မဲခေါင်၊ နိုဝင်ဘာ ၂၇
ထိုင်ထအကြိမ် ၂၀၀၀ ကျော်လုပ်ခိုင်းကာ နှိပ်စက်သည့်အတွက် ကမ္ဘောဒီးယားနယ်စပ် နာမည်ကြီးကျားဖြန့်ရပ်ဝန်း ပွိုင်ပတ်တွင် သတ်မှတ် သေဆုံးခဲ့သည့် ထိုင်းနိုင်ငံသူအမျိုးသမီးအလောင်းကို နိုဝင်ဘာ ၂၆ ရက် ထိုင်းဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် အာရန်ယာပရာသတ်နယ်စပ်ဂိတ်မှတစ်ဆင့် ထိုင်းနိုင်ငံ အတွင်းသို့ ပြန်လည် ပို့ဆောင်ခဲ့သည်။
အသက် ၂၆ နှစ်သာရှိသေးသော ဖန်းငခရိုင်နေ ဆူဒါဆိုသည့် မိန်းကလေးသည် လိမ်လည်ငွေပမာဏ မပြည့်သဖြင့် ကျားဖြန့်ဂိုဏ်းမှ ထိုင်ထ အကြိမ် ၂၀၀၀ ကျော်လုပ်ခိုင်းခြင်းနှင့် မေ့သွားသည့်အခါ ကျဉ်စက်ဖြင့် ရှော့ခ်ရိုက်နှိုးပြီး ထပ်ကာထပ်ကာ နှိပ်စက်ရာမှာ နိုဝင်ဘာ ၁၃ ရက်တွင် နှလုံးရပ်သေဆုံးခဲ့ကြောင်း ယင်းကျားဖြန့်၌ အတူလုပ်သည့် သူငယ်ချင်းများက မိဘထံအကြောင်းကြားခဲ့ခြင်းဖြစ်သည်။
ကမ္ဘောဒီးယားဘက်က ဆူဒါအလောင်းကို ဘုရားကျောင်းသုဿာန်တစ်ခုတွင် မီးသင်္ဂြိုလ်ရန် စီစဉ်နေစဉ် ပြည်ပရောက်ထိုင်းအလုပ်သမားများအရေး အကူအညီပေးသည့် Immanuel Foundation Thailand အဖွဲ့မှ ဖနွမ်ပင်ရှိထိုင်းသံရုံးအား အကူအညီတောင်းကာ အလောင်းအား မိသားစုနေထိုင်ရာ ဖန်းင နေအိမ်သို့ ပြန်ပို့ဆောင်နိုင်ရေး ကြိုးစားခဲ့ရာမှ နယ်စပ်ဂိတ်မှ အလောင်းပါအခေါင်းကို ပြန်ပို့ပေး ခဲ့ခြင်းဖြစ်သည်။
ကိုကလင်း
Ref: The Nation
#MeKongNews
#ကျားဖြန့်
#ကမ္ဘောဒီးယား
#ထိုင်းနိုင်ငံသား
#နှိပ်စက်








