နေ့စဥ်သတင်း

လားရှိုး စိတ္တသုခဘောလုံးကွင်းတွင် ဆက်ကြေးပေးပြီး လောင်းကစားဝိုင်း ဖွင့်နေ

မဲခေါင် 25 Mar - 2026
မဲခေါင်၊ မတ် ၂၅ ရှမ်းပြည်မြောက်ပိုင်း၊ လာရှိုးမြို့တွင် စစ်ကောင်စီထံ ဆက်ကြေးပေးပြီး လောင်းကစားမျိုးစုံ ပြောင်ပြောင်တင်းတင်း ဖွင့်လှစ်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက ပြောသည်။ လားရှိုးမြို့ ရပ်ကွက် ၇ ရှိ စိတ္တသုခဘောလုံးကွင်းတွင် ပြည်သူ့စစ် ခေါင်းဆောင်ဟောင်းတစ်ဦး ဦးဆောင်ကာ ၂၄ နာရီ ပိတ်ရက်မရှိ လောင်းကစားဝိုင်းမျိုးစုံ ဖွင့်လှစ်နေခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောသည်။ ယင်းလောင်းကစားဝိုင်းများကို ပြည်သူ့စစ်ခေါင်းဆောင်ဟောင်း ဦးဒီးဒီး ဆိုသူက စစ်ကောင်စီတပ်အား ဆက်ကြေးပေးကာ ဖွင့်လှစ်ထားခြင်း ဖြစ်ပြီး လောင်းကစားဝိုင်းမှ အသံများမှာလည်း ဆူညံသဖြင့် ပတ်ဝန်းကျင်နေ ပြည်သူများအား အနှောက်အယှက်ဖြစ်စေသည်ဟု ဆိုသည်။ “စိတ္တသုခကွင်းမှာ လုပ်နေတာ။ နာမည်ကတော့ ပွဲလုပ်နေတယ်ဆိုပြီး တကယ်က လောင်းကစားဝိုင်းတွေကြီးပဲ ဖြစ်နေတယ်၊ လူတွေအော်ဟစ်နေတာရော

မဲခေါင်၊ မတ် ၂၅

ရှမ်းပြည်မြောက်ပိုင်း၊ လာရှိုးမြို့တွင် စစ်ကောင်စီထံ ဆက်ကြေးပေးပြီး လောင်းကစားမျိုးစုံ ပြောင်ပြောင်တင်းတင်း ဖွင့်လှစ်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

လားရှိုးမြို့ ရပ်ကွက် ၇ ရှိ စိတ္တသုခဘောလုံးကွင်းတွင် ပြည်သူ့စစ် ခေါင်းဆောင်ဟောင်းတစ်ဦး ဦးဆောင်ကာ ၂၄ နာရီ ပိတ်ရက်မရှိ လောင်းကစားဝိုင်းမျိုးစုံ ဖွင့်လှစ်နေခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောသည်။

ယင်းလောင်းကစားဝိုင်းများကို ပြည်သူ့စစ်ခေါင်းဆောင်ဟောင်း ဦးဒီးဒီး ဆိုသူက စစ်ကောင်စီတပ်အား ဆက်ကြေးပေးကာ ဖွင့်လှစ်ထားခြင်း ဖြစ်ပြီး လောင်းကစားဝိုင်းမှ အသံများမှာလည်း ဆူညံသဖြင့် ပတ်ဝန်းကျင်နေ ပြည်သူများအား အနှောက်အယှက်ဖြစ်စေသည်ဟု ဆိုသည်။

“စိတ္တသုခကွင်းမှာ လုပ်နေတာ။ နာမည်ကတော့ ပွဲလုပ်နေတယ်ဆိုပြီး တကယ်က လောင်းကစားဝိုင်းတွေကြီးပဲ ဖြစ်နေတယ်၊ လူတွေအော်ဟစ်နေတာရော သီချင်းသံ စက်သံတွေရော ဆူညံနေတာပဲ။ လောင်းကစားဆိုလည်း အမျိုးစားအစုံပဲ ထည့်ထားတာ။ ဘယ်သူမှ မပြောရဲဘူး”ဟု လားရှိုးမြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီအား ဆက်ကြေးပေးကာ ဖွင့်လှစ်ထားသည့် ယင်းလောင်းကစားပွဲတွင် လေးကောင်ဂျင်၊ ဂလုံးဂလုံး၊ ရှမ်းကိုးမီး၊ ရွှေဘောလုံး စသည့် လောင်းကစားမျိုးစုံ ပါဝင်သည်ဟု သတင်းရင်းမြစ်ကပြောသည်။

“လောင်းကစားကတော့ အစုံပဲ ပိတ်ချိန်လည်း မရှိဘူး။ လူတွေ အကျင့်ပျက်စီးအောင် လုပ်နေသလိုပဲ ဆက်ကြေးလည်း ရနေတော့ အစိုးရကလည်း ဘာမှ မလုပ်ဘူး လွှတ်ပေးထားတယ်” ဟု လားရှိုးမြို့ခံတစ်ဦးက ပြောသည်။

လောင်းကစားဝိုင်း ဖွင့်ထားသည့် ကွင်းနေရာသည် ဘောလုံးကွင်း ၂ ကွင်းစာ ကျယ်ဝန်းသဖြင့် လူထောင်ချီ လောင်းကစား ပြုလုပ်နိုင်သည့် နေရာဖြစ်ပြီး လောင်းကစားရုံအတွင်းမှ နေ့နေ့ ညည မီးစက်သံများ ဆူညံကျယ်လောင်သဖြင့် ပတ်ဝန်းကျင်အတွက် အနှောင့်အယှက်လည်း ဖြစ်ကြောင်း အခြား သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်ကောင်စီက ပြန်လည်ထိန်းချုပ်သည့် လားရှိုးမြို့တွင် ခိုးမှု၊ လုယက်မှု များပြားလာခြင်းသည် လောင်းကစားဝိုင်းများကို ဖမ်းဆီးခြင်းမပြုဘဲ ဆက်ကြေးယူကာ လွှတ်ပေးထားခြင်းကြောင့်လည်း ပါဝင်သည်ဟု ဒေသခံများက ဆိုသည်။

#MeKongNews
#လားရှိုး
#စိတ္တသုခဘောလုံးကွင်း
#ဆက်ကြေးပေး
#လောင်းကစားဝိုင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now