နေ့စဥ်သတင်း

တောင်ကြီးမြို့၊ ကျောက်တိုင်ကွင်း အနီးရှိ ဆိုင်ခန်းများကို အမြန်ဖယ်ခိုင်းနေ

မဲခေါင် 6 Jan - 2026
မဲခေါင်၊ ဇန်နဝါရီ ၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကျောက်တိုင်ကွင်း ပတ်လည်ရှိ တိုက်ခန်းနှင့် ဆိုင်ခန်းများကို အမြန်ဖယ်ရှား ရှင်းလင်းမည် ဖြစ်ကြောင်း ဇန်နဝါရီ ၅ ရက်တွင် ရှမ်းပြည်အစိုးရအဖွဲ့က စာပို့အသိပေးလာကြောင်း သတင်း ရင်းမြစ်များထံမှ သိရသည်။ ကျောက်တိုင်ကွင်း ပတ်လည်တွင် ဆောက်ထားသည့် ဆိုင်ခန်းနှင့် တိုက်ခန်းများ နေရာတွင် နိုင်ငံတကာ အဆင့်မီ အားကစားကွင်း၊ အားကစားရုံနှင့် ရေကူးကန်၊ လူငယ်ရေးရာ စင်တာများ ဆောက်လုပ်ရန် ဖယ်ရှားခိုင်းခြင်း ဖြစ်ပြီး ငှားရမ်းထားသော စာချုပ်များကိုလည်း ရပ်စဲလိုက်ကာ အမြန်ဆုံး ဖယ်ရှား ရှင်းလင်းရန်လည်း ဒုတိယအကြိမ် အသိပေးကြောင်း သိရသည်။ “နေလို့ လုံးဝ မရတော့ဘူး။ အသနားခံစာ တင်လို့လည်း

မဲခေါင်၊ ဇန်နဝါရီ ၆

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကျောက်တိုင်ကွင်း ပတ်လည်ရှိ တိုက်ခန်းနှင့် ဆိုင်ခန်းများကို အမြန်ဖယ်ရှား ရှင်းလင်းမည် ဖြစ်ကြောင်း ဇန်နဝါရီ ၅ ရက်တွင် ရှမ်းပြည်အစိုးရအဖွဲ့က စာပို့အသိပေးလာကြောင်း သတင်း ရင်းမြစ်များထံမှ သိရသည်။

ကျောက်တိုင်ကွင်း ပတ်လည်တွင် ဆောက်ထားသည့် ဆိုင်ခန်းနှင့် တိုက်ခန်းများ နေရာတွင် နိုင်ငံတကာ အဆင့်မီ အားကစားကွင်း၊ အားကစားရုံနှင့် ရေကူးကန်၊ လူငယ်ရေးရာ စင်တာများ ဆောက်လုပ်ရန် ဖယ်ရှားခိုင်းခြင်း ဖြစ်ပြီး ငှားရမ်းထားသော စာချုပ်များကိုလည်း ရပ်စဲလိုက်ကာ အမြန်ဆုံး ဖယ်ရှား ရှင်းလင်းရန်လည်း ဒုတိယအကြိမ် အသိပေးကြောင်း သိရသည်။

“နေလို့ လုံးဝ မရတော့ဘူး။ အသနားခံစာ တင်လို့လည်း မရဘူး။ တကယ်လို့ မဖယ်ပေးရင် ဘူဒိုဇာနဲ့ လာဖျက်မယ်လို့‌လည်း ပြောတယ်။ တချို့ကျတော့ ပစ္စည်းရွှေ့နေပြီ။ တချို့ကျတော့ ဒီမှာနေတာ ကြာပြီဆိုတော့ မရွှေ့နိုင်ကြ သေးဘူး။ ရွှေ့ဖို့လည်း မလွယ်တော့ဘူးလေ”ဟု ဆိုင်ခန်း ပိုင်ရှင်တစ်ဦးက မဲခေါင်သို့ ပြောသည်။

ထိုသို့ တိုက်ခန်းများ၊ ဆိုင်ခန်းများကို ဖယ်ရှားခိုင်းမှုကြောင့် တိုက်ခန်းတွင် ငှားရမ်း နေထိုင်သူများနှင့် တိုက်ခန်း ဝယ်ယူထားသူများ အခက်ကြုံနေရပြီး နေရာသစ် ထပ်မံ ငှားရမ်းရန် ငွေကြေးအခက်ခဲ ဖြစ်နေကြောင်း ၎င်းက ဆိုသည်။

ယင်းဘောလုံးကွင်း ဘေးပတ်လည်တွင် ဆိုင်ခန်း၊ တိုက်ခန်းပေါင်း ၂၀၀ ကျော်ပြီး အများစုသည် ဆိုင်ကယ် အပို ပစ္စည်းဆိုင်နှင့် ပုံနှိပ်ဆိုင်များ ရှိကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်တွင်လည်း ကျောင်းကြီးစု ရပ်ကွက်ရှိ ရှမ်းရိုးမတိုက်တန်းနှင့် တပ်ပိုင် မြေပေါ်ရှိ ဆောက်လုပ်ထားသည့် အဆောက်အအုံနှင့် ဆိုင်ခန်းများကို စစ်ကောင်စီက ဘူဒိုဇာများဖြင့် ထိုးပြီး ရှင်းလင်းခဲ့သေးကြောင်း သိရသည်။

#MeKongNews
#တောင်ကြီး
#ကျောက်တိုင်ကွင်း
#ဆိုင်ခန်း
#အမြန်ဖယ်ခိုင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now