နေ့စဥ်သတင်း

သံလွင်မြစ်နှင့် မိုလိုချောင်းတွင်းရှိ အာဆင်းနစ်အဆိပ် အန္တရာယ် IEC သတိပေး

မဲခေါင် 26 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၂၆ သံလွင်မြစ်နှင့် မော်ချီးဒေသ မိုလိုချောင်းတွင် အာဆင်းနစ်အဆိပ် ပါဝင်မှုပမာဏများသည် လူအတွက် အန္တရာယ်ရှိသဖြင့် သောက်သုံးရေအဖြစ် သုံးစွဲခြင်း၊ ငါး၊ ပုဇွန် ဖမ်းယူ စားသုံးခြင်းများ လုံးဝမပြုလုပ်ရန် အပါအဝင် လိုက်နာရန် အချက် ၄ ချက်ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ – IECက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။ သံလွင်မြစ်တွင် အားဆင်းနစ်အဆိပ်ပါဝင်မှုပမာဏသည် နိုင်ငံတကာက သတ်မှတ်ထားသည့် အန္တရာယ်ကင်း စံနှုန်းထက် ၄ ဆမှ ၉ ဆအထိလည်းကောင်း မိုလိုချောင်းအတွင်း အာဆင်းနစ်အဆိပ် ပါဝင်မှုပမာဏသည် နိုင်ငံတကာ သတ်မှတ်စံနှုန်းထက် ၅၅၃ ဆအထိလည်းကောင်း ပါဝင်သည်ကို တွေ့ရှိရသည်ဟု IEC ၏ ထုတ်ပြန်ချက်တွင်

မဲခေါင်၊ ဖေဖော်ဝါရီ ၂၆

သံလွင်မြစ်နှင့် မော်ချီးဒေသ မိုလိုချောင်းတွင် အာဆင်းနစ်အဆိပ် ပါဝင်မှုပမာဏများသည် လူအတွက် အန္တရာယ်ရှိသဖြင့် သောက်သုံးရေအဖြစ် သုံးစွဲခြင်း၊ ငါး၊ ပုဇွန် ဖမ်းယူ စားသုံးခြင်းများ လုံးဝမပြုလုပ်ရန် အပါအဝင် လိုက်နာရန် အချက် ၄ ချက်ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ – IECက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

သံလွင်မြစ်တွင် အားဆင်းနစ်အဆိပ်ပါဝင်မှုပမာဏသည် နိုင်ငံတကာက သတ်မှတ်ထားသည့် အန္တရာယ်ကင်း စံနှုန်းထက် ၄ ဆမှ ၉ ဆအထိလည်းကောင်း မိုလိုချောင်းအတွင်း အာဆင်းနစ်အဆိပ် ပါဝင်မှုပမာဏသည် နိုင်ငံတကာ သတ်မှတ်စံနှုန်းထက် ၅၅၃ ဆအထိလည်းကောင်း ပါဝင်သည်ကို တွေ့ရှိရသည်ဟု IEC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုသို့ အန္တရာယ်ရှိသော နှုန်းထားကို တွေ့ရှိရပြီးနောက် သတိထားလိုက်နာရန် အချက် ၄ ချက်ကို IEC က အောက်ပါအတိုင်း ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

၎င်းတို့မှာ သံလွင်မြစ်ရေနှင့် မိုလိုချောင်းမှ ရေများအား တိုက်ရိုက် သောက်သုံးခြင်းနှင့် ချက်ပြုတ်ရာတွင် သုံးစွဲခြင်း မပြုရန်၊ အကြောင်းကြောင်းကြောင့် သံလွင်မြစ်ရေနှင့် မိုလိုချောင်းရေတို့အား ထိတွေ့ ကိုင်တွယ်ပြီးပါက သန့်စင်သောရေဖြင့် ပြန်လည် ဆေးကြောရန်၊ သံလွင်မြစ်အတွင်းမှ ရေနေသတ္တဝါများတို့အား ချက်ပြုတ်စားသောက်ခြင်း မပြုရန်နှင့် မဖြစ်မနေ စားသောက်လိုပါက ဦးခေါင်းနှင့် အတွင်းကလီစာများကို စားသုံးခြင်းမပြုရန်၊ မိုလိုချောင်း အတွင်းမှ မည်သည့် ရေနေသတ္တဝါများကိုမဆို လုံးဝ (လုံးဝ) စားသောက်ခြင်းမပြုရန်တို့ဖြစ်သည်။

IEC နှင့် ချင်းမိုင်တက္ကသိုလ် သဘာဝပတ်ဝန်းကျင် သုတေသနဌာနတို့ ပူးပေါင်းပြီး သံလွင်မြစ်အထက်ပိုင်း ရှမ်း -ကရင်နီနယ်စပ်၊ သံလွင်မြစ်အလယ်ပိုင်းနှင့် သံလွင်မြစ်အောက်ပိုင်း ကရင်နီ – ကရင်နယ်စပ်များရှိ နေရာ ၁၀ ခုနှင့် မော်ချီးဒေသ မိုလိုချောင်းတစ်နေရာရှိ ရေနမူနာများကို ရယူကာ ဓာတ်ခွဲစစ်ဆေးမှု ပြုလုပ်ခဲ့ပြီးနောက် IEC က ယခုကဲ့သို့ ထုတ်ပြန်လာခြင်းဖြစ်သည်။

အာဆင်းနစ်အဆိပ်သင့် ရေများကို သောက်သုံးခြင်း၊ စိုက်ပျိုးရေးတို့တွင် သုံးစွဲခြင်း၊ အဆိပ်သင့်ရေ အတွင်းရှိ ရေနေ သတ္တဝါများအား စားသုံးခြင်းများ ပြုလုပ်ပါက ရေတိုတွင် မူးဝေခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်း၊ ကြွက်တက်ခြင်း စသည်တို့ ဖြစ်စေနိုင်ကြောင်း ကျန်းမာရေးပညာရှင်များက အသိပေးထားသည်။

ထို့ပြင် အာဆင်းနစ်အဆိပ်သင့် ရေများသည် ရေရှည်တွင် ကင်ဆာရောဂါများ၊ နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ၊ အာရုံကြောဖွံ့ဖြိုးမှုဆိုင်ရာ ရောဂါများကို ဖြစ်စေနိုင်ပြီး ကလေးသူငယ်များ၏ မှတ်ဉာဏ်ကိုလည်း ထိခိုက်စေနိုင်သည်ဟု ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

ထို့ကြောင့် ထုတ်ပြန်ထားသော အချက်အလက်များကို အများပြည်သူ အနေဖြင့် လိုက်နာကြရန်နှင့် ကျန်းမာရေးဆိုင်ရာ အစီအမံများအတိုင်း ပူးပေါင်း ပါဝင်ပေးကြရန် ကရင်နီ ကြားကာလအုပ်ချုပ်ရေးကောင်စီက တိုက်တွန်းထားသည်။

#MeKongNews
#သံလွင်မြစ်
#မိုလိုချောင်း
#အာဆင်းနစ်အဆိပ်
#IEC

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now