ကမ္ဘာ့သတင်း

အလုပ်သမားပါတီ နှစ် ၈၀ ပြည့် စစ်ရေးပြတွင် တိုက်ချင်းပစ် နျူကလီးယားဒုံးကျည်များ ကင်ဂျုံအန် ပြသ

မဲခေါင် 12 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၁၂ အောက်တိုဘာ ၁၀ ရက်နေ့က ၎င်း၏ အလုပ်သမားပါတီ ထူထောင်ခြင်း နှစ် ၈၀ ပြည့်အခမ်းအနား စစ်ရေးပြချီတက်ပွဲကြီးကို မြို့တော်ပြုံယမ်းတွင် ခမ်းနားစွာကျင်းပခဲ့ရာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် တက်ရောက်လာသည့် မဟာမိတ်နိုင်ငံခေါင်းဆောင်များအား ၎င်းတို့နိုင်ငံမှ မဟာဗျူဟာမြောက် တီထွင်အဆင့်မြှင်ထုတ်လုပ်ထားသော Hwasong-20 တိုက်ချင်းပစ် နျူကလီးယားဒုံးကျည်များကိုပါ ခင်းကျင်းပြသခဲ့သည်။ ယင်းအခမ်းအနားသို့ တရုတ်ဝန်ကြီးချုပ် လီချင်း၊ ရုရှားသမ္မတဟောင်း မက်ဗီဒက်ဇ်၊ ဗီယက်နမ် ကွန်မြူနစ်ပါတီခေါင်းဆောင် တူလမ်တို့လည်း တက်ရောက်ခဲ့ကြသည်။ မြောက်ကိုရီးယား အစိုးရပိုင် မီဒီယာ KCNA က အဆိုပါ စစ်ရေးပြချီတက်ပွဲတွင် မြောက်ကိုရီးယားနိုင်ငံ၏ အပြင်းထန်ဆုံး မဟာဗျူဟာ နျူကလီးယားတိုက်ချင်းပစ်ဒုံးကျည်များဖြစ်သော Hwasong-20 များကို ခင်းကျင်းပြသခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

မဲခေါင်၊ အောက်တိုဘာ ၁၂

အောက်တိုဘာ ၁၀ ရက်နေ့က ၎င်း၏ အလုပ်သမားပါတီ ထူထောင်ခြင်း နှစ် ၈၀ ပြည့်အခမ်းအနား စစ်ရေးပြချီတက်ပွဲကြီးကို မြို့တော်ပြုံယမ်းတွင် ခမ်းနားစွာကျင်းပခဲ့ရာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် တက်ရောက်လာသည့် မဟာမိတ်နိုင်ငံခေါင်းဆောင်များအား ၎င်းတို့နိုင်ငံမှ မဟာဗျူဟာမြောက် တီထွင်အဆင့်မြှင်ထုတ်လုပ်ထားသော Hwasong-20 တိုက်ချင်းပစ် နျူကလီးယားဒုံးကျည်များကိုပါ ခင်းကျင်းပြသခဲ့သည်။

ယင်းအခမ်းအနားသို့ တရုတ်ဝန်ကြီးချုပ် လီချင်း၊ ရုရှားသမ္မတဟောင်း မက်ဗီဒက်ဇ်၊ ဗီယက်နမ် ကွန်မြူနစ်ပါတီခေါင်းဆောင် တူလမ်တို့လည်း တက်ရောက်ခဲ့ကြသည်။

မြောက်ကိုရီးယား အစိုးရပိုင် မီဒီယာ KCNA က အဆိုပါ စစ်ရေးပြချီတက်ပွဲတွင် မြောက်ကိုရီးယားနိုင်ငံ၏ အပြင်းထန်ဆုံး မဟာဗျူဟာ နျူကလီးယားတိုက်ချင်းပစ်ဒုံးကျည်များဖြစ်သော Hwasong-20 များကို ခင်းကျင်းပြသခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

ကင်ဂျုံအန်ကလည်း မက်ဗီဒက်ဗ်ရှေ့တွင် မိမိနိုင်ငံမှ စစ်သားများသည် ပြည်တွင်းမှာသာမက ဆိုရှယ်လစ်အင်အား ဖြန့်ကျက်ထူထောင်မှုအဖြစ် ရုရှားဘက်မှပါ ပြည်ပတွင် ဝင်ရောက်တိုက်ခိုက်ပေးနေသည့် အတွက် သူရဲကောင်းများအဖြစ် ဂုဏ်ပြုကြောင်း၊ မိမိတို့စစ်တပ်နှင့် မဟာဗျူဟာ နျူကလီးယား ဒုံးကျည် Hwasong-20 တို့ကြောင့် မည်သည့်ခြိမ်းခြောက်မှု၊ မည်သည့်ရန်သူကိုမဆို ရှုံးစရာအကြောင်း မရှိဟု မိန့်ခွန်းပြောကြားသွားခဲ့သည်။

ကမ္ဘာက ကင်ဂျုံအန်၏ အလွန်ကြီးမားပြီး အမေရိကန်နိုင်ငံ မည်သည့်နေရာကိုမဆို အရောက်ပစ်နိုင်သည်ဟု ထုတ်ပြန်ခြိမ်းခြောက်ထားသော Hwasong-20 နျူကလီးယားဒုံးကျည်များအကြောင်း အထူး စိတ်ဝင်စားနေသော်လည်း တစ်ကြိမ်မျှ စမ်းသပ်ပစ်ခတ်သည်ကို မမြင်ဖူး၊ မကြားဖူးကြသေးပေ။

အမေရိကန်အခြေစိုက် Carnegie Endowment for International Peace မှ အန်ကစ်ပန်ဒါက Hwasong-20 ဒုံးကျည်သည် နျူကလီးယားထိပ်ဖူးများတင်ဆောင်ကာ တာဝေးပစ်ခတ်နိုင်စေရန် အဆင့်မြှင့်ထုတ်လုပ်ထားသော တိုက်ချင်းပစ်ဒုံးကျည်ဖြစ်ကြောင်း၊ ယခုနှစ်ကုန်ပိုင်းတွင် ကင်ဂျုံအန် စမ်းသပ်ပစ်ခတ်မှု လုပ်လာဖွယ်ရှိမည်ဟု ခန့်မှန်းထားကြောင်း၊ နျူကလီးယားထိပ်ဖူးများစွာကို တင်ဆောင်ကာ ပစ်ခတ်နိုင်စွမ်းရှိစေရန် ဒီဇိုင်းတီထွင်ထုတ်လုပ်ထားရာ အမေရိကန်အတွက် ဖိအား ဖြစ်စေသော်လည်း အမေရိကန်၏ လက်ရှိ လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ချိုးဖောက်ကျော်ဖြတ်နိုင်စွမ်း ရှိ မရှိ၊ လေခွင်းရာတွင် တန်ပြန်သက်ရောက် ပေါက်ကွဲစေနိုင်မှု ရှိ မရှိကိုမူ သေချာ မသိနိုင်သေးကြောင်း သုံးသပ်ပြောဆိုသွားခဲ့သည်။

ကိုကလင်း
Ref: aljazeera
#MeKongNews
#မြောက်ကိုရီးယား
#ကင်ဂျုံအန်
#နျူကလီးယား
#တိုက်ချင်းပစ်ဒုံးကျည်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now