မဲခေါင်၊ စက်တင်ဘာ ၂၀
မကြာသေးမီနှစ်ပိုင်းကပင် ထိုင်းနိုင်ငံကွန်ဒို စျေးကွက်သည် ပင်မကျောရိုးအဖြစ် တရုတ်ရင်းနှီးမြှုပ်နှံသူ များက ဝယ်ယူရင်းနှီးနေခဲ့ကြသော်လည်း ယခု ထိုစျေးကွက်တွင် တရုတ်ဝယ်လိုအား များစွာ ထိုးကျသွားပြီး မြန်မာနှင့် အမေရိကန်တို့မှ ဝယ်လိုအား များစွာ မြင့်တက်လာသည်ဟု ထိုင်း အိမ်ခြံမြေသတင်းအချက်အလက်စင်တာ (REIC) ထုတ်ပြန်ချက်အရ သိရှိရသည်။
ယခင် တရုတ်နိုင်ငံသားများ၏ ချင်းမိုင်ကွန်ဒိုဝယ်ယူမှုနှုန်းသည် ဈေးကွက်၏ ၅၇ ဒသမ ၆ ရာခိုင်နှုန်းအထိ ရှိသော်လည်း ၂၀၂၅ ခုနှစ် ပထမနှစ်ဝက် စစ်တမ်းအရ တရုတ်ဝယ်လိုအား ၅၃ ဒသမ ၈ ရာခိုင်နှုန်းကျဆင်းကာ တရုတ်သည် ချင်းမိုင်ကွန်ဒိုဝယ်ယူမှုအများဆုံးအဖြစ် ဆက်ရှိနေသေးသော်လည်း စုစုပေါင်း ကွန်ဒိုဝယ်ယူမှု၏ ၃၃ ဒသမ ၅ ရာခိုင်နှုန်းကိုသာ ဝယ်ယူခဲ့သည်ဟု သိရသည်။
မြန်မာနိုင်ငံသားများ ဝယ်ယူမှုနှုန်းသည် ရာခိုင်နှုန်းအားဖြင့် အမြင့်ဆုံးသို့ရောက်လာပြီး ၄၂ ဒသမ ၉ ရာခိုင်နှုန်း ဝယ်လိုအား မြင့်တက်ခဲ့ကာ အမေရိကန်သားများဝယ်ယူမှုသည်ပင် စံချိန်တင်အဖြစ် ၂၃ ဒသမ ၈ ရာခိုင်နှုန်း အထိ မြင့်တက်လာသည်။
ဥရောပနိုင်ငံများမှ ချင်းမိုင်ကွန်ဒို ဝယ်ယူမှုနှုန်း မြင့်တက်လာသည့်နိုင်ငံများတွင် အီတလီသည် ဝယ်ယူမှု ၂၀၀ ရာခိုင်နှုန်းအထိ မြင့်တက်ကာ ဒတ်ချ် (နယ်သာလန်) မှ ဝယ်လိုအား ၅၀ ရာခိုင်နှုန်း မြင့်တက်လာ ကာ ပထမဆုံးအကြိမ်အဖြစ် ကွန်ဒိုဝယ်လက်အများဆုံး ၁၀ နိုင်ငံ စာရင်းထဲ ဝင်ရောက်လာသည်။
ပုံမှန်အားဖြင့် ဝယ်လက်များခဲ့သည့် နိုင်ငံများမှ ဝယ်လိုအားများ သိသိသာသာကျဆင်းပြီး ဩစတြေးလျမှ ဝယ်လိုအား ၆၈ ဒသမ ၈ ရာခိုင်နှုန်းကျဆင်းသလို အစ္စရေးမှ ဝယ်လိုအား ၆၀ ရာခိုင်နှုန်း အထိကျသွားကာ ယခင် ဝယ်လိုအားအများဆုံး ၇ နိုင်ငံအတွင်းပါဝင်သော တောင်ကိုရီးယားသည်ပင် လျှင် ဝယ်လိုအားအများဆုံး ၁၀ နိုင်ငံအပြင်ရောက်သွားခဲ့ပြီဖြစ်သည်။
REIC က ချင်းမိုင်အိမ်ခြံမြေစျေးကွက်သည် ယခင်ကဲ့သို့ တစ်နိုင်ငံတည်း (တရုတ်) ကို အားထားနေရ သည့် အခြေအနေမှ ယနေ့ နိုင်ငံတကာမှ ဝယ်လိုအားမျှချေ မြင့်တက်လာကာ ချင်းမိုင်မြို့မှ ရရှိခံစား နိုင်မည့်အခွင့်အလမ်းများကို မြင်တွေ့လာကြခြင်းကြောင်းဖြစ်သည်ဟု မှတ်ချက်ပြုခဲ့သည်။
ကိုကလင်း
Ref: The Nation Thailand
#MeKongNews
#ချင်းမိုင်
#ကွန်ဒို
#မြန်မာနိုင်ငံသား
#တရုတ်
#ဝယ်လိုအားများ








