မဲခေါင်၊ နိုဝင်ဘာ ၆
TNLA ထိန်းချုပ်သည့် ရှမ်းပြည်မြောက်ပိုင်းမှ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာဘက်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လယ်ဧက ၆၀၀ ကျော် ရေမြုပ်ပြီး ရိတ်သိမ်းဆဲ စပါးများ ပျက်စီးဆုံးရှုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။
နိုဝင်ဘာ ၁ ရက်မှစပြီး ယခုထိ အဆက်မပြတ်ရွာသွန်းသည့်မိုးကြောင့် နမ့်ဖတ်ကာ၊ ခမောပါ၊ ပန်ကိုင်ရွာများ ၏ဘက်တွင် စပါးများရေထဲမျောပါပြီး စပါးမှအညှောက်ထွက်ခြင်း၊ အပင်ပေါက်ခြင်းများဖြစ်နေကြောင်း ဒေသခံလယ်သမားများထံမှ သိရသည်။
“ရေမြုပ်တဲ့စပါးတွေက ပုပ်ကုန်တယ်။ မိုးထိတဲ့စပါးတွေက အညှောက်တွေထွက်၊ အပင်တွေပေါက်ကုန်တာ၊ စပါးပုံဆို ရေတဝက်လောက်အထိမြုပ်ကုန်တာ”ဟု ကွတ်ခိုင်ဒေသခံတစ်ဦးက ပြောသည်။
ယခုကဲ့သို့ မိုးဆက်တိုက်ရွာ၍ ပျက်စီးမှုမျိုး လွန်ခဲ့သည့် ၁၉၇၀ ပြည့်လွန်ကာလများကသာ ဖြစ်ပွားခဲ့သော်လည်း ယခုကဲ့သို့ ဆိုးရွားစွာမဖြစ်ခဲ့ဖူးကြောင်းဒေသခံများက ပြောကြားသည်။
#MeKongNews
#ကွတ်ခိုင်
#နမ့်ဖတ်ကာ
#လယ်ရေမြုပ်
#စပါးပျက်စီး








