နေ့စဥ်သတင်း

မူဆယ် ၁၀၅ မိုင်ထွက် ကုန်ကားအားလုံး ဖမ်းရန် စစ်တပ်ညွှန်ကြား

မဲခေါင် 23 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၂၃ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ထွက်လာသော ကုန်တင်ယာဉ်အားလုံးကို တားဆီး၊ ဖမ်းဆီးရန် စစ်ကောင်စီမှ အမိန့်ထုတ်ထားကြောင်း ယင်းလမ်းကြောင်းတွင် သယ်ယူပို့ဆောင်နေသည့် ကုန်သည်များထံမှ သိရသည်။ မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ AA၊ MNDAA၊ TNLA တို့ ထိန်းချုပ်ထားသည့် ၁၀၅ မိုင်ဇုန်မှ ထွက်သော ကားအားလုံးကို တရားမဝင် ကုန်သွယ်ရေးအဖြစ် သတ်မှတ်ကာ နယ်စပ်ဂိတ်များအထိ တင်းကြပ်စွာ တားဆီး၊ ဖမ်းဆီးရေး လုပ်ဆောင်နေကြောင်း ရှမ်းမြောက်က ကုန်သည်တစ်ဦးက ယနေ့ မဲခေါင်သို့ ပြောကြားသည်။ စစ်ကောင်စီက ရှမ်းပြည်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင်ဇုန်ကို မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က

မဲခေါင်၊ နိုဝင်ဘာ ၂၃

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ထွက်လာသော ကုန်တင်ယာဉ်အားလုံးကို တားဆီး၊ ဖမ်းဆီးရန် စစ်ကောင်စီမှ အမိန့်ထုတ်ထားကြောင်း ယင်းလမ်းကြောင်းတွင် သယ်ယူပို့ဆောင်နေသည့် ကုန်သည်များထံမှ သိရသည်။

မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ AA၊ MNDAA၊ TNLA တို့ ထိန်းချုပ်ထားသည့် ၁၀၅ မိုင်ဇုန်မှ ထွက်သော ကားအားလုံးကို တရားမဝင် ကုန်သွယ်ရေးအဖြစ် သတ်မှတ်ကာ နယ်စပ်ဂိတ်များအထိ တင်းကြပ်စွာ တားဆီး၊ ဖမ်းဆီးရေး လုပ်ဆောင်နေကြောင်း ရှမ်းမြောက်က ကုန်သည်တစ်ဦးက ယနေ့ မဲခေါင်သို့ ပြောကြားသည်။

စစ်ကောင်စီက ရှမ်းပြည်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင်ဇုန်ကို မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က ထိန်းချုပ်ထားနေသောကြောင့် ထိုဇုန်မှ ပြည်တွင်းသို့ ဝင်လာသည့် ကုန်ကားအားလုံးကို နိုဝင်ဘာလ ဒုတိယပတ်မှစ၍ တင်းတင်းကျပ်ကျပ် အရေးယူရန် စစ်ကောင်စီက အထူးညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း ယင်းကုန်သည်က ပြောသည်။

“အရင်ကလည်း ဖမ်းဖို့ ဆိုတာ ရှိပေမယ့် အခုက ထပ်ပြီး တင်းကြပ်လာတယ်။ သူပုန်အားမပေးဖို့ လည်းပြောတယ်။ ခုက လမ်းမှာ ဖမ်းမိရင် လူပါ ‘သူပုန်အားပေးမှု’ နဲ့ အရေးယူမယ်လို့ ပြောနေတယ်။ မကြာခင် ကုန်တွေ ပြတ်သွားမယ်၊ စျေးတွေ ကမောက်ကမ တက်လာမယ်”ဟု ၎င်းက မဲခေါင်ထံသို့ ပြောသည်။

မန္တလေး–မူဆယ် ကုန်သွယ်ရေးလမ်းကြောင်းမှ ရရှိနေသည့် ဝင်ငွေများသည် မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့များ၏ ဘဏ္ဍာရေးကို အထောက်အပံ့ပေးနေပြီး ၎င်းတို့ကို တိုက်ခိုက်ရာတွင် ပြန်လည်အသုံးပြုနေကြောင်း စစ်ကောင်စီက စွပ်စွဲထားသည်။

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့သည် ယခုနှစ် ဇူလိုင် ၁ ရက်မှ စ၍ ၁၀၅ မိုင် ကျင်းစန်းကျော့ဂိတ်တွင် ၎င်းတို့ သတ်မှတ်ထားသည့် အခွန်နှုန်းထားများဖြင့် ကုန်သွယ်ခွန်ကို ကောက်ခံလျက်ရှိနေသည်။

စစ်ကောင်စီဘက်ကမူ ယခုနှစ် ဩဂုတ်လက တရုတ်အစိုးရထံ ၁၀၅ မိုင်ဇုန်အပါအဝင် ပြည်ထောင်စု ကုန်သွယ်လမ်းမပေါ်ရှိ မြို့များကို ပြန်လည် ရရှိနိုင်ရန် အကူအညီ တောင်းခံထားကြောင်းလည်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီက တရုတ်အကူအညီဖြင့် MNDAA ကို တပ်စွဲထားသည့် နေရာများမှ အတင်းအကြပ် ဆုတ်ခွာခိုင်းနေသလို မူဆယ် ၁၀၅ မိုင်ကို ဖိအားပေးရန် စစ်အင်အားများ ဖြည့်တင်းလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

#MeKongNews
#မူဆယ်
#၁၀၅မိုင်ဇုန်
#ကုန်ကားဖမ်းဆီးမှု
#မြောက်ပိုင်းမဟာမိတ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now