မဲခေါင်၊ စက်တင်ဘာ ၂၃
ဖေ့စ်ဘုတ်အကောင့် อ.นเรศ งามอภิชญ์ အသုံးပြုသူ ထိုင်းနိုင်ငံသားတစ်ဦးထံမှ ရင်းနှီးမြှုပ်နှံမှုအကြောင်းပြ ကျားဖြန့်ငွေလိမ်မှုအတွက် ထိုင်းဆိုက်ဘာရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပြီး ဖမ်း၀ရမ်းများ ထုတ်ပြန်ခဲ့သည်။
ငွေလိမ်ပုံမှာ ထင်ရှားကျော်ကြားသော ရင်းနှီးမြှုပ်နှံမှုသုတေသီတစ်ဦးမှ ကြော်ငြာများ တင်ပြီး ရင်းနှီးမြှုပ်နှံကြရန် အကြံပြုကြောင်း၊ ထိုသူကို ယုံကြည်မိကာ စျေးကွက်ပြင်ပ ရှယ်ယာများကို စျေးသက်သာစွာဝယ်ယူပြီး အမြတ်များစွာရသည့် ပြန်လည်ရောင်းချမှုဖြင့် ရင်းနှီးငွေများ အဆများ စွာတိုးပွားလာစေသည်ကို ဟန်ယောင်ပြကာ စည်းရုံးကြောင်း၊ ထို့နောက် Line အပလီကေးရှင်းတွင် group chat တစ်ခုသို့ဝင်စေပြီး ဟန်ပြအယုံသွင်းထားသော လုပ်ပုံလုပ်နည်း၊ ရုံးခန်းအပြင်အဆင်၊ အမြန်ထုတ်ပုံများဖြင့် စည်းရုံးကာ ကုမ္ပဏီ ၂၀ ၏ ကော်ပိုရိတ်ဘဏ်အကောင့်များထဲ ငွေ ဘတ် ၂၆ သန်းအား ခွဲပေးသွင်းစေပြီးမှ လိမ်လည်ပြီး ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်ဟု ငွေလိမ်ခံရသူတစ်ဦး၏ ထွက်ဆိုချက်ကို ကိုးကားပြီး ထိုင်းဆိုက်ဘာရာဇဝတ်မှုစုံစမ်း စစ်ဆေးရေးဗျူရိုအကြီးအကဲ ဒုရဲချုပ် Trairong Phiewphan က ရှင်းလင်းပြောကြားသွားခဲ့သည်။
စတော့ရှယ်ယာဝယ်ယူမှုကို ယခင်နာမည်ပျက်ရှိပြီးသား Saxoplus TH ကုမ္ပဏီမှ လိမ်လည် မှုတွင်ပါဝင်သလို ကုမ္ပဏီ ၂၀ နှင့်ပတ်သက်သော မန်နေးဂျင်းဒါရိုက်တာ ၁၉ ဦးနှင့် လတ်တလော ပြစ်မှု ထင်ရှားကြောင်း သက်သေရသည့် ကုမ္ပဏီ ၉ ခုကို ထုတ်ပြန်ကာ ဖမ်း၀ရမ်းများလည်း ထုတ်ပြန်ခဲ့သည်။
ယင်းကုမ္ပဏီ ၉ ခုမှာ Word Wide Property Care Service Co Ltd၊ A & T Construction 2021 Ltd၊ Ubon Inter Co Ltd၊ Enzo Supply & Service Co Ltd၊ Crypto House Co Ltd၊ N.T. Intertrade Prosperity Thailand Co Ltd၊ BTC Transport Ltd၊ JDLEE Live Ltd နှင့် Phanichakul Group Co Ltd. တို့ဖြစ်သည်။
ကိုကလင်း
Ref: Bangkokpost
#MeKongNews
#ကျားဖြန့်
#ထိုင်းနိုင်ငံ
#ရင်းနှီးမြုပ်နှံမှု
#ရှယ်ယာ








