နေ့စဥ်သတင်း

ဟိုပုံးတွင် သာသနာ့ဝတ္တက ရေသိမ်မြေကို PNO အဓမ္မသိမ်းယူပြီး ရောင်းစာရန် လုပ်ဆောင်နေ

မဲခေါင် 27 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသ၊ ဟိုပုံးမြို့နယ်မှ ဇောတိကရာမစာသင်တိုက် (ရန်ကင်းကျောင်း) ပိုင် ဖြစ်သည့် သာသနာ့ဝတ္တက ရေသိမ်တော်မြေနေရာကို PNO/PNA ပအိုဝ်း ပြည်သူ့စစ်အဖွဲ့က ကျောင်းပိုင်၊ ကျောင်းထိုင်နှင့် မူလအလှူရှင်၏ ခွင့်ပြုချက်မရယူဘဲ အဓမ္မ အပိုင်သိမ်းရန် ပြုလုပ်နေကြောင်း ယင်းကျောင်းမြေနှင့်နီးစပ်သူများထံမှ သိရသည်။ PNO ကသိမ်းယူမည့် ယင်းရန်ကင်းဘုန်းတော်ကြီးကျောင်း ရေသိမ်မြေနေရာမှာ မူလပိုင်ရှင် ဖြစ်သူက ၁၉၇၆ ခုနှစ်တွင် ရေစက်သွန်းချ လှူဒါန်းထားခြင်းဖြစ်ပြီး လက်ရှိတွင်လည်မြေစာရင်းဌာနက သာသနာ့မြေအဖြစ် အတည်ပြုထားသည့် နေရာဖြစ်ကြောင်း သိရသည်။ “ပြီးခဲ့တဲ့ နှစ် ၅၀ လောက်တုန်းက အလှူရှင်ကကျောင်းမြေကို တစ်ဦးတည်း လှူထားတာ၊ အခုသူတို့ ကျူးကျော်လာတာက ကျောင်းတစ်ခုလုံးကို ကျူးကျော်တာ

မဲခေါင်၊ အောက်တိုဘာ ၂၇

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသ၊ ဟိုပုံးမြို့နယ်မှ ဇောတိကရာမစာသင်တိုက် (ရန်ကင်းကျောင်း) ပိုင် ဖြစ်သည့် သာသနာ့ဝတ္တက ရေသိမ်တော်မြေနေရာကို PNO/PNA ပအိုဝ်း ပြည်သူ့စစ်အဖွဲ့က ကျောင်းပိုင်၊ ကျောင်းထိုင်နှင့် မူလအလှူရှင်၏ ခွင့်ပြုချက်မရယူဘဲ အဓမ္မ အပိုင်သိမ်းရန် ပြုလုပ်နေကြောင်း ယင်းကျောင်းမြေနှင့်နီးစပ်သူများထံမှ သိရသည်။

PNO ကသိမ်းယူမည့် ယင်းရန်ကင်းဘုန်းတော်ကြီးကျောင်း ရေသိမ်မြေနေရာမှာ မူလပိုင်ရှင် ဖြစ်သူက ၁၉၇၆ ခုနှစ်တွင် ရေစက်သွန်းချ လှူဒါန်းထားခြင်းဖြစ်ပြီး လက်ရှိတွင်လည်မြေစာရင်းဌာနက သာသနာ့မြေအဖြစ် အတည်ပြုထားသည့် နေရာဖြစ်ကြောင်း သိရသည်။

“ပြီးခဲ့တဲ့ နှစ် ၅၀ လောက်တုန်းက အလှူရှင်ကကျောင်းမြေကို တစ်ဦးတည်း လှူထားတာ၊ အခုသူတို့ ကျူးကျော်လာတာက ကျောင်းတစ်ခုလုံးကို ကျူးကျော်တာ မဟုတ်ပေမယ့် သာသနာမှာအဓိက ဖြစ်တဲ့ ရေသိမ်နေရာကိုပဲ။ သိမ်လည်း သမုတ်ပြီးသားပါ။ အဲဒါကို PNAက သိမ်းယူပြီး မြေကွက်ရိုက်ရောင်းဖို့ လုပ်နေတာ” ဟု ယင်းဘုန်းကြီးကျောင်းနှင့် နီးစပ်သူကမဲခေါင်ကို ပြောသည်။

သာသနာ့မြေဖြစ်သော ရေသိမ်တော်နေရာအား အဓမ္မကျူးကျော်သိမ်းယူသူများမှာ ဟိုပုံး PNO မှ သိန်းဖာဝင်းနှင့် တင်မောင်ဆိုသူတို့ဖြစ်ပြီးမြေ ကွက်ရိုက်ရောင်းချရန် စီစဥ်နေသူမှာ နန်းခမ်းပေး ခေါ် စုစုအောင် ဖြစ်ကာ အောက်တိုဘာလ ၂၀ ရက်နေ့က မြေနေရာပြင်ဆင်ခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

“ဘုန်းကြီးတွေကတော့ မြေကို ကျူးကျော်ယူတာကို စိတ်မကောင်း ဖြစ်ကြပေမဲ့ မြေကွက်ရိုက် ရောင်းမှာကိုတော့ တော်တော်လေးကို စိုးရိမ်နေကြတယ်။ သာသနာ့မြေ သိမ် သမုတ်ထားတဲ့ မြေဖြစ်လို့ ဝယ်ပြီး နေတဲ့သူတွေ အပြစ် မရစေချင်တာမျိုးပါ။ ၇ ရက် သားသမီးတွေ ဒုက္ခ မရောက်စေချင်တာမျိုးပေါ့” ဟု သံဃာများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“မသာပစ္စည်းကိုဆောင် ကျောင်းပစ္စည်းကို ရှောင်” ဆိုသည့် စကားအတိုင်း သာသနာ၏ပစ္စည်းများကို မသင့်မလျော်ပြုလုပ်ပါက ယခုဘဝတွင်မက နောင်သံသရာ အဆက်ဆက် ဗျသနတရား ခေါ် ပျက်စီးမှုအဖုံဖုံခံစားရမည်ဟု ဗုဒ္ဓဘာသာဝင်များက ယုံကြည်ကြကြောင်း ယင်းနီးစပ်သူက ပြောသည်။

မူလမြေအလှူရှင်နှင့် မူလဆရာတော်ကြီးများမရှိတော့သည့်နောက် လက်ရှိကျောင်း ထိုင်ဆရာတော်ကို PNO အဖွဲ့က ယင်းမြေနေရာမှာ ၎င်းတို့အပိုင်ဟုဆိုပြီး မောက်မာရိုင်းစိုင်းစွာပြောဆိုပြီး အကွက်ရိုက်ရောင်းချရန် ကြံစည်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ယင်းမြေမှာ လက်ရှိပေါက်စျေးအဖြစ် ကျပ်သိန်း ၃၀၀ တန် ​မြေကွက် ၁၀ ကွက်ခန့် တန်ဘိုးရှိနေကြောင်း ဒေသခံများထံက သိရသည်။

ယခု ဇောတိကရာမစာသင်တိုက် (ရန်ကင်းကျောင်း) သည် ရန်ကင်းကျေးရွာ၊ ဟိုပုံးမြို့အဝင် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တည်ရှိပြီး ဟိုပုံးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများအနက် ထင်ရှားသည့် စာသင်တိုက်တစ်ခုဖြစ်ကြောင်း စုံစမ်းသိရသည်။

#MeKongNews
#ဟိုပုံးမြို့
#သာသနာ့နယ်မြေ
#PNO
#အကွက်ရိုက်ရောင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်ခမ်း-မိုင်းဝီးလမ်းပိုင်း ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ယာယီပိတ်ထား

မဲခေါင်၊ နိုဝင်ဘာ ၁၄ တအာင်းတပ်ဖွဲ့(TNLA) ထိန်းချုပ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မိုင်းဝီးမြို့အကြား ဆက်သွယ်ထားသည့် လမ်းပိုင်းကို ပြန်လည်ပြုပြင်မည်ဖြစ်သဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို TNLA က ယာယီပိတ်ထားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းလမ်းပိုင်းကို ကုန်တင်ယာဉ်များအနေဖြင့် ၂၀၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာ ၆ ရက် ည ၁၁

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့ တီဟီရန်က အသေးစိတ် အစီအစဥ် ရေးဆွဲထားတယ်လို့ အီရန်ထိပ်တန်းအရာရှိကြီး ၂ ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now