မဲခေါင်၊ ဇန်နဝါရီ ၈
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ပြည်နယ်၊ မွမ်းခရိုင်တွင် ၂ ထပ်အိမ်တစ်လုံး မီးလောင်ခဲ့ပြီးနောက် အမြွာမိန်းကလေး ၂ ဦး နှင့် အိပ်ရာထဲလဲနေသော အမျိုးသမီးကြီးတစ်ဦး အပါအဝင် မိသားစုဝင် ၅ ဦး မီးခိုးများမွှန်ပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။
မီးငြှိမ်းသတ်နေစဉ် လင်မယား ၂ ဦး အပါအဝင် လူ ၅ ဦးကို မီးသတ်တပ်ဖွဲ့ဝင်များက အောင်မြင်စွာ ဆွဲထုတ်နိုင်ခဲ့ကြောင်း ခရိုင်ရဲတပ်ဖွဲ့က ပြောသည်။
မီးလောင်မှုဖြစ်သည့် နေရာမှာပင် ၎င်းတို့အား အရေးပေါ် နှလုံးနှိုးမှုများ လုပ်ဆောင်ခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ကြသည်။
သို့သော် ဆေးရုံသို့ ရောက်ရှိချိန်တွင် ၅ ဦးစလုံး သေဆုံးသွားခဲ့ကြောင်း သိရသည်။
မီးသတ်တပ်ဖွဲ့များကို မီးကို တစ်နာရီကြာ အချိန်ယူ ငြှိမ်းသတ်ခဲ့ရပြီး နေအိမ်မှာလည်း ရစရာမရှိအောင် ပျက်စီးသွားခဲ့သည်။
ဝါယာရှော့ဖြစ်ရာမှ မီးလောင်မှုစတင်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ကနဦး ကောက်ချက် ချထားသော်လည်း လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည့် မီးလောင်မှုကို စုံစမ်းစစ်ဆေးပြီး အကြောင်းရင်းကို ဖော်ထုတ်သွားမည်ဖြစ်သည်။
အေးကျော်
Ref:Thai PBS World
#MeKongNews
#ချင်းမိုင်
#မီးလောင်မှု
#မိသားစု
#သေဆုံး








