မဲခေါင်၊ စက်တင်ဘာ ၈
စက်တင်ဘာ ၈ ရက် ဒေသစံတော်ချိန် ညနေ ၃ နာရီဝန်းကျင်တွင် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ဒွန်မောင်းလေဆိပ်သို့ ပြန်လည်ဆိုက်ရောက်လာခဲ့သည်။
သက်ဆင်သည် ပြီးခဲ့သည့် စက်တင်ဘာ ၅ ရက်က ထိုင်းနိုင်ငံမှ Bombardier Global 7500 သီးသန့် ဂျက်လေယာဉ်ဖြင့် စင်ကာပူတွင် ဆေးစစ်ခံရန် ထိုင်းလေဆိပ်မှ ထွက်ခွာရာတွင် လေဆိပ် လ၀ကက ၂ နာရီကြာ ပြည်ပထွက်ခွာခွင့်ရှိမရှိ စစ်ဆေးခဲ့သည်။
သို့သော် ဘုရင်လွတ်ငြိမ်းခွင့်ကြောင့် အမှုဟောင်း ပြီးဆုံးပြီး ပြည်ပထွက်ခွာခွင့်ရှိသဖြင့် ထွက်ခွင့်ပေးရာတွင် လေယာဉ်သည် ဒူဘိုင်းသို့ ဦးတည်ပျံသန်း သွားခြင်းကြောင့် ထိုင်းနိုင်ငံအတွင်းမှ ထွက်ပြေးသည်ဟု ထင်ကြေးများပေးလာခဲ့ကြသည်။
သို့သော် ထောင်ဒဏ်ချခံရစဉ် ထောင်အတွင်းမနေဘဲ ပြည်ထဲရေးဆေးရုံပေါ်သို့ တက်နေခဲ့မှုအတွက် စက်တင်ဘာ ၉ ရက်၌ ရုံးချိန်တက်ရန်အမီ သက်ဆင် ပြန်လည်ရောက်ရှိလာကာ အဝေးမှ တယ်လီဆွဲ ရိုက်ထားသော ဓာတ်ပုံများအရ လေယာဉ်ခရီးစဉ်တွင် သက်ဆင်ပြန်ပါလာသည်ဟု ထိုင်းမီဒီယာများက အတည်ပြု ထုတ်ပြန်ခဲ့သည်။
သက်ဆင်၏ လေယာဉ်သည် ဒူဘိုင်းမှ မလေးရှား၊ မလေးရှားမှ စင်ကာပူ၊ ထိုမှတစ်ဆင့် ဒွန်မောင်း လေဆိပ်သို့ ပြန်လည်ဆိုက်ရောက်လာခြင်းဖြစ်ကြောင်းလည်း လေကြောင်းအချက်ပြ လမ်းကြောင်း များအရ သိရသည်။
ကိုကလင်း
Ref: Khaosod
Photo Credit – This Morning’s Story and Channel 3
#MeKongNews
#သက်ဆင်
#ထိုင်းနိုင်ငံရေး
#ဒူဘိုင်း
#ဒွန်မောင်းလေဆိပ်








