နေ့စဥ်သတင်း

ယဉ်ကျေးမှုအမွေအနှစ်တွေကို ကာကွယ်ဖို့ ယူနက်စကို ထုတ်ပြောလာတဲ့ တကျော့ပြန် ထိုင်း – ကမ္ဘောဒီးယား စစ်ပွဲ နောက်ဆုံးရ အခြေအနေ

မဲခေါင် 12 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၁၂ – ထိုင်း – ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက် တိုက်ပွဲများသည် ယနေ့နံနက် ၉ နာရီမှစ၍ ဆက်လက် ဖြစ်ပွားနေပြီး ကမ္ဘောဒီးယား တပ်ဖွဲ့ဝင်များက ပစ်ကူလက်နက် အမျိုးမျိုး အသုံးပြုကာ ထိုင်းနိုင်ငံဘက်ရှိ အရေးပါသော နေရာများစွာသို့ ပစ်ခတ်ခဲ့ကြကြောင်း ထိုင်းကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်သည်။ – ယနေ့ညနေ ၅ နာရီခွဲတွင် ထိုင်းစစ်သားများ အန်မား တောင်ကြားရှိ တောင်ကုန်းအမှတ် – ၆၇၇ ပေါ်၌ ထိုင်းအလံကို အောင်မြင်စွာ လွှင့်ထူနိုင်ခဲ့ပြီး စစ်ဆင်ရေးတပ်ဖွဲ့က ၎င်းဧရိယာထဲသို့ ဝင်ရောက်ပြီး ရှင်းလင်းခဲ့သည်။ – ထိုင်းစစ်သားများက အငြင်းပွားနေသည့် မြင်းကုန်းနှီး တောင်ကြားကို ရာနှုန်းပြည့်

မဲခေါင်၊ ဒီဇင်ဘာ ၁၂

– ထိုင်း – ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက် တိုက်ပွဲများသည် ယနေ့နံနက် ၉ နာရီမှစ၍ ဆက်လက် ဖြစ်ပွားနေပြီး ကမ္ဘောဒီးယား တပ်ဖွဲ့ဝင်များက ပစ်ကူလက်နက် အမျိုးမျိုး အသုံးပြုကာ ထိုင်းနိုင်ငံဘက်ရှိ အရေးပါသော နေရာများစွာသို့ ပစ်ခတ်ခဲ့ကြကြောင်း ထိုင်းကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်သည်။

– ယနေ့ညနေ ၅ နာရီခွဲတွင် ထိုင်းစစ်သားများ အန်မား တောင်ကြားရှိ တောင်ကုန်းအမှတ် – ၆၇၇ ပေါ်၌ ထိုင်းအလံကို အောင်မြင်စွာ လွှင့်ထူနိုင်ခဲ့ပြီး စစ်ဆင်ရေးတပ်ဖွဲ့က ၎င်းဧရိယာထဲသို့ ဝင်ရောက်ပြီး ရှင်းလင်းခဲ့သည်။

– ထိုင်းစစ်သားများက အငြင်းပွားနေသည့် မြင်းကုန်းနှီး တောင်ကြားကို ရာနှုန်းပြည့် ထိန်းချုပ်ထားနိုင်ပြီဟု ထိုင်းစစ်တပ်က ယနေ့ ညနေပိုင်းတွင် ဖော်ပြသည်။

– ထိုင်းတပ်ဖွဲ့များက ကမ္ဘောဒီးယား၏ ရှေ့တန်းကွပ်ကဲရေးနှင့် ထိန်းချုပ်ရေး နေရာတစ်ခုကို ၁၅၅ မမ M198 ဟောင်ဝစ်ဇာများဖြင့် ပစ်ခတ်ခဲ့သည်။

– ပရီယာဝီဟီယာ ဒေသရှိ လူနေထူထပ်သော နေရာများမှ ကမ္ဘောဒီးယား တပ်ဖွဲ့ဝင်များက ထိုင်းနိုင်ငံ၊ ဥဘွန်ရတ်ချဌာနီ ခရိုင်၊ နမ်းယွမ်မြို့နယ်ရှိ တောင်ကုန်းအမှတ် – ၆၇၇သို့ BM-21 ဒုံးကျည်များဖြင့် ပစ် ခတ်ခဲ့ကြောင်း ထိုင်းစစ်တပ်က ပြောသည်။

– ကမ္ဘောဒီးယား – ထိုင်းနယ်စပ်တစ်လျှောက် ပြန်လည်ဖြစ်ပွားလာသော တင်းမာမှုများ နောက်ဆက်တွဲအဖြစ် ယဉ်ကျေးမှု အမွေအနှစ်များကို အကာအကွယ်ပေးရန် လိုအပ်ကြောင်း ယူနက်စကိုက အလေးပေး ပြောကြားသည်။

– ယနေ့တွင် ပွိုက်ပက်‌ဒေသ၌ ပိတ်မိနေသော ထိုင်းအရပ်သားများအား ကမ္ဘောဒီးယား အာဏာပိုင်များက နေရပ်ပြန်ခွင့် မပြုသေးကြောင်း ထိုင်းစစ်တပ်က အတည်ပြု ပြောကြားသည်။ ၎င်းတို့ လုံခြုံစွာ ပြန်လာရေးအတွက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ကမ္ဘောဒီးယားနှင့် တက်ကြွစွာ ညှိနှိုင်း ဆောင်ရွက်နေကြောင်း ဆိုသည်။

– ကမ္ဘောဒီးယား၊ ပါဆတ်ခရိုင်၊ ဗီယဲဗိန်းမြို့နယ်၊ ထမာဒါရှိ ဒေသခံနေအိမ်များနှင့်စီးပွား‌ရေး အဆောက်အအုံများသည် ထိုင်းစစ်တပ်၏ လတ်တလော တိုက်ခိုက်မှုများကြောင့် ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း ကမ္ဘောဒီးယား သတင်းများက ဆိုသည်။
ထိုတိုက်ခိုက်မှုများတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊ အသေခံ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်း၊ ရေတပ် စစ်သင်္ဘောများမှ အမြောက်ဖြင့် ပစ်ခတ်ခြင်းနှင့် F – 16 တိုက်လေယာဉ်များဖြင့် ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပါဝင်ခဲ့ကြောင်း သိရသည်။

– ယနေ့အထိ ထိုင်းနိုင်ငံမှ ကမ္ဘောဒီးယားအပေါ် စစ်ရေး ကျူးကျော်မှုများကြောင့် အရပ်သား ၁၁ ဦး သေဆုံးပြီး ၅၉ ဦး ဒဏ်ရာရခဲ့ကြောင်း ကမ္ဘောဒီးယားက ဆိုသည်။ အာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ မိသားစုပေါင်း ၈၉၆၈၇ စု မှ စုစုပေါင်း လူဦးရေ ၃၀၃၂၁၃ ဦး နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း သိရသည်။

#MeKongNews
#ထိုင်း
#ကမ္ဘောဒီးယား
#စစ်ပွဲ
#နောက်ဆုံးရ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now