မဲခေါင်၊ နိုဝင်ဘာ ၁၈
နိုဝင်ဘာ ၁၇ ရက် မိုးမသောက်မီတွင် ဆော်ဒီနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်များ အထွတ်အမြတ်ထားရာ မက္ကာမှ မီဒီနာမြို့သို့ ဘတ်စ်ကားဖြင့် ဘုရားဖူးလာသော အိန္ဒိယနိုင်ငံသားများ တင်ဆောင်လာသည့် ဘတ်စ်ကား ဒီဇယ်ဘောက်ဆာကားအား ဝင်တိုက်မိသဖြင့် ကားပေါ်တွင်ပါသူ ၁ ဦးမှလွဲပြီး ၄၅ ယောက် အထိ သေဆုံးခဲ့ရသည်။
ဟာ့ဂျ်ဘုရားဖူးရာသီမဟုတ်လျှင်လည်း ဆော်ဒီနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်တို့အတွက် မြင့်မြတ်ရာ မြို့များသို့ နှစ်စဉ်လာရောက်သော ကမ္ဘာအရပ်ရပ်မှ ဘုရားဖူးများစွာရှိနေကာ နိုဝင်ဘာ ၉ ရက်၌ ဟိုင်ဒရာဘက်မှ ထွက်ခွာလာသည့် ယင်းဘုရားဖူးခရီးစဉ်တွင် အိန္ဒိယနိုင်ငံသား ၅၄ ဦးလိုက်ပါခဲ့ပြီး မက္ကာမှ မီဒီနာသို့သွားသည့် ခရီးစဉ်မှာ ၄ ဦးသည် မက္ကာတွင်နေရစ်ကာ အခြား ၄ ဦးသည် ကားငယ်ဖြင့် သွားကြသဖြင့် ၄၅ ယောက်လိုက်ပါသွားပြီး အများစု အိပ်ပျော်နေချိန် ကားတိုက်ပေါက်ကွဲသဖြင့် ကားထဲမှ မထွက်နိုင်ဘဲ မီးလောင်သေဆုံးခဲ့ရခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မိုဒီက နိုဝင်ဘာ ၁၇ ရက်မနက်အစောပိုင်း၌ မိသားစုဝင်များနှင့် ထပ်တူ ဝမ်းနည်းရကြောင်း လူမှုကွန်ရက် X တွင် ရေးတင်ခဲ့သည်။
ဆော်ဒီနိုင်ငံသည် ချမ်းသားသော ပယ်လယ် ကွေ့နိုင်ငံများထဲ ယခုလို ယာဉ်မတော်တဆမှုများကြောင့် သေဆုံးမှု အများဆုံး နိုင်ငံဖြစ်ကာ ဟာ့ဂျ် ဘုရားဖူးကာလဆိုလျှင် သန်းပေါင်းများစွာသော ကမ္ဘာအရပ်ရပ်မှ လာရောက်သူများနှင့် ယာဉ်မတော် တဆမှုများ၊ လူပြိုပိမှုများဖြင့် သေဆုံးမှုများပြားနေရခြင်းဖြစ်သည်။
၂၀၂၃ ခုနှစ် မတ်လက ဘုရားဖူးလာသူများအား တင်ဆောင်လာသည့် ဘတ်စ်ကား တံတားတစ်ခုအားဝင်တိုက်ပြီး မီးလောင် ပေါက်ကွဲရာ အယောက် ၂၀ သေဆုံးပြီး ၂ ဒါဇင်ကျော် ဒဏ်ရာရခဲ့သည်။
၂၀၁၉ အောက်တိုဘာလက လည်း မီဒီနာမြို့အနီး ဘုရားဖူးလား နိုင်ငံခြားသားများတင်ဆောင်လာသည့် ဘတ်စ်ကား အခြားသော ကြီးမားသည့် ယာဉ်တစ်ခုကို ဝင်တိုက်ရာမှ ၃၅ ယောက်သေဆုံးပြီး ၄ ယောက် ဒဏ်ရာရခဲ့သေးသည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ဆော်ဒီ
#ဘုရားဖူးကားမှောက်
#အိန္ဒိယ
#အစ္စလာမ်








