ကမ္ဘာ့သတင်း

နောက်ဆုံးလက်ကျန် အမေရိကန်သား ဓားစာခံအလောင်းကို ဟားမက်စ်တို့ ပြန်လွှဲပြောင်းပေး

မဲခေါင် 7 Nov - 2025
မဲခေါင်၊ နိုဝင်ဘာ ၇ နိုဝင်ဘာ ၄ ရက်နေ့က ဂါဇာရှိ ဟားမက်စ်တပ်များသည် နောက်ဆုံးလက်ကျန် အမေရိကန်နိုင်ငံသား ဓားစာခံ အစ်တေးချန်းကို ကြက်ခြေနီအဖွဲ့မှတစ်ဆင့် အစ္စရေးထံသို့ အလောင်း ပေးပို့ခဲ့သည်။ လွန်ခဲ့သည့် ၂ နှစ်အောက်တိုဘာလကတည်းက ၇ ရက်နေ့က ဟားမက်စ်တို့ အစ္စရေးနယ်စပ်ကျော်ဖြတ် ဝင်ရောက်ကာ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနှင့် ဓာစားခံများစွာ ဖမ်းဆီးခေါ်ဆောင်သွားမှုတွင် ထိုစဉ်က ၁၉ နှစ်သာရှိသေးသော အစ်တေးချန်လည်း ပါသွားခဲ့ပြီး ၎င်းသည် အစ္စရေးတွင် မွေးဖွားကာ အမေရိကန်နိုင်ငံသားခံယူထားသူဖြစ်ပြီး မိသားစုက သေသည်ရှင်သည် မသေချာသေးသဖြင့် ဈာပန အခမ်းအနားလည်း မကျင်းပနိုင်ဘဲ ၂ နှစ်ကျော် စောင့်ဆိုင်းနေရခြင်းဖြစ်သည်။ အစ်တေးချန်သည် အစ္စရေးကာကွယ်ရေးတပ်သားအဖြစ် တာဝန်ထမ်းရွက်နေကာ ဟားမက်စ်များ ကျူးကျော်သတ်ဖြတ်စဉ်

မဲခေါင်၊ နိုဝင်ဘာ ၇

နိုဝင်ဘာ ၄ ရက်နေ့က ဂါဇာရှိ ဟားမက်စ်တပ်များသည် နောက်ဆုံးလက်ကျန် အမေရိကန်နိုင်ငံသား ဓားစာခံ အစ်တေးချန်းကို ကြက်ခြေနီအဖွဲ့မှတစ်ဆင့် အစ္စရေးထံသို့ အလောင်း ပေးပို့ခဲ့သည်။

လွန်ခဲ့သည့် ၂ နှစ်အောက်တိုဘာလကတည်းက ၇ ရက်နေ့က ဟားမက်စ်တို့ အစ္စရေးနယ်စပ်ကျော်ဖြတ် ဝင်ရောက်ကာ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနှင့် ဓာစားခံများစွာ ဖမ်းဆီးခေါ်ဆောင်သွားမှုတွင် ထိုစဉ်က ၁၉ နှစ်သာရှိသေးသော အစ်တေးချန်လည်း ပါသွားခဲ့ပြီး ၎င်းသည် အစ္စရေးတွင် မွေးဖွားကာ အမေရိကန်နိုင်ငံသားခံယူထားသူဖြစ်ပြီး မိသားစုက သေသည်ရှင်သည် မသေချာသေးသဖြင့် ဈာပန အခမ်းအနားလည်း မကျင်းပနိုင်ဘဲ ၂ နှစ်ကျော် စောင့်ဆိုင်းနေရခြင်းဖြစ်သည်။

အစ်တေးချန်သည် အစ္စရေးကာကွယ်ရေးတပ်သားအဖြစ် တာဝန်ထမ်းရွက်နေကာ ဟားမက်စ်များ ကျူးကျော်သတ်ဖြတ်စဉ် ပြည်သူအား ကာကွယ်ပေးရင်း သေဆုံးပြီး အလောင်းပျောက်သွားသည်ဟု ကနဦးသတင်းများထွက်ပေါ်ခဲ့သေးသလို မသေဆုံးဘဲ ဟားမက်စ်တို့ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသည် ဟုလည်း သတင်းများ ထွက်ပေါ်ခဲ့သူဖြစ်သည်။

၂၀၂၄ ခုနှစ်ကမူ အစ္စရေးစစ်တပ်က အစ်တေးချန်သည် ၂၀၂၃ ခုနှစ်အောက်တိုဘာ ၇ ရက်နေ့ တိုက်ခိုက် မှုဖြစ်စဉ်ကတည်းက သေဆုံးခဲ့သည်ဟု ထောက်လှမ်းရေးသတင်းအချက်အလက်များအရ သိရကြောင်း ထုတ်ပြန်ခဲ့ပြီး ယခုမှ ဟားမက်စ်တို့ထံမှ အလောင်းပြန်ရခဲ့ခြင်းဖြစ်သည်။

အစ်တေး၏ ဖခင် ရူဘီချန်းက သားဖြစ်သူ အသက်ရှင်လျှက်ရှိနေသေးသည်ဟု ခံစားရပြီး ယခု အလောင်းပြန်ရသည်ဆိုသော်လည်း အလောင်းသည် အမေရိကန်ရှိ မိသားစုထံ ပြန်မရောက်မချင်း ဈာပနအခမ်းအနားမကျင်းပသေးဟု အင်တာဗျူး၌ ထုတ်ပြန်ခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကမူ အစ်တေးချန်အတွက် ဂုဏ်ပြုရမည်ဖြစ်ကာ ဆုံးရှုံးမှုအတွက် မိသားစုနှင့်အတူ ဝမ်းနည်းအောက်မေ့ကြရမည်ဖြစ်ကြောင်း ထုတ်ပြန်သွားခဲ့သည်။

ဒေါ်နယ်ထရမ့်ကြားဝင်စေ့စပ်ပေးခြင်းကြောင့် အစ္စရေးနှင့်ဟားမက်စ်တို့ အောက်တိုဘာ ၁၀ ရက်တွင် ဂါဇာအပစ်အခတ်ရပ်စဲရေး သဘောတူမှုရယူနိုင်ခဲ့ပြီးနောက် အသက်ရှင်လျှက် ဓားစာခံ ၂၀ ပြန်လွတ်လာပြီး နိုဝင်ဘာ ၄ ရက်က နောက်ထပ် ဓားစာခံတစ်ဦးအလောင်းကို ဟားမက်စ်တို့က အစ္စရေးထံ ပြန်လည်လွှဲအပ်ရာ စစ်ဆေးမှုအရ စစ်မှန်သည့် ဓားစာခံဖြစ်သည်ဟု အတည်ပြုခဲ့သည်။

သို့သော် ထိုနေ့မှာပင် အစ္စရေးတပ်များနောက်ဆုတ်ပေးထားသည့် အဝါရောင်စည်းကို ပါလက်စတိုင်း သား ၂ ဦး ရန်ပြုတိုက်ခိုက်လိုဟန်ဖြင့် ကျူးကျော်လာသဖြင့် ပစ်သတ်ခဲ့ကြောင်း အစ္စရေးဘက်က ထုတ်ပြန်ကြေညာခဲ့သည်။

လက်ရှိတွင် ဟားမက်စ်တို့ သေဆုံးပြီးသား ဓားစာခံအလောင်း ၂၈ လောင်း ပြန်လည်လွှဲပေးခဲ့ပြီး နောက်ဆုံး ဓားစာခံ ၆ လောင်းသား ထပ်မံလွှဲပေးရန် ကျန်ရှိတော့သည်။

ကိုကလင်း
Ref: nytimes
#MeKongNews
#အစ္စရေး
#အမေရိကန်
#ဟားမက်စ်
#ဓားစာခံ
#အဝါရောင်စည်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်ခမ်း-မိုင်းဝီးလမ်းပိုင်း ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ယာယီပိတ်ထား

မဲခေါင်၊ နိုဝင်ဘာ ၁၄ တအာင်းတပ်ဖွဲ့(TNLA) ထိန်းချုပ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မိုင်းဝီးမြို့အကြား ဆက်သွယ်ထားသည့် လမ်းပိုင်းကို ပြန်လည်ပြုပြင်မည်ဖြစ်သဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို TNLA က ယာယီပိတ်ထားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းလမ်းပိုင်းကို ကုန်တင်ယာဉ်များအနေဖြင့် ၂၀၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာ ၆ ရက် ည ၁၁

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့ တီဟီရန်က အသေးစိတ် အစီအစဥ် ရေးဆွဲထားတယ်လို့ အီရန်ထိပ်တန်းအရာရှိကြီး ၂ ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now