နေ့စဥ်သတင်း

ကျိုင်းတုံတွင် ဌာနဆိုင်ရာများကို စက်သုံးဆီ လိုသလောက် ရောင်းပေးသော်လည်း ပြည်သူများကို ယာဉ်လိုင်စင်ရှိမှသာ ရောင်းရန် အမိန့်ထုတ်ထား

မဲခေါင် 6 Mar - 2026
မဲခေါင်၊ မတ် ၆ ရှမ်းပြည်အရှေ့ပိုင်း၊ကျိုင်းတုံမြို့နယ်တွင် စစ်ကောင်စီ ဌာနဆိုင်ရာများကို စက်သုံးဆီ လိုသလောက် ရောင်းချပေးရသော်လည်း ပြည်သူများကိုမူ ယာဉ်လိုင်စင်ရှိမှသာ ဆီရောင်းချပေးနေသည်ဟု သတင်းရင်းမြစ်များက ပြောသည်။ ကျိုင်းတုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစောမင်းသူက ဆီပန့်ဆိုင်များအား လိုင်စင်ရှိသည့် ယာဉ်များကိုသာ လောင်စာဆီ ရောင်းပေးရမည်ဟု အမိန့်ပေးလာခြင်းကြောင့် ဆီပန့်ဆိုင်အချို့က လိုင်စင်ရှိ ကား၊ ဆိုင်ကယ်များကိုသာ ဆီရောင်းချပေးနေခြင်းဖြစ်သည်။ သို့သော် စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာများကိုမူ လိုင်စင်ရှိ၊ လိုင်စင်မဲ့ စိစစ်ခွင့်မရှိပဲ ဆီပန့်ဆိုင်များက ခွဲတမ်းများဖြင့် လိုသလောက် ရောင်းချပေးနေရသည်ဟု သတင်းရင်းမြစ်တစ်ဦးကပြောသည်။ “စည်ပင်တို့ လမ်းဦးစီးဌာနက လူတွေတို့ဆို သူတို့ဌာနအတွက်ဆိုပြီး သူတို့တောင်းတဲ့ ပမာဏအတိုင်း ဆီပန့်ဆိုင်တွေက ရောင်းပေးရတယ်။ ပြည်သူတွေက ဆီတစ်လီတာ

မဲခေါင်၊ မတ် ၆

ရှမ်းပြည်အရှေ့ပိုင်း၊ကျိုင်းတုံမြို့နယ်တွင် စစ်ကောင်စီ ဌာနဆိုင်ရာများကို စက်သုံးဆီ လိုသလောက် ရောင်းချပေးရသော်လည်း ပြည်သူများကိုမူ ယာဉ်လိုင်စင်ရှိမှသာ ဆီရောင်းချပေးနေသည်ဟု သတင်းရင်းမြစ်များက ပြောသည်။

ကျိုင်းတုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစောမင်းသူက ဆီပန့်ဆိုင်များအား လိုင်စင်ရှိသည့် ယာဉ်များကိုသာ လောင်စာဆီ ရောင်းပေးရမည်ဟု အမိန့်ပေးလာခြင်းကြောင့် ဆီပန့်ဆိုင်အချို့က လိုင်စင်ရှိ ကား၊ ဆိုင်ကယ်များကိုသာ ဆီရောင်းချပေးနေခြင်းဖြစ်သည်။

သို့သော် စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာများကိုမူ လိုင်စင်ရှိ၊ လိုင်စင်မဲ့ စိစစ်ခွင့်မရှိပဲ ဆီပန့်ဆိုင်များက ခွဲတမ်းများဖြင့် လိုသလောက် ရောင်းချပေးနေရသည်ဟု သတင်းရင်းမြစ်တစ်ဦးကပြောသည်။

“စည်ပင်တို့ လမ်းဦးစီးဌာနက လူတွေတို့ဆို သူတို့ဌာနအတွက်ဆိုပြီး သူတို့တောင်းတဲ့ ပမာဏအတိုင်း ဆီပန့်ဆိုင်တွေက ရောင်းပေးရတယ်။ ပြည်သူတွေက ဆီတစ်လီတာ ၂ လီတာရဖို့ ခက်ခဲနေချိန်မှာ သူတို့အတွက်ကျ ဆီလီတာ ၅၀၀ ကျော် တစ်ထောင်ထိကို ရောင်းပေးရတယ်”ဟု ကျိုင်းတုံမြို့ ဆီပန့်ဆိုင်တစ်ခုမှ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

လူမှုကွန်ရက်ပေါ်တွင် ပေါက်ကြားလာသည့် ကျိုင်းတုံ စက်သုံးဆီအသင်း၏ စာတွင်လည်း စစ်ကောင်စီ စည်ပင်ဌာနအား ဒီဇယ် ၆၃၀ လီတာနှင့် လမ်းဦးစီးဌာနအား ဒီဇယ် ၄၂၀ လီတာတို့ကို စစ်ကောင်စီရည်ညွန်းဈေးအတိုင်း ရောင်းချပေးရန် ညွှန်ကြားသည်ကိုတွေ့ရသည်။

ထို့သို့ ဌာနဆိုင်ရာများအား ဆီပန့်ဆိုင်များက လိုသလောက် ရောင်း ချပေးနေရသော်လည်း ပြည်သူများကိုမူ ယာဉ်လိုင်စင်ရှိမှသာ လောင်စာဆီ ရောင်းချပေးရန် ကျိုင်းတုံအုပ်ချုပ်ရေးမှူး ဦးစောမင်းသူက အမိန့်ထုတ်ခဲ့ကြောင်း သိရသည်။

“မနေ့က သွားထည့်တာ လိုင်စင်မပါရင် မရဘူးတဲ့။ အဲ့အမိန့်က ရှမ်းပြည်လို နေရာမျိုးနဲ့က မဟုတ်သေးဘူးလေဗျာ။ မတရားဘူးဗျ၊ ပြည်သူကျ လိုင်စင်ရှိမှတဲ့။ မနေ့ကဆို ၃ ဆိုင်မြောက်မှ ဆီရတယ်။ ပထမ ၂ ဆိုင်က ဆိုင်ကယ်လိုင်စင်မရှိလို့ မထည့်ပေးဘူးတဲ့ အထက်က အမိန့်ပေးထားတယ်တဲ့” ဟု ကျိုင်းတုံဒေသခံတစ်ဦးက ပြော သည်။

ကျိုင်းတုံမြို့နယ်တွင် လက်ရှိ၌ ဆီပန့်ဆိုင် တစ်ဆိုင်ကို တစ်ရက် ၃ နာရီသာ ဖွင့်လှစ်ရောင်းချခွင့်ပေးထားပြီး ဆိုင်ဖွင့်ချိန်အတွင်း ဆိုက်ကယ်တစ်စီးလျှင် ငွေကျပ် ၅ ထောင် နှင့် အိမ်စီးကားတစီးလျှင် ကျပ် ၃ သောင်းဖိုးသာ ရောင်းချပေးသည်။

#MeKongNews
#ကျိုင်းတုံ
#ဌာနဆိုင်ရာ
#စက်သုံးဆီ
#ပြည်သူများ
#ယာဉ်လိုင်စင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now