နေ့စဥ်သတင်း

သက်တမ်းမပြည့်မီ ရာထူးမှနှုတ်ထွက်မည်မဟုတ်ဟု ပေထောင်တန် ကြေညာ

မဲခေါင် 21 Jun - 2025
မဲခေါင်၊ ဇွန် ၂၁ နိုင်ငံ၏ ၂၀၂၆ တစ်နှစ်တာဘတ်ဂျက် ကြေညာမှုအပြီး ဝန်ကြီးချုပ်ရာထူးမှ နှုတ်ထွက်ကာ လွှတ်တော်မှလည်း ထွက်ခွာမည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေမှုကို ထိုင်းဝန်ကြီးချုပ် ပေထောင်တန်အစား ဖွေထိုင်းပါတီ အထွေထွေအတွင်းရေးမှူး ဆိုရာဝေါင်က ဇွန် ၂၁ ရက်တွင် အသိပေးထုတ်ပြန် သွားခဲ့သည်။ ထွက်ပေါ်နေသော သတင်းများမှာ ကောလာဟလများသာဖြစ်ကာ ဝန်ကြီးချုပ်သည် တာဝန်သက်တမ်း ကုန်ဆုံးသည်အထိ ထိုင်းနိုင်ငံ ကြုံတွေ့နေရသော အခက်အခဲများကို အကောင်းဆုံးဖြေရှင်းပေးဦးမည် သာဖြစ်ကြောင်း ဆိုရာဝေါင်က ပြောသည်။ လက်ရှိစိန်ခေါ်မှုများတွင် ကမ္ဘောဒီးယားနှင့် တင်းမာနေသည့် နယ်စပ်ပိုင်နက် ပြဿနာ၊ အမေရိကန်မှ ပို့ကုန်အခွန်စည်းကြပ်မှု မြှင့်တင်ခြင်း၊ မူးယစ်မှောင်ခိုမှုများ နှိမ်နင်းမှု၊ ဆိုက်ဘာရာဇဝတ်မှုများ နှိမ်နင်း ခြင်း၊ ဘတ်

မဲခေါင်၊ ဇွန် ၂၁

နိုင်ငံ၏ ၂၀၂၆ တစ်နှစ်တာဘတ်ဂျက် ကြေညာမှုအပြီး ဝန်ကြီးချုပ်ရာထူးမှ နှုတ်ထွက်ကာ လွှတ်တော်မှလည်း ထွက်ခွာမည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေမှုကို ထိုင်းဝန်ကြီးချုပ် ပေထောင်တန်အစား ဖွေထိုင်းပါတီ အထွေထွေအတွင်းရေးမှူး ဆိုရာဝေါင်က ဇွန် ၂၁ ရက်တွင် အသိပေးထုတ်ပြန် သွားခဲ့သည်။

ထွက်ပေါ်နေသော သတင်းများမှာ ကောလာဟလများသာဖြစ်ကာ ဝန်ကြီးချုပ်သည် တာဝန်သက်တမ်း ကုန်ဆုံးသည်အထိ ထိုင်းနိုင်ငံ ကြုံတွေ့နေရသော အခက်အခဲများကို အကောင်းဆုံးဖြေရှင်းပေးဦးမည် သာဖြစ်ကြောင်း ဆိုရာဝေါင်က ပြောသည်။

လက်ရှိစိန်ခေါ်မှုများတွင် ကမ္ဘောဒီးယားနှင့် တင်းမာနေသည့် နယ်စပ်ပိုင်နက် ပြဿနာ၊ အမေရိကန်မှ ပို့ကုန်အခွန်စည်းကြပ်မှု မြှင့်တင်ခြင်း၊ မူးယစ်မှောင်ခိုမှုများ နှိမ်နင်းမှု၊ ဆိုက်ဘာရာဇဝတ်မှုများ နှိမ်နင်း ခြင်း၊ ဘတ် ၂၀ တန် ရထားဖယ်ရီ အစီအစဉ်၊ ဘတ် ၃၀ တည်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေး ခြင်း၊ ပြည်ပခရီးသွားများ ပြန်လည်စည်ကားပြီး နိုင်ငံဝင်ငွေတိုးတက်လာစေရန် လူလုပ်သည့် ရပ်ဝန်း များဖော်ဆောင်ရေး၊ မိသားစု ကြွေးမြီများ ဖြေလျော့ပေးရေး စသည့်လုပ်ငန်းများနှင့် ပြည်သူများ နေထိုင်စားသောက်မှုစားရိတ် လျှော့ကျစေရမည်ဆိုသော ဦးတည်ချက်များ ထင်သာမြင်စွာ ရလဒ် ကောင်းထွက်စေရန် ဝန်ကြီးချုပ်မှ ကြိုးစားပေးသွားမည်သာဖြစ်သည်ဟု ဆိုရာဝေါင်က ရှင်းလင်း ထုတ်ပြန်သွားခဲ့သည်။

ကိုကလင်း
Ref: Nation Thailand
#MeKongNews
#ထိုင်းနိုင်ငံ
#ဝန်ကြီးချုပ်
#ဖွေထိုင်းပါတီ
#စိန်ခေါ်မှုများ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်ခမ်း-မိုင်းဝီးလမ်းပိုင်း ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ယာယီပိတ်ထား

မဲခေါင်၊ နိုဝင်ဘာ ၁၄ တအာင်းတပ်ဖွဲ့(TNLA) ထိန်းချုပ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မိုင်းဝီးမြို့အကြား ဆက်သွယ်ထားသည့် လမ်းပိုင်းကို ပြန်လည်ပြုပြင်မည်ဖြစ်သဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို TNLA က ယာယီပိတ်ထားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းလမ်းပိုင်းကို ကုန်တင်ယာဉ်များအနေဖြင့် ၂၀၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာ ၆ ရက် ည ၁၁

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့ တီဟီရန်က အသေးစိတ် အစီအစဥ် ရေးဆွဲထားတယ်လို့ အီရန်ထိပ်တန်းအရာရှိကြီး ၂ ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now