ကမ္ဘာ့သတင်း

သေဆုံးသူ ၇၃ ဦးအတွက် နီပေါ အမျိုးသားနေ့တွင် အလံတစ်ဝက်လွှင့်ထူ

မဲခေါင် 17 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၁၇ Gen Z လူငယ်များဦးဆောင်ကာ အကျင့်ပျက်ခြစားမှုများရှိနေသော အစိုးရကို ဖြုတ်ချခဲ့သည့် ဆန္ဒပြပွဲ ကြောင့် သေဆုံးခဲ့သူပေါင်း ၇၃ ယောက်အတွက် ဝမ်းနည်းအောက်မေ့ဖွယ်အထိန်းအမှတ်အဖြစ် စင်တင်ဘာ ၁၇ ရက်တွင်ကျရောက်သည့် အမျိုးသားနေ့၌ နီပေါနိုင်ငံတစ်ဝန်း အလံတစ်ဝက်လွှင့်ထူခဲ့သည်။ လူမှုကွန်ရက်များကို အစိုးရက ပိတ်ပင်လိုက်သဖြင့် စက်တင်ဘာ ၈ ရက်တွင် စတင်ခဲ့သော လူထုအုံကြွမှု၌ ပထမဆုံးဆန္ဒပြရက်မှာပင် ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွင်းသောကြောင့် ၁၉ ဦး သေဆုံးရပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နီပေါ အစိုးရအား အဓိကရုဏ်းအသွင် တော်လှန်မှု ကြောင့် သေဆုံးသူပေါင်း ၇၃ ယောက်ရှိခဲ့ရခြင်းဖြစ်သည်။ ၇၃ နှစ်အရွယ် တရားရေးချုပ်ဟောင်း ဆူရှိလာကာကီကို နိုင်ငံ၏

မဲခေါင်၊ စက်တင်ဘာ ၁၇

Gen Z လူငယ်များဦးဆောင်ကာ အကျင့်ပျက်ခြစားမှုများရှိနေသော အစိုးရကို ဖြုတ်ချခဲ့သည့် ဆန္ဒပြပွဲ ကြောင့် သေဆုံးခဲ့သူပေါင်း ၇၃ ယောက်အတွက် ဝမ်းနည်းအောက်မေ့ဖွယ်အထိန်းအမှတ်အဖြစ် စင်တင်ဘာ ၁၇ ရက်တွင်ကျရောက်သည့် အမျိုးသားနေ့၌ နီပေါနိုင်ငံတစ်ဝန်း အလံတစ်ဝက်လွှင့်ထူခဲ့သည်။

လူမှုကွန်ရက်များကို အစိုးရက ပိတ်ပင်လိုက်သဖြင့် စက်တင်ဘာ ၈ ရက်တွင် စတင်ခဲ့သော လူထုအုံကြွမှု၌ ပထမဆုံးဆန္ဒပြရက်မှာပင် ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွင်းသောကြောင့် ၁၉ ဦး သေဆုံးရပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နီပေါ အစိုးရအား အဓိကရုဏ်းအသွင် တော်လှန်မှု ကြောင့် သေဆုံးသူပေါင်း ၇၃ ယောက်ရှိခဲ့ရခြင်းဖြစ်သည်။

၇၃ နှစ်အရွယ် တရားရေးချုပ်ဟောင်း ဆူရှိလာကာကီကို နိုင်ငံ၏ ပထမဆုံးသော အမျိုးသမီး ဝန်ကြီးချုပ် (ယာယီဝန်ကြီးချုပ်) အဖြစ် တင်မြှောက်ပြီးနောက် ယာယီအစိုးရ ပြည်ထဲရေးဝန်ကြီးဌာန က ဆန္ဒပြပွဲအတွင်း သေဆုံးခဲ့ရသူများအတွက် ဝမ်းနည်းအောက်မေ့ဖွယ်နေ့အဖြစ် စက်တင်ဘာ ၁၇ ရက်ကို သတ်မှတ်သည်ဟု ကြေညာကာ အလံများ တစ်ဝက်သာ လွှင့်ထူခဲ့ခြင်းဖြစ်သည်။

ယာယီဝန်ကြီးချုပ် ဆူရှိလာကာကီက သေဆုံးခဲ့ရသူများကို အာဇာနည်းများအဖြစ် သတ်မှတ်ကာ နိုင်ငံ တော်အခမ်းအနားဖြင့် သဂြိုလ်ဂုဏ်ပြုမည်ဟု ထုတ်ပြန်ကြေညာခဲ့ကာ ၆ လအတွင်း ရွေးကောက်ပွဲ ကျင်းပကာ အကျင့်ပျက်ခြစားမှုကင်းစင်သော အနာဂတ်နိုင်ငံတော် ထူထောင်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။

နီပေါနိုင်ငံတွင် အစိုးရအကြီးအကဲများ လွန်စွာချမ်းသာနေသော်လည်း အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်းရှိ လူဦးရေ ၅ ပုံ ၁ ပုံသော လူငယ်များ အလုပ်လက်မဲ့ဖြစ်နေကာ တစ်ဦးချင်း ဂျီဒီပီသည်လည်း ၁၄၄၇ ဒေါ်လာသာရှိသည်ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားသည်။

လူထုအုံကြွမှုတွင် ထောင်ပွင့်ပြီး ထွက်ပြေးလွတ်မြောက်သူ ၁၃၅၀၀ ရှိခဲ့ကာ အကျဉ်းသား ၅၀၀၀ သည် ပြန်လည် အဖမ်းခံပြီး လွတ်မြောက်သူများထဲမှ ၃ ပုံ ၁ ပုံမှ ဆက်လက် လွတ်မြောက်နေသေး ကြောင်း သိရသည်။

ကိုကလင်း
Ref: arabnews
#MeKongNews
#နီပေါနိုင်ငံ
#အမျိုးသားနေ့
#ဆန္ဒပြပွဲ
#ဆူရှိလာကာကီ
#ယာယီဝန်ကြီးချုပ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now