နေ့စဥ်သတင်း

နီပေါ လူထုအုံကြွမှု စစ်တပ်ဝင်ထိန်းသိမ်းသော်လည်း သေဆုံးသူ ၃၀ အထိ မြင့်တက်လာ

မဲခေါင် 11 Sep - 2025
မဲခေါင်၊ စက်တင်ဘာ ၁၁ တောင်အာရှ ဟိမ၀န္တာတောင်တန်းရှိ နီပေါနိုင်ငံတွင် အစိုးရအဖွဲ့အကြီးအကဲများအား ဖမ်းဆီးဖြုတ်ချမှု များပင် ပြုလုပ်လာနိုင်သော လူထုအုံကြွမှုအဓိကရုဏ်၌ စစ်တပ်သည် စက်တင်ဘာ ၉ ရက်နေ့မှ ဝင်ပါကာ မြို့တော်ခတ္တမန္ဒူသို့ ဝင်ရောက်ထိန်းသိမ်းသော်လည်း ဒေသတွင်းသတင်းများအဆိုအရ ထိုအရေးအခင်းကြောင့် သေဆုံးသူ အနည်းဆုံး ၃၀ အထိ တိုးမြင့်လာခဲ့ကြောင်း သိရသည်။ လူမှုကွန်ရက်အသုံးပြုခြင်းအား လွှတ်တော်ဖွဲ့ကာ ပိတ်ပင်လိုက်ခြင်းမှစတင်ပြီး လူငယ် Gen Z များ အုံကြွဆန္ဒပြမှုကို နီပေါ လုံခြုံရေးတပ်ဖွဲ့များက သေနတ်ဖြင့် အသေပတ်သတ်မှုများကြောင့် တစ်ရက်တည်း ၁၉ ဦး သေဆုံးသဖြင့် ပြည်သူတစ်ရပ်လုံးပါဝင်ပြီး လွှတ်တော်နှင့်အစိုးရအဆောက် အအုံများပါ မီးတင်ရှို့ခြင်း၊ ထိပ်တန်းပါတီခေါင်းဆောင်များ၊ ဝန်ကြီးချုပ်ဟောင်းနှင့်ဇနီး၊ လက်ရှိ ဝန်ကြီးများနေအိမ်များကိုပါ

မဲခေါင်၊ စက်တင်ဘာ ၁၁

တောင်အာရှ ဟိမ၀န္တာတောင်တန်းရှိ နီပေါနိုင်ငံတွင် အစိုးရအဖွဲ့အကြီးအကဲများအား ဖမ်းဆီးဖြုတ်ချမှု များပင် ပြုလုပ်လာနိုင်သော လူထုအုံကြွမှုအဓိကရုဏ်၌ စစ်တပ်သည် စက်တင်ဘာ ၉ ရက်နေ့မှ ဝင်ပါကာ မြို့တော်ခတ္တမန္ဒူသို့ ဝင်ရောက်ထိန်းသိမ်းသော်လည်း ဒေသတွင်းသတင်းများအဆိုအရ ထိုအရေးအခင်းကြောင့် သေဆုံးသူ အနည်းဆုံး ၃၀ အထိ တိုးမြင့်လာခဲ့ကြောင်း သိရသည်။

လူမှုကွန်ရက်အသုံးပြုခြင်းအား လွှတ်တော်ဖွဲ့ကာ ပိတ်ပင်လိုက်ခြင်းမှစတင်ပြီး လူငယ် Gen Z များ အုံကြွဆန္ဒပြမှုကို နီပေါ လုံခြုံရေးတပ်ဖွဲ့များက သေနတ်ဖြင့် အသေပတ်သတ်မှုများကြောင့် တစ်ရက်တည်း ၁၉ ဦး သေဆုံးသဖြင့် ပြည်သူတစ်ရပ်လုံးပါဝင်ပြီး လွှတ်တော်နှင့်အစိုးရအဆောက် အအုံများပါ မီးတင်ရှို့ခြင်း၊ ထိပ်တန်းပါတီခေါင်းဆောင်များ၊ ဝန်ကြီးချုပ်ဟောင်းနှင့်ဇနီး၊ လက်ရှိ ဝန်ကြီးများနေအိမ်များကိုပါ မီးရှို့ကာ ဖမ်းမိသည့်ဝန်ကြီးများအား ရိုက်နှက်အကြမ်းဖက်မှုများပင် ရှိလာရာ ဝန်ကြီးချုပ်ရှာမာအိုလီကိုယ်တိုင် နှုတ်ထွက်သွားခဲ့ရသည်။

စက်တင်ဘာ ၉ ရက် ညနေပိုင်းတွင် ယခင် ဝင်မပါခဲ့သော နီပေါစစ်တပ်သည် ခတ္တမန္ဒူမြို့တော် လမ်းများပေါ်၌ ပြန်တည်တည်ငြိမ်အေးချမ်းစေရန် လုံခြုံရေးတာဝန်ယူခဲ့သော်လည်း စက်တင်ဘာ ၁၀ ရက်ညနေပိုင်း နီပေါကျန်းမာရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနထုတ်ပြန်ချက်အရ သေဆုံးသူပေါင်း အနည်းဆုံး အယောက် ၃၀ အထိ တိုးမြင့်လာပြီဖြစ်ကာ ၁၀၀၀ ကျော် ဒဏ်ရာရခဲ့သည်ဟု သိရှိရသည်။

စက်တင်ဘာ ၉ ရက်တွင် ဆန္ဒပြသူများသည် အဂတိလိုက်စားကာ အကျင့်ပျက်ပြီး နိုင်ငံကို ဖျက်ဆီးခဲ့ သော အစိုးရအဖွဲ့ အကြီးအကဲများကို လွှတ်မပေးဘဲ တာဝန်ခံကာ အပြစ်ပေးရန် ဆန္ဒပြကြသဖြင့် ထိန်းသိမ်းမှုများကြောင့် ထပ်မံသေဆုံး ဒဏ်ရာရများ တိုးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

တောင်အာရှဒေသအတွင်း အစိုးရဆန့်ကျင်ရေးအကြမ်းဖက်လှုပ်ရှားမှုများ ဆက်တိုက် အောင်မြင်နေခဲ့ ကာ ၂၀၂၂ ခုနှစ်က သီရိလင်္ကာအစိုးရအဖွဲ့ ပြုတ်ကျခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ကာလရှည် နိုင်ငံအာဏာ ဆုပ်ကိုင်ခဲ့သော ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင် ရှိတ်ခ်ဟာဆီနာ အိန္ဒိယသို့ ထွက်ပြေးကာ အစိုးရတစ်ရပ် လုံးပြုတ်ကျသွားခဲ့ရသည်။

ကိုကလင်း
Ref: straitstimes
#MeKongNews
#နီပေါနိုင်ငံ
#ဆန္ဒပြပွဲ
#တောင်အာရှ
#ခတ္တမန္ဒူမြို့တော်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now