နေ့စဥ်သတင်း

တောင်ကြီး အားကစားကွင်း လူ​နေတိုက်ခန်းများ ယနေ့ နောက်ဆုံး မပြောင်းရွှေ့ပါက အင်အားသုံး ဖယ်ရှားခံရဖွယ်ရှိ

မဲခေါင် 20 Mar - 2026
မဲခေါင်၊ မတ်၂၀ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ အားကစားကွင်း အရှေ့ဘက်ရှိ လူနေတိုက်ခန်းများအား ယနေ့မတ်၂၀ ရက်တွင် နောက်ဆုံးထား၍ ပြောင်းရွှေ့ရန်စာထုတ်ထားပြီး ဖြစ်သဖြင့် အကယ်၍ မပြောင်းရွှေ့ပါက အင်အားသုံး ဖယ်ရှားခံရနိုင်ကြောင်း နေထိုင်သူများထံမှ သိရသည်။ ယင်းသို့ ပြောင်းရွှေ့ရမည်ကို ပြန်လည်သုံးသပ်ပေးရန် တိုက်ခန်းနေပြည်သူများက တောင်းဆိုထားသော်လည်း လက်ရှိအချိန်အထိ မည်သို့မျှ အကြောင်းမထူးသေးဟု တိုက်ခန်းပိုင်ရှင်များက ပြောသည်။ “မဖြစ်မနေ ပြောင်းပေးရမယ်ဆိုပြီး ဝန်ခံကတိတွေကို ဖိအား​ပေး လက်မှတ်ထိုးခိုင်းတယ်။ ပြောင်းဖို့အခြေအနေ မပေးတဲ့သူတွေကတော့ လက်မှတ်မထိုးကြဘူး။နေစရာ ပြောင်းစရာမရှိလို့ လာဖျက်တဲ့အထိ နေကြမယ် ပြောတယ်”ဟု တိုက်ခန်းနေသူများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ယင်းတိုက်ခန်းများကို ဝယ်ယူစဥ်က သဘောတူညီချက်များအရ ၎င်းတို့အား နှင်ထုတ်ရန်အကြောင်းကြားထားခြင်းနှင့် ပတ်သက်၍ ဥပဒေအရ

မဲခေါင်၊ မတ်၂၀

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ အားကစားကွင်း အရှေ့ဘက်ရှိ လူနေတိုက်ခန်းများအား ယနေ့မတ်၂၀ ရက်တွင် နောက်ဆုံးထား၍ ပြောင်းရွှေ့ရန်စာထုတ်ထားပြီး ဖြစ်သဖြင့် အကယ်၍ မပြောင်းရွှေ့ပါက အင်အားသုံး ဖယ်ရှားခံရနိုင်ကြောင်း နေထိုင်သူများထံမှ သိရသည်။

ယင်းသို့ ပြောင်းရွှေ့ရမည်ကို ပြန်လည်သုံးသပ်ပေးရန် တိုက်ခန်းနေပြည်သူများက တောင်းဆိုထားသော်လည်း လက်ရှိအချိန်အထိ မည်သို့မျှ အကြောင်းမထူးသေးဟု တိုက်ခန်းပိုင်ရှင်များက ပြောသည်။

“မဖြစ်မနေ ပြောင်းပေးရမယ်ဆိုပြီး ဝန်ခံကတိတွေကို ဖိအား​ပေး လက်မှတ်ထိုးခိုင်းတယ်။ ပြောင်းဖို့အခြေအနေ မပေးတဲ့သူတွေကတော့ လက်မှတ်မထိုးကြဘူး။နေစရာ ပြောင်းစရာမရှိလို့ လာဖျက်တဲ့အထိ နေကြမယ် ပြောတယ်”ဟု တိုက်ခန်းနေသူများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ယင်းတိုက်ခန်းများကို ဝယ်ယူစဥ်က သဘောတူညီချက်များအရ ၎င်းတို့အား နှင်ထုတ်ရန်အကြောင်းကြားထားခြင်းနှင့် ပတ်သက်၍ ဥပဒေအရ ပြန်လည် သုံးသပ်ပေးရန် နေထိုင်နေသည့် ပိုင်ရှင်များနှင့် အငြိမ်းစားဝန်ထမ်းများကသက်ဆိုင်ရာဌာနများထံ တင်ပြထားကြောင်း သိရသည်။

၂၀၀၁ ခုနှစ်တွင် ရတနာထွန်း ဆောက်လုပ်ရေး ကုမ္ပဏီနှင့် ပြည်နယ် အား/ကာ ဦးစီးဌာနတို့အကြား သဘော တူစာချုပ်ဖြင့် တိုက်ခန်းများကို တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဝန်ထမ်းများနှင့် အများပြည်သူများအတွက် နေထိုင်ရန် ရည်ရွယ်ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာတိုက်ခန်းများအား ရာသက်ပန်နေထိုင်ခွင့်၊ လွှဲ ပြောင်းရောင်းချခွင့်စသည့် အာမခံချက်များဖြင့် ကြော်ငြာပြီး အရစ်ကျစနစ်ဖြင့် ရောင်းချခဲ့ခြင်းဖြစ်သဖြင့် ယင်းအပေါ် ယုံကြည်၍ ဝယ်ယူခဲ့ကြ​ခြင်းဖြစ်ကြောင်း တိုက်ခန်းနေသူများက ပြောသည်။

ထို့ပြင် ဝယ်ယူနေထိုင်ခဲ့သူများ အနေဖြင့် စတင်ဝယ်ယူချိန်မှ ယနေ့အထိ ငှားရမ်းခနှင့် သက်ဆိုင်ရာ အခွန်များကို မပျက်မကွက် ပေးသွင်းကာ စနစ်တကျ နေထိုင်လာကြပြီး မည်သည့်အချိန်တွင်မျှ ကျူး ကျော် နေထိုင်သူများ မဟုတ်ကြောင်းလည်း တင်ပြချက်တွင် ဖော်ပြထားသည်။

သို့သော်လည်း လက်ရှိတွင် ၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစာ( နှင်ထုတ်ခြင်း) အက်ဥပ ဒေအရ ဖယ်ရှားရှင်းလင်းရန် အကြောင်းကြားစာ ပေးပို့ခံထားရကြောင်း သိရသည်။

တိုက်ခန်းနေ ထိုင်သူများကမူ ၎င်းတို့သည် ဥပဒေအရ တရားဝင် ဝယ်ယူထားသူများဖြစ်သည့် အတွက် နှင်ထုတ်ခြင်းဥပဒေနှင့် မသက်ဆိုင်ကြောင်း ထောက်ပြကာ မိမိတို့၏ ရပိုင်ခွင့်နှင့် ဂုဏ်သိက္ခာ မနစ်နာစေရန် လူသားချင်း စာနာမှုဖြင့် သင့်လျော်သော ဖြေရှင်းနည်းများ ပြန်လည်စဉ်းစားပေးရန် တောင်းဆိုထားကြောင်း သိရသည်။

လက်ရှိတွင် ဆိုင်ခန်းများမှာမူ အမိုးနှင့် တံခါးစသည့် ပြန်လည် အသုံးပြုနိုင်မည့် ပစ္စည်းများကို ပိုင်ရှင်များက ကိုယ့်အစီအစဥ်ဖြင့်ကိုယ် ဖျက်သိမ်းယူနေကြသလို တိုက်ခန်းမှ ပစ္စည်းများလည်း ရွှေ့ပြောင်းနေကြကြောင်း သိရသည်။

“လောလောဆယ်တော့ မီတာတွေ လာမဖြုတ်သေးဘူး၊ အရင်ဆုံး ခြံစည်းရိုးကာမယ် ပြောတယ်။ တိုက်ခန်းဘက်တော့ လူနည်းနည်းပဲ ရွှေ့ကြတယ်’ဟု တောင်ကြီး သစ်တောရပ်ကွက်နေသူတစ်ဦးက ယနေ့တွင် မဲခေါင်သို့ ပြောသည်။

တောင်ကြီးအားကစားကွင်းပတ်လည်တွင် ကားပစ္စည်းဆိုင် ၁၀၇ ခန်း၊ စားသောက်ဆိုင် ၅၅ ခန်းနှင့် အား/ကာတိုက်ခန်း ၆၂ ခန်းရှိကာ ကားပစ္စည်းဆိုင်များမှာ ညိုမီးဘက်နှင့် စားသောက်ဆိုင်များမှာ အဝေရာကွင်းအနီးသို့ ပြောင်းရွှေ့ရမည်ဖြစ်ပြီး အား/ကာတိုက်ခန်းများမှာမူ အေးသာယာမြို့ရှိမင်းကျန်စစ်အိမ်ရာသို့ ပြောင်းရွှေ့ကြရမည်ဖြစ်ကြောင်း သိရသည်။

ယင်းဈေးဆိုင်ခန်း၊ တိုက်ခန်းများနေရာတွင် နိုင်ငံတကာအဆင့်မီ အားကစားကွင်း၊ အားကစားရုံနှင့် ရေကူးကန်၊ လူငယ်ရေးရာစင်တာများ တည်ဆောက်သွားမည်ဟု စစ်ကောင်စီက ကြေညာထားသည်။

#MeKongNews
#တောင်ကြီး
#အားကစားကွင်း
#လူ​နေတိုက်ခန်း
#အင်အားသုံး
#ဖယ်ရှား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်ခမ်း-မိုင်းဝီးလမ်းပိုင်း ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ယာယီပိတ်ထား

မဲခေါင်၊ နိုဝင်ဘာ ၁၄ တအာင်းတပ်ဖွဲ့(TNLA) ထိန်းချုပ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မိုင်းဝီးမြို့အကြား ဆက်သွယ်ထားသည့် လမ်းပိုင်းကို ပြန်လည်ပြုပြင်မည်ဖြစ်သဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို TNLA က ယာယီပိတ်ထားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းလမ်းပိုင်းကို ကုန်တင်ယာဉ်များအနေဖြင့် ၂၀၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာ ၆ ရက် ည ၁၁

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့ တီဟီရန်က အသေးစိတ် အစီအစဥ် ရေးဆွဲထားတယ်လို့ အီရန်ထိပ်တန်းအရာရှိကြီး ၂ ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now