မဲခေါင်၊ ဒီဇင်ဘာ ၅
ဒီဇင်ဘာ ၃ ရက်တွင် ကျားဖြန့်နှိမ်နင်းရေးစီမံချက်ကြီး၌ ဒေါ်လာသန်း ၃၀၀ ကျော်ဖိုး သိမ်းဆည်းမှုများ လုပ်နိုင်ခဲ့သည်ဟု ထိုင်းဝန်ကြီးချုပ် အနုတင်ကြေညာအပြီး နာရီပိုင်းအကြာမှာပင် ထိုင်းလူမှုကွန်ရက်များပေါ် ၎င်း၏ အဓိကကျားဖြန့်သံသယခေါင်းဆောင် တောင်အာဖရိကသား ဘန်ဂျမင်မူအာဘာဂါ (အများအခေါ် ဘန်စမစ်) တို့ အတူဓာတ်ပုံတွဲရိုက်ထားသည့် ဓာတ်ပုံများ၊ လက်ရှိ ထိုင်းဘဏ္ဍာရေးဝန်ကြီး အက်ခ်နီတီနှင့် ဘန်စမစ်တို့တွဲရိုက်ထားသည့် ဓာတ်ပုံများ လူမှုကွန်ရက်များပေါ် ပျံနှံ့လာခဲ့သည်။
ထိုသို့ ဝေဖန်မှုများစွာ မြင့်တက်လာချိန် ထိုင်းအတိုက်အခံ ပြည်သူ့ပါတီခေါင်းဆောင်တစ်ဦးဖြစ်သော ရန်ဆီမန်ရုမ်းက ဖေ့စ်ဘုတ်တွင် “ဒီပုံတွေရဲ့ သဘောသဘာ၀က ဘန်စမစ်ဆိုတာ တို့ထိမရနိုင်သူလို့ ပြောစရာ ဖြစ်မနေဘူးလား” ဟု မေးခွန်းထုတ်ခဲ့သည်။
ရန်ဆီမန်ရုမ်းသည် ရရှိထားသော သတင်း အချက်အလက်များအရ ဝန်ကြီးချုပ်အနုတင်နှင့်အတူ ဒုဝန်ကြီးချုပ်လည်းဖြစ် စိုက်ပျိုးရေးဝန်ကြီး လည်းဖြစ်သော သမ်မာနတ်ပရွမ်ပါအိုတို့သည် ကျားဖြန့်သံသယခေါင်းဆောင် ဘန်စမစ်နှင့် ချိတ်ဆက် ပတ်သက်နေမှုကြောင့် ရာထူးမှ နုတ်ထွက်ကြရန်လည်း ရဲရဲတောက် တောင်းဆိုသွားခဲ့သည်။
ထိုသို့ ဝေဖန်မှုမြင့်တက်လာချိန် အနုတင်က Channel 3 ရုပ်သံ၌ မိမိနှင့် ဘန်စမစ်တို့ တွေ့ဆုံခဲ့မှုမှာ ၂၀၁၄ ခုနှစ်က စင်ကာပူတွင်ပြုလုပ်သည့် အစည်းအဝေးပွဲတစ်ခုတွင်တွေ့သည်ပုံဖြစ်ကြောင်း၊ တခြား မည်သည့် ပတ်သက်မှုမှ မရှိကြောင်း ငြင်းဆိုသွားပြီး ဘဏ္ဍာရေးဝန်ကြီး အက်နီတီကလည်း တော်ဝင်ထိုင်းရဲတပ်ဖွဲ့မှ ပြုလုပ်သည့် လွန်ခဲ့သည့် ၅ နှစ်က အစည်းအဝေးတွင် ဘန်စမစ်နှင့် တွေ့ခဲ့ခြင်းသာ ဖြစ်ကာ ထိုစဉ်က ပွဲတက်သူ ၆၀ နှင့် ၇၀ ကြားရှိပြီး လိပ်စာကတ်များ လဲလှယ်ခဲ့သော်လည်း နောက်ပိုင်း မည်သည့် အဆက်အသွယ်မှ မရှိခဲ့ဟု ငြင်းဆိုသွားခဲ့သည်။
ကိုကလင်း
Ref: Thai BPS
#MeKongNews
#ထိုင်းဝန်ကြီးချုပ်
#ကျားဖြန့်
#ရမ်ဆီမန်ရုမ်း
#အနုတင်








