မဲခေါင်၊ စက်တင်ဘာ ၁
သူငယ်ချင်း နှစ်ဦး ရိုင်ဖယ်သေနတ်အသီးသီးဖြင့် နေအိမ်အတွင်း ကျည်ကာဦးထုပ်ဝတ်ဆင်ကာ အပြန်အလှန်ပစ်ခတ် သည့် သေနတ်ပစ်တမ်း Game ကစားခဲ့ရာမှ ဗြိတိန်တော်ဝင်မရိမ်းတပ်ဖွဲ့ဝင်ဟောင်း သေဆုံးပြီး ပစ်ခတ် သူသူငယ်ချင်းလည်း လူသတ်မှုဖြင့် ထောင်ကျခံရတော့မည်ဖြစ်သည်။
ဩဂုတ် ၁၇ ရက်နေ့က တက္ကဆက်ပြည်နယ် ဟျူစတန်မြို့ရှိ နေအိမ်တစ်လုံးအတွင်း ရှောင်အိုဒွန်နဲ (၃၇ နှစ်) နှင့် အေရွန်ပရောက် (၃၄ နှစ်) တို့သည် ဟျူစတန်ရှိ အိမ်တစ်လုံးထည်း အန္တရာယ်အလွန်များသည့် Game အဖြစ် ကျည်ကာဦးထုပ် ဝတ်ဆင်ကာ ရိုင်ဖယ်နှင့် အပြန်အလှန် ပစ်ခတ်တမ်းကစားရန် သဘောတူခဲ့ကြခြင်းဖြစ်သည်။
မရိမ်းတပ်သားဟောင်း အေရွန်ပရောက်သည် ကျည်ကာဦးထုပ်ဝတ်ထားသော်လည်း ကျည်ဆန်သည် ဦးခေါင်းကိုထိမှန်ကာ သေဆုံးခဲ့ခြင်းဖြစ်သည် ဟု မြို့တော်ရဲမှူး အက်ဒ်ဂွန်ဇာလက်က ထုတ်ပြန်ခဲ့သည်။
အခင်းဖြစ်ပွားသည့် အိမ်မှာ ဟျူစတန်မြို့မြောက်ဘက် ဆင်ခြေဖုံးရှိ အိုဒွန်နယ်၏ အိမ်တွင်ဖြစ်ကာ ကနဦးတွင် ကိုယ့်ကိုယ်ကိုယ် သတ်သေသည့်အဆင့်မျိုးဖြစ်နိုင်သော စွန့်စားမှုဂိမ်းဖြစ်မည်ဟု ထင်ခဲ့သော်လည်း စုံစမ်းစစ်ဆေးမှုများပြုလုပ်ရာတွင် ဂိမ်းတစ်ခုအဖြစ် ချစ်ခင်သော သူငယ်ချင်းနှစ်ဦး သေနတ်ပစ်တမ်းကစားရာမှ ကျည်ကာဦးထုပ်များသည် ကျည်ဆံကာကွယ်မှုကို ၁၀၀ ရာခိုင်နှုန်း အာမခံနိုင်ခြင်းမရှိသဖြင့် သေဆုံးမှုဖြစ်ပွားခဲ့ရခြင်းသာဖြစ်ကြောင်း သိရသည်ဟု အက်ဒ်ဂွန်ဇာလက်က ဆိုသည်။
ကျည်ဆံသည် မည်သည့် ကျည်ကာဦးထုပ်နေရာကို ဖောက်ကာ ဦးခေါင်းမည်သည့်နေရာကို ထိသည်ဆိုခြင်းကိုမူ ဂွန်ဇာလက်နှင့်ရဲတပ်ဖွဲ့က ထုတ်ပြန်ခြင်းမရှိခဲ့ပေ။
အိုဒွန်နယ်သည်လည်း စစ်ပြန်ဟောင်းတစ်ဦးဖြစ်ကာ သူငယ်ချင်းဖြစ်သူနှင့် ဂိမ်းကစားရာမှ သေဆုံးမှုကြောင့် ဩဂုတ် ၂၈ ရက်နေ့က ဟဲရစ်စီရင်စု ထောင်သို့ ကျခံလိုက်ရပြီဖြစ်သည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#ရိုင်ဖယ်သေနတ်
#မရိန်းတပ်သား
#တက္ကဆက်ပြည်နယ်
#ကျည်ကာဦးထုပ်








