နေ့စဥ်သတင်း

ကျားဖြန့်ခေါင်းဆောင်ဟု ပြောဆိုခဲ့သော ရန်ဆီမန်ရုမ်းကို ဘန်စမစ် အမှုဖွင့်

မဲခေါင် 6 Oct - 2025
မဲခေါင်၊ အောက်တိုဘာ ၆ ပြည်သူ့ပါတီခေါင်းဆောင် လွှတ်တော်အမတ်လည်းဖြစ် အမျိုးသားလုံခြုံရေး၊ ထိုင်းနယ်စပ်ရေးရာ၊ အမျိုးသား မဟာဗျူဟာနှင့် နိုင်ငံပြုပြင်ပြောင်းလဲရေး ကော်မတီ ဥက္ကဌလည်းဖြစ်သည့် ရန်ဆီမန်ရုမ်းက လွတ်တော်အတွင်း ကမ္ဘောဒီးယားကျားဖြန့်လုပ်ငန်းများတွင် ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်အပါ နိုင်ငံထိပ်တန်းအစိုးရအကြီးအကဲများ ဆက်စပ်မှုရှိနေသည်ဟု စွပ်ဆွဲခဲ့ရာ မိမိအား ကျားဖြန့်ခေါင်းဆောင်ဟု ပြောဆိုခဲ့မှုကြောင့် တောင်အာဖရိကစီးပွားရေးလုပ်ငန်းရှင် ဘန်ဂျမင်မူအာဘာဂါ (အများသိအမည် ဘန်စမစ်) က အသရေဖျက်မှုဖြင့် ဘတ် သန်း ၁၀၀ ရလို ကြောင်း တရားစွဲလိုက်သည်။ ProjectBrazen မီဒီယာပူးပေါင်းထူထောင်သူ တွမ်ရိုက်က Whale Hunting ဆိုသည့် ပလက်ဖောင်းတွင် စုံစမ်းသိရှိရသော ကမ္ဘောဒီးယားကျားဖြန့်လုပ်ငန်းများအကြောင်း စာမျက်နှာ ၁၃၀ ပါ လေ့လာတွေ့ရှိချက်အား ဖော်ပြခဲ့ကာ ရန်ဆီမန်းရုမ်းက လက်ရှိ

မဲခေါင်၊ အောက်တိုဘာ ၆

ပြည်သူ့ပါတီခေါင်းဆောင် လွှတ်တော်အမတ်လည်းဖြစ် အမျိုးသားလုံခြုံရေး၊ ထိုင်းနယ်စပ်ရေးရာ၊ အမျိုးသား မဟာဗျူဟာနှင့် နိုင်ငံပြုပြင်ပြောင်းလဲရေး ကော်မတီ ဥက္ကဌလည်းဖြစ်သည့် ရန်ဆီမန်ရုမ်းက လွတ်တော်အတွင်း ကမ္ဘောဒီးယားကျားဖြန့်လုပ်ငန်းများတွင် ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်အပါ နိုင်ငံထိပ်တန်းအစိုးရအကြီးအကဲများ ဆက်စပ်မှုရှိနေသည်ဟု စွပ်ဆွဲခဲ့ရာ မိမိအား ကျားဖြန့်ခေါင်းဆောင်ဟု ပြောဆိုခဲ့မှုကြောင့် တောင်အာဖရိကစီးပွားရေးလုပ်ငန်းရှင် ဘန်ဂျမင်မူအာဘာဂါ (အများသိအမည် ဘန်စမစ်) က အသရေဖျက်မှုဖြင့် ဘတ် သန်း ၁၀၀ ရလို ကြောင်း တရားစွဲလိုက်သည်။

ProjectBrazen မီဒီယာပူးပေါင်းထူထောင်သူ တွမ်ရိုက်က Whale Hunting ဆိုသည့် ပလက်ဖောင်းတွင် စုံစမ်းသိရှိရသော ကမ္ဘောဒီးယားကျားဖြန့်လုပ်ငန်းများအကြောင်း စာမျက်နှာ ၁၃၀ ပါ လေ့လာတွေ့ရှိချက်အား ဖော်ပြခဲ့ကာ ရန်ဆီမန်းရုမ်းက လက်ရှိ ထိုင်းဒုဝန်ကြီးချုပ်လည်းဖြစ် စိုက်ပျိုးရေးဝန်ကြီးလည်းဖြစ်သော သမ်မာနတ်ပရွမ်ပါအိုနှင့် ဘန်စမစ်တို့ ဘာသာရေးအခမ်းအနားပွဲ တစ်ခုတွင် အတူရှိနေသည့် ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ဖြေရှင်းချက်တောင်းဆိုခဲ့သည်။

ဘန်စမစ်သည် ကမ္ဘောဒီးယားကျားဖြန့်များအတွက် ငွေကြေးခဝါချမှုကို အဓိကလုပ်ဆောင်ပေးရာတွင် ထိုင်းနိုင်ငံရေးအကြီးအကဲများလည်း ပတ်သက်မှုရှိနေကာ လူမှောင်ခိုသမားလည်းဖြစ်သည်ဟု ရန်ဆီမန်ရုမ်းက ပြောဆိုခဲ့သည်။

ထို့ကြောင့် ပရွမ်ပါအိုက မိမိအားအသရေဖျက်မှုကြောင့် ရန်ဆီမန်ရုမ်းကို တရားစွဲကာ ဘတ်သန်းပေါင်း များစွာ လျော်ကြေးပေးရမည်၊ ထိုသတင်းမှားများဖြန့်သည့် မီဒီယာအားလုံးကိုပါ တရားစွဲမည်၊ ပွဲလာမတည်နှင့်ဟုဆိုကာ အမှုပေါင်း ၁၀၀ ကျော်ဖွင့်လှစ် တရားစွဲမည်ဟု ကြေညာအပြီး ကမ္ဘောဒီးယားမှ သီးသန့်ဂျက်လေယာဉ်ဖြင့် ထိုင်းသို့ ဝင်လာပြီးနောက် ပျောက်နေသည့် ဘန်စမစ်ကပါ စိုက်ပျိုးရေးနှင့်သမဝါယမဝန်ကြီးဌာန မှ အတိုင်ပင်ခံဖြစ်သူ သန်နာဒေါဆူဝမ်နာရစ်အား လွှဲစာပေးပြီး အောက်တိုဘာ ၄ ရက်က စတင်တရား စွဲလိုက်ကြောင်း အသိပေးထုတ်ပြန်သွားခြင်းဖြစ်သည်။

ရန်ဆီမန်ရုမ်းကမူ ပရွမ်ပါအိုအား ကျားဖြန့်ဒုစရိုက်လုပ်သူဟု စွပ်စွဲခဲ့ခြင်းမဟုတ်ဘဲ နောက်တစ်ပတ် မိမိ၏ ကော်မတီအစည်းအဝေးတွင် ပါဝင်ကာ သတင်းအချက်အလက်များအား မျှဝေရန် ဖိတ်ခေါ်ခြင်း သာဖြစ်သည်ဟု တုံ့ပြန်ထားသည်။

ထွက်ပေါ်လာသော တွမ်ရိုက်၏ စုံစမ်းဖော်ထုတ်မှုသတင်းလွှာတွင် ဘန်စမစ်သည် Huiwan Company နှင့် Huiwan PLC ကုမ္ပဏီများနှင့် ပူးပေါင်းကာ ကျားဖြန့်စီးဝင်ငွေ ဘတ် ၃ ထရီလီယံကို ငွေဖြူငွေမဲဖြစ်စေရန် ခဝါချပေးခြင်းတာဝန်လည်း ယူထားသူဖြစ်ကြောင်း၊ ထိုင်းဆိုက်ဘာရဲတပ်ဖွဲ့ သက်သေရှာထားမှုအရ ထိုကျားဖြန့်ငွေမဲများကို ဘဏ်များနှင့်ချိတ်ဆက်ကာ ရွှေများအား ခရစ်ပတို ငွေကြေးဖြင့် ဝယ်ယူပြီး ငွေဖြူအဖြစ် ပြန်လဲကာ ရယူကြကြောင်း၊ ထိုင်းဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုရေးဝန်ကြီး ချိုင်ချန်နော့ချစ်ဒ်ချော့ဘ်သည် ကျားဖြန့်ဂိုဏ်းများအား အမှုမပေါ်၊ စွဲချက်တင်မခံရစေရေး အာမခံသည့်အနေဖြင့် တစ်လ ဘတ်သန်း ၄၀ ရယူခံစားနေသည်ဟု ဖော်ပြပါရှိခဲ့သည်။

ကိုကလင်း
Ref: Khaosod
#MeKongNews
#ကျားဖြန့်
#ထိုင်းနိုင်ငံ
#ရမ်ဆီမန်ရုမ်း
#ဘန်စမစ်
#တရားစွဲ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now