မဲခေါင်၊ အောက်တိုဘာ ၁၄
စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားပြီး MNDAA ထိန်းချုပ်သည့် မိုင်းလားတွင် မြန်မာလိုင်စင်နံပတ်တပ်ယာဥ်များ ယခင်ကဲ့သို့ ကင်းလွတ်ခွင့်မရှိတော့ဘဲ ဖမ်းဆီးခံရပြီး ဒဏ်ကြေးပေးဆောင်နေကြရကြောင်း မိုင်းလားနေသူများထံမှ သိရသည်။
မိုင်းလားတွင် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းအရေးယူမှုများ နေ့စဥ်ပြုလုပ်နေရာ ယခင်က မြန်မာလိုင်စင်ရှိယာဥ်များကို ဖမ်းဆီးဒဏ်ကြေးရိုက်ခြင်း မပြုလုပ်ခဲ့သော်လည်း ယခုအောက်တိုဘာလအတွင်း၌ ဖမ်းဆီးဒဏ်ရိုက်မှုများရှိလာကြောင်း မိုင်းလားနေသူများက ပြောသည်။
“မိုင်းဖုန်းဆရာတော်ပွဲပြီးတာနဲ့ ဖမ်းတာ မြန်မာလိုင်စင် အားလုံးပြည့်စုံနေတာကို ဒဏ်ရိုက်ခံရတယ်။ အရင်က ယွမ် ၆၀၀ပဲ။ ခုက နှစ်ဆဖြစ်သွားပြီ ၁၂၀၀ တဲ့” ဟု ဆီလူးတွင် နေသူတစ်ဦးက မဲခေါင်သို့ ပြောသည်။
ဖမ်းဆီးထားသည့် မြန်မာလိုင်စင်ဆိုင်ကယ်များမှာ ရာချီရှိနေပြီး ဒဏ်ငွေဆောင်နိုင်မှသာ ပြန်လည်ထုတ်ပေးနေကြောင်း သိရသည်။
မိုင်းလားတွင် မြန်မာလိုင်စင်ပါ ယာဉ်များကို ဖမ်းဆီးသော်လည်း အခြား “ဝ” နံပတ် ၊ ကိုးကန့် နံပတ်များကိုမူ သွားလာခွင့်ပြုထားကြောင်း၊ လူလိုင်စင်ကိုမူ ယွမ်၁၀၀ ဖြင့် ပြုလုပ်ပြီး စီးနင်းစေကြောင်း သိရသည်။
မိုင်းလားသည် အထူးဒေသ ၄အဖြစ် ယခင်စစ်အစိုးရများလက်ထက်က သတ်မှတ်ခဲ့ပြီး မိုင်းလားအုပ်ချုပ်ရေးအဖွဲ့က စီမံအုပ်ချုပ်သည့် ဒေသဖြစ်သည်။ စစ်ကောင်စီက မကြာမီက စစ်အုပ်ချုပ်ရေးကြေညာထားသော်လည်း စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲကိုမူ မိုင်းလားတွင် ပြုလုပ်နိုင်ခြင်းမရှိကြောင်း စစ်ကောင်စီ၏ UEC က ကြေညာထားသည်။
#MeKongNews
#မိုင်းလား
#ယာဉ်စည်းကမ်း
#လမ်းစည်းကမ်း
#မြန်မာလိုင်စင်
#ဖမ်းဆီး








