ကမ္ဘာ့သတင်း

ရုရှား၏ ဆိုဗီယက်ခေတ် စစ်ထောက်ပို့လေယာဉ်ကြီး ရေလှောင်ကန်ထဲပျက်ကျပြီး လိုက်ပါသူအားလုံး သေဆုံးဖွယ်ရှိ

မဲခေါင် 10 Dec - 2025
မဲခေါင်၊ ဒီဇင်ဘာ ၁၀ ဆိုဗီယက်ခေတ်ကျန် ရုရှား၏ စစ်ရေးထောက်ပို့လေယာဉ်ကြီး မော်စကိုအရှေ့မြောက်ပိုင်း အီဗန်ကိုဗို ရွာအနီးရှိ ယူဗော့စကိုယီရေလှောင်ကန်ထဲသို့ ပျက်ကျပြီး အပျက်အစီးအပိုင်းအစများသာ တွေ့ရှိကာ လေယာဉ်ပေါ် လိုက်ပါသည့် ခရီးသည် ၂ ဦးနှင့် လေယာဉ်ဝန်ထမ်း ၅ ယောက်စလုံး သေဆုံးဖွယ်ရှိကြောင်း သိရှိရသည်။ ရာသီဥတုကပ်ဘေးဒဏ်ကြောင့် ယို့ယွင်းနေသဖြင့် ပြန်လည်ပြင်ဆင်အပြီး အစမ်း ပျံသန်းမောင်းနှင်စဉ် An-22 စစ်ထောက်ပို့ လေယာဉ်ကြီး ဒီဇင်ဘာ ၉ ရက်တွင် ပျက်ကျခဲ့ခြင်းဖြစ်ကာ ကယ်ဆယ်ရေးအဖွဲ့ များရေလှောင်ကန်အတွင်း အသက်ကယ်ရှာဖွေနေသော်လည်း တစ်ဦးမှ မတွေ့ရသေးဘဲ လေယာဉ် အပျက်အစီးအပိုင်းအစများသာ တွေ့ရှိသည်ဟု ဒေသတွင်း သတင်းအေဂျင်စီတစ်ခုက ဆိုသည်။ နေတိုးအဖွဲ့က Cock ဟုခေါ်ကာ ၁၉၆၅

မဲခေါင်၊ ဒီဇင်ဘာ ၁၀

ဆိုဗီယက်ခေတ်ကျန် ရုရှား၏ စစ်ရေးထောက်ပို့လေယာဉ်ကြီး မော်စကိုအရှေ့မြောက်ပိုင်း အီဗန်ကိုဗို ရွာအနီးရှိ ယူဗော့စကိုယီရေလှောင်ကန်ထဲသို့ ပျက်ကျပြီး အပျက်အစီးအပိုင်းအစများသာ တွေ့ရှိကာ လေယာဉ်ပေါ် လိုက်ပါသည့် ခရီးသည် ၂ ဦးနှင့် လေယာဉ်ဝန်ထမ်း ၅ ယောက်စလုံး သေဆုံးဖွယ်ရှိကြောင်း သိရှိရသည်။

ရာသီဥတုကပ်ဘေးဒဏ်ကြောင့် ယို့ယွင်းနေသဖြင့် ပြန်လည်ပြင်ဆင်အပြီး အစမ်း ပျံသန်းမောင်းနှင်စဉ် An-22 စစ်ထောက်ပို့ လေယာဉ်ကြီး ဒီဇင်ဘာ ၉ ရက်တွင် ပျက်ကျခဲ့ခြင်းဖြစ်ကာ ကယ်ဆယ်ရေးအဖွဲ့ များရေလှောင်ကန်အတွင်း အသက်ကယ်ရှာဖွေနေသော်လည်း တစ်ဦးမှ မတွေ့ရသေးဘဲ လေယာဉ် အပျက်အစီးအပိုင်းအစများသာ တွေ့ရှိသည်ဟု ဒေသတွင်း သတင်းအေဂျင်စီတစ်ခုက ဆိုသည်။

နေတိုးအဖွဲ့က Cock ဟုခေါ်ကာ ၁၉၆၅ ခုနှစ်တွင် စတင်ပျံသန်းသည့် ဝန် တန် ၈၀ တင်ဆောင်နိုင်သော An-22 Antey လေယာဉ်ကြီးသည် သက်တမ်းအားဖြင့် ၅၁ နှစ်ရှိပြီဖြစ်ကာ ပျက်ကျမှုဖြစ်စဉ်ကို အသေးစိတ်မသိရသေးသော်လည်း စက်ပိုင်းဆိုင်ရာချို့ယွင်းချက်ကြောင့် ဖြစ်နိုင်သည်ဟု သုံးသပ်နေ သည်။

ရုရှားသည် ကမ္ဘာ့အကြီးဆုံး စစ်အင်အားကြီး နိုင်ငံတစ်ခုအဖြစ် သမ္မတပူတင်က ကမ္ဘာကို ခြိမ်းခြောက် နေသော်လည်း လက်ရှိ ရုရှားစစ်တပ်သည် ဆိုဗိယက်ခေတ်လက်ကျန် လေယာဉ်နှင့် သင်္ဘောများကို အသုံးပြုနေဆဲဖြစ်ကာ ယခုပျက်ကျသည့် An-22 Antey လေယာဉ်ကြီးသည် အရှည် ၁၈၇ ပေ၊ တောင်ပံအလျှား ပေ ၂၁၀ ရှိကာ တစ်ချိန်က ဆိုဗိယက်၏ အကြီးဆုံး စစ်လေယာဉ်များထဲတွင် ပါဝင် ခဲ့သည့် လေယာဉ်ဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းက ရုရှား ဗုံးကြဲလေယာဉ်ကြီး ဂိုထောင်အတွင်း ရပ်ထားစဉ် လေယာဉ်မောင်နှင့် လေကြောင်းလမ်းပြနှစ်ဦး အရေးပေါ် ထိုင်ခုံ ခုန်ထွက်မှု ခလုတ်ပွင့်ထွက်သွားပြီး အမိုးကွန်ကရစ် နံရံ နှင့် ဆောင့်မိသဖြင့် နှစ်ဦးစလုံး သေဆုံးခဲ့သေးသည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#ရုရှား
#ဆိုဗီယက်
#မော်စကိုမြို့
#စစ်လေယာဉ်
#ပျက်ကျ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now