မဲခေါင်၊ အောက်တိုဘာ ၁၅
အောက်တိုဘာ ၁၄ ရက်က ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲဆောက်မြို့တွင် မြန်မာနိုင်ငံ ကျားဖြန့်လုပ်ငန်းများ စည်ကားရာ မြ၀တီမြို့သို့ ဆယ်ကျော်သက် မိန်းကလေးငယ် ၂ဦးအား စေလွှတ်ပြီး တရုတ်များအသုံး တော်ခံရန် လူမှောင်ခိုကူးမှုသံသယဖြင့် ၅၉ နှစ်အရွယ် ထိုင်းအမျိုးသားကို ဖမ်းဆီးနိုင်ခဲ့သည်။
၎င်း၏အမည်အပြည့်အစုံကို ရဲတပ်ဖွဲ့က မဖော်ပြဘဲ အနီဖော့ဟုသာ ထုတ်ပြန်ကာ မိန်းကလေး ၂ ဦးမှာ အသက် ၁၃ နှစ်၊ ၁၄ နှစ်အရွယ်များသာ ရှိသေးကြောင်း၊ မိန်းကလေးများ မိဘမှ တိုင်ကြားသဖြင့် မဲဆောက်တရားရုံးမှ ဖမ်း၀ရမ်းနှင့် လမ်းပေါ်၌ အနီဖော့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း လူမှောင်ခို တိုက်ဖျက်ရေးရဲမှူး ဝစ်သာရာဆရီပရာဆက်ဖတ်က ထုတ်ဖော်ပြောဆိုသွားခဲ့သည်။
မိန်းကလေးငယ် ၂ ဦးကို မြ၀တီဘက်ခြမ်း ကာရာအိုကေဘားသို့ လူမှောင်ခိုကူးတင်ပို့ရန် စီစဉ်နေခြင်း ဖြစ်ကာ တိုင်ကြားမှုများအရ မိန်းကလေးငယ် ၂ ဦးသည် ည ၈ နာရီမှ မနက် ၃ နာရီအထိ တရုတ်များ ကို လိင်ဝန်ဆောင်မှုပါ ပေးရသည်ဟု ဆိုသည်။
၎င်းတို့ လွတ်မြောက်ရေးအတွက် တစ်ဦးလျှင် ဘတ် ၈၀၀၀ စီပေးရန် ငွေညှစ်သဖြင့် မိဘများက ငွေပေးပို့ပြီးနောက် တိုင်ကြားခဲ့ရာမှ ဖမ်းဆီးရမိခြင်း ဖြစ်သည်။
အနီဖတ်က မိန်းကလေး ၂ ဦးအား မိမိဘက်မှ အုပ်ထိန်းသူအဖြစ် စောင့်ရှောက်ထားရခြင်း သာဖြစ်ပြီး မည်သည့် လူမှောင်ခိုမှုကွန်ရက်နှင့်မှ မပတ်သက်ဟု ငြင်းချက်ထုတ်ထားသော်လည်း မဲဆောက်ရဲတပ်ဖွဲ့က ခိုင်လုံသော သက်သေအထောက်အထားများဖြင့် တရားရုံးတင် ပြစ်ဒဏ်ချမှတ် သွားနိုင်ရန် ကြိုးစားမည်ဖြစ်ကာ စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေသည်ဟု ရဲမှူး ဝစ်သရာ က ရှင်းလင်းပြောကြားခဲ့သည်။
ကိုကလင်း
Ref: Bangkokpost
#MeKongNews
#ထိုင်းနိုင်ငံ
#မဲဆောက်မြို့
#လူကုန်ကူး
#မြဝတီမြို့
#ကျားဖြန့်








