ကမ္ဘာ့သတင်း

အမေရိကန်ဖြတ်တောက်မှုကြောင့် ကုလတပ် များစွာလျှော့ချရတော့မည်ဟု တည်ပြု

မဲခေါင် 10 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၁၀ အမေရိကန်သမ္မတအဖြစ် ဒေါ်နယ်ထရမ့် ဒုတိယအကြိမ်မြောက် တာဝန်ထမ်းဆောင်ချိန်မှစပြီး ကုလသမဂ္ဂအဖွဲ့အစည်းကြီးများနှင့် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းများစွာအတွက် အဓိက ထောက်ပံ့ပေးနေမှုများကို ဖြတ်တောက်လျှော့ချခြင်းတွင် ဘတ်ဂျက်အခက်အခဲရှိသဖြင့် လာမည့် ဘဏ္ဍာနှစ်မှ စတင်ကာ ကမ္ဘာတစ်ဝန်းပို့ဆောင်ထားသော ကုလငြိမ်းချမ်းရေး တပ်သားများစွာကို လျှော့ချရတော့မည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်ကိုယ်တိုင်က အောက်တိုဘာ ၉ ရက်တွင် အတည်ပြု ထုတ်ပြန်ခဲ့သည်။ ထရမ့်သည် အမေရိကန်သာ ပထမ (America First) ဟူသော မူဝါဒကို ကိုင်စွဲကာ ကုလ၏ ယူနက်စ်ကို၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ လူ့အခွင့်အရေးအဖွဲ့များမှ နုတ်ထွက်ပြီး ထောက်ပံ့မှုများဖြတ်တောက်ခဲ့သလို ကမ္ဘာ့ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ဆိုမာလီယာ၊ ကွန်ဂို၊ ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ တောင်ဆူဒန်၊ လက်ဘနွန်၊ ဆိုက်ပရပ်စ်နှင့်

မဲခေါင်၊ အောက်တိုဘာ ၁၀

အမေရိကန်သမ္မတအဖြစ် ဒေါ်နယ်ထရမ့် ဒုတိယအကြိမ်မြောက် တာဝန်ထမ်းဆောင်ချိန်မှစပြီး ကုလသမဂ္ဂအဖွဲ့အစည်းကြီးများနှင့် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းများစွာအတွက် အဓိက ထောက်ပံ့ပေးနေမှုများကို ဖြတ်တောက်လျှော့ချခြင်းတွင် ဘတ်ဂျက်အခက်အခဲရှိသဖြင့် လာမည့် ဘဏ္ဍာနှစ်မှ စတင်ကာ ကမ္ဘာတစ်ဝန်းပို့ဆောင်ထားသော ကုလငြိမ်းချမ်းရေး တပ်သားများစွာကို လျှော့ချရတော့မည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်ကိုယ်တိုင်က အောက်တိုဘာ ၉ ရက်တွင် အတည်ပြု ထုတ်ပြန်ခဲ့သည်။

ထရမ့်သည် အမေရိကန်သာ ပထမ (America First) ဟူသော မူဝါဒကို ကိုင်စွဲကာ ကုလ၏ ယူနက်စ်ကို၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ လူ့အခွင့်အရေးအဖွဲ့များမှ နုတ်ထွက်ပြီး ထောက်ပံ့မှုများဖြတ်တောက်ခဲ့သလို ကမ္ဘာ့ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ဆိုမာလီယာ၊ ကွန်ဂို၊ ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ တောင်ဆူဒန်၊ လက်ဘနွန်၊ ဆိုက်ပရပ်စ်နှင့် ကိုဆိုဗိုအပါ ၉ နိုင်ငံသို့ မစ်ရှင် ၉ ခုအဖြစ် လုံခြုံရေး ရဲနှင့်စစ်သည် ၅၀၀၀၀ ခန့်အပ်စေလွှတ်ထားမှုအတွက် အဓိက ထောက်ပံ့ပေးမှု ဒေါ်လာ ၁ ဘီလီယံကိုလည်း ဒေါ်လာ သန်း ၆၈၀ သာ ပေးတော့မည်ဟု လျော့ချလိုက်သည်။

ထို့ကြောင့် ကုလငြိမ်းချမ်းရေးတပ်ဖွဲဝင်များအတွက် အသုံးစားရိတ် ၁၅ ရာခိုင်နှုန်း လျော့သုံးရမည်ဖြစ်ရာ မစ်ရှင် ၉ ခုမှ စစ်သည် ၅၀၀၀၀ ထဲမှ ၁၃၀၀၀ မှ ၁၅၀၀၀ အထိကို ဆက်မထားနိုင်တော့ဘဲ မိခင်နိုင်ငံ ပြန်ပို့ရတော့မည်ဟု ဂူတာရက်စ်က ထုတ်ပြန်ခဲ့သည်။

ယင်းကုလ ကမ္ဘာ့ငြိမ်းချမ်းရေးဖြစ်စဉ် မစ်ရှင်များအတွက် ကုလအဖွဲ့ဝင် ၁၉၃ နိုင်ငံစလုံးမှ ဘတ်ဂျက်ထည့်ဝင်ပေးရသော်လည်း အမေရိကန်နှင့် တရုတ်တို့က ဘတ်ဂျက်အားလုံး၏ တစ်ဝက်နီးပါးကို ထည့်ဝင်ပေးထားကြခြင်းဖြစ်သည်။

အမေရိကန်က ၂၄ ရာခိုင်နှုန်း၊ တရုတ်က ၂၀ ရာခိုင်နှုန်း ပေးထားခြင်းဖြစ်ရာ တရုတ်ဘက်မှမူ လာမည့် ဘဏ္ဍာနှစ်အတွက် ယင်းမစ်ရှင်များအားပေးမည့် ဘတ်ဂျက် ၂၀ ရာခိုင်နှုန်းကို အပြည့်ပေးဦးမည်ဟု ထုတ်ပြန်ထားသည်။

ကိုကလင်း
Ref: euronews
#MeKongNews
#အမေရိကန်
#ကုလသမဂ္ဂ
#ငြိမ်းချမ်းရေးတပ်
#တရုတ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now