယ်ရေးနှင့်ပတ်သက်၍ ဘာရိန်း၏ အဆိုပြုချက်ကို လာမည့် သီတင်းပတ်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ မဲခွဲမှု မတိုင်မီ နိုင်ငံခြားရေးဝန်ကြီး၂ ဦး၏ ဖုန်းခေါ်ဆိုမှု ထွက်ပေါ်လာခြင်း ဖြစ်သည်။

ကုလလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်များအနေဖြင့် တရုတ်နှင့် ရုရှား သည် ဓမ္မဓိဌာန်ကျပြီး မျှတသော ချဉ်းကပ်မှုကို ကျင့်သုံး၍ နိုင်ငံတကာအသိုင်းအဝိုင်းထံမှ နားလည်ထောက်ခံမှု ရရှိရန် ကြိုးစားသင့်သည်ဟု ဝမ်ယီက လက်ဗ်‌ရော့ အား ပြောကြားခဲ့ကြောင်း ၎င်း၏ ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

လျင်မြန်သော အပစ်အခတ်ရပ်စဲမှု ရရှိရေးနှင့် နိုင်ငံရေး – သံတမန်ရေး ဆွေးနွေးမှုကို စတင်ရန် နည်းလမ်းများကို ဝန်ကြီး ၂ ဦးက ဆွေးနွေးခဲ့ကြသည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားသည်။

အီရန်နိုင်ငံအပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ ရန်လိုမှုနှင့် ဆက်စပ်သော အီရန်အခြေအနေ အပါအဝင် ကမ္ဘာ့ရေးရာ အများစုတွင် ရုရှားနှင့် တရုတ်တို့၏ ချဉ်းကပ်ပုံများ၌ တိုက်ဆိုင်မှု ရှိနေကြောင်း စိတ်ကျေနပ်မှုကို ဖော်ပြခဲ့ကြကြောင်း ရုရှားတို့ ထုတ်ပြန်ချက်က ဆက်ပြောသည်။

ပင်လယ်ကွေ့ဒေသနှင့် အ‌ရှေ့အလယ်ပိုင်းတွင် အပစ်အခတ်ရပ်စဲရေးကို တရုတ်က အထပ်ထပ် တိုက်တွန်းပြောကြားခဲ့သည်ဟု ရိုက်တာသတင်းက ဖော်ပြသည်။

အေးကျော်
Ref: Reuters
#MeKongNews
#အရှေ့အလယ်ပိုင်း
#တင်းမာမှု
#ရုရှား
#တရုတ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်ခမ်း-မိုင်းဝီးလမ်းပိုင်း ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ယာယီပိတ်ထား

မဲခေါင်၊ နိုဝင်ဘာ ၁၄ တအာင်းတပ်ဖွဲ့(TNLA) ထိန်းချုပ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မိုင်းဝီးမြို့အကြား ဆက်သွယ်ထားသည့် လမ်းပိုင်းကို ပြန်လည်ပြုပြင်မည်ဖြစ်သဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို TNLA က ယာယီပိတ်ထားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းလမ်းပိုင်းကို ကုန်တင်ယာဉ်များအနေဖြင့် ၂၀၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာ ၆ ရက် ည ၁၁

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့ တီဟီရန်က အသေးစိတ် အစီအစဥ် ရေးဆွဲထားတယ်လို့ အီရန်ထိပ်တန်းအရာရှိကြီး ၂ ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now