နေ့စဥ်သတင်း

စစ်ကောင်စီထိုးစစ်ကြောင့် မိုးဗြဲတွင် တိုက်ပွဲဆက်လက်ပြင်းထန်နေ

မဲခေါင် 22 May - 2025
မဲခေါင်၊ မေ ၂၁ တပ်စခန်းနေရာများမှတဆင့် မြို့တွင်းဝင်ရောက်နိုင်ရေး ထိုးစစ်ဆင်နေသည့် စစ်ကောင်စီကြောင့် ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့အနီးတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။ မေလ ၂၀ ရက်နေ့ နေ့လယ်ပိုင်းအထိ သစ်ယာကုန်းဘက်တွင် တိုက်ပွဲဖြစ်ပွားနေပြီး တော်လှန်ရေးတပ်များ၏ ပိတ်ဆို့ထားမှုကြောင့် စစ်ကောင်စီစစ်ကြောင်းမှာ ရှေ့တိုးနောက်ဆုတ်သာ လုပ်နေနိုင်ကြောင်း ဒေသခံ စစ်ရေးသတင်းအရင်းအမြစ်က မဲခေါင်သို့ ပြောသည်။ “စစ်ကြောင်းထပ်ထပ်ထိုးလာတယ်။ မိုးဗြဲမရအောင်တော့ ကလေးတွေ (တော်လှန်ရေးတပ်များ) ကာပေးတာ၊ သူတို့(စစ်ကောင်စီ)ရိက္ခာ အတော်ပြည့်စုံပြီ ထင်တယ်။ သူတို့မှာကျည်တအားရှိတော့ လက်နက်ကြီးတွေ၊ ကျည်တွေ တအားထုနေတယ်” ဟု ၎င်းကဆိုသည်။ စစ်ကောင်စီစစ်ကြောင်း မိုးဗြဲမြို့အခြေစိုက် ခမရ ၄၂၂ တပ်ရင်းမှ ထွက်လာခြင်းဖြစ်ပြီး စစ်ကြောင်းဦးတည်ရာမှာ မိုးဗြဲမြို့တွင်းမှတဆင့် မိုးဗြဲ-ဖယ်ခုံလမ်းမအထိ

မဲခေါင်၊ မေ ၂၁

တပ်စခန်းနေရာများမှတဆင့် မြို့တွင်းဝင်ရောက်နိုင်ရေး ထိုးစစ်ဆင်နေသည့် စစ်ကောင်စီကြောင့် ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့အနီးတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

မေလ ၂၀ ရက်နေ့ နေ့လယ်ပိုင်းအထိ သစ်ယာကုန်းဘက်တွင် တိုက်ပွဲဖြစ်ပွားနေပြီး တော်လှန်ရေးတပ်များ၏ ပိတ်ဆို့ထားမှုကြောင့် စစ်ကောင်စီစစ်ကြောင်းမှာ ရှေ့တိုးနောက်ဆုတ်သာ လုပ်နေနိုင်ကြောင်း ဒေသခံ စစ်ရေးသတင်းအရင်းအမြစ်က မဲခေါင်သို့ ပြောသည်။

“စစ်ကြောင်းထပ်ထပ်ထိုးလာတယ်။ မိုးဗြဲမရအောင်တော့ ကလေးတွေ (တော်လှန်ရေးတပ်များ) ကာပေးတာ၊ သူတို့(စစ်ကောင်စီ)ရိက္ခာ အတော်ပြည့်စုံပြီ ထင်တယ်။ သူတို့မှာကျည်တအားရှိတော့ လက်နက်ကြီးတွေ၊ ကျည်တွေ တအားထုနေတယ်” ဟု ၎င်းကဆိုသည်။

စစ်ကောင်စီစစ်ကြောင်း မိုးဗြဲမြို့အခြေစိုက် ခမရ ၄၂၂ တပ်ရင်းမှ ထွက်လာခြင်းဖြစ်ပြီး စစ်ကြောင်းဦးတည်ရာမှာ မိုးဗြဲမြို့တွင်းမှတဆင့် မိုးဗြဲ-ဖယ်ခုံလမ်းမအထိ တက်နိုင်ရေးဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီ ၄၂၂ တပ်ရင်းသို့ စစ်ကောင်စီမှ ရဟတ်ယာဉ်များဖြင့် ရိက္ခာ၊ လက်နက်ခဲယမ်း၊ လူအင်အား ပို့ဆောင်ခြင်းများအပြင် ပင်လောင်း-ဖယ်ခုံလမ်းပိုင်းအား အသုံးပြုခွင့်ရပြီ ဖြစ်သောကြောင့် ၎င်းလမ်းပိုင်းမှ ရိက္ခာသယ်ယူမှုများ ရှိနေသည်။

“ခုထိ လမ်းကပေါက်တယ်၊ သူတို့ ဒီလမ်းကိုသုံးတာ တော်တော်ကြာပြီ။ ၃/၄ လ လောက်ရှိပြီ။ ပင်လောင်း-တောင်ကြီး၊ ဟိုး မန္တလေး ရန်ကုန်အထိ ကားလမ်းပေါက်တော့ သူတို့အဲဒီကလည်း ပို့လို့ရတာပေါ့” ဟု  ဒေသခံတစ်ဦးက ပြောသည်။

မိုးဗြဲမြို့ကို အမှတ်(၁၀၀၁) မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်နှင့် KNDF မဟာမိတ်တပ်ပေါင်းစုများ ထိန်းချုပ်ထားသည်မှာ တစ်နှစ်ခွဲကျော် ကြာခဲ့ပြီဖြစ်ပြီး မိုးဗြဲမြို့ကို ပြန်လည်ရရှိရေးအတွက် စစ်ကောင်စီမှ PNO ပြည်သူ့စစ်နှင့်အတူ အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိသည့်အတွက် ဆက်လက်ထိန်းချုပ်ရန် အခက်အခဲများရှိနေကြောင်း အမှတ်(၁၀၀၁) မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က မေလ ၂၀ ရက် ညနေပိုင်းက သတင်းထုတ်ပြန်သည်။

၂၀၂၅ ခုနှစ်အစမှ ယနေ့အချိန်ထိ မိုးဗြဲမြို့နယ်တွင် စစ်ကောင်စီနှင့်တိုက်ပွဲ နေ့စဉ်နှင့်အမျှဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုများရှိခဲ့ကာ အမှတ်(၁၀၀၁) မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်မှ ၅ လတာအတွင်း သူရဲကောင်း ၅ ဦးအထိ ပေးဆပ်ခဲ့ရပြီး စစ်ကောင်စီဘက်မှ ၅၀ ဦးအထက် သေဆုံးကြောင်း၊ ဆက်လက်တိုက်ပွဲဝင်ရန် စစ်ရေးလိုအပ်ချက်များရှိကြောင်း အမှတ်(၁၀၀၁) မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီမှ ခမရ ၄၂၂တပ်တွင်း၊ သစ်ယာကုန်း၊ လယ်တီတောင်တို့တွင်တပ်စွဲထားပြီး ခေတ္တအခြေပြုနေရာများမှတဆင့် ရှေ့သို့တိုးတိုးလာနေကြောင်း၊ တော်လှန်ရေးတပ်များမှ အစွမ်းကုန်ကာထားကြောင်း၊ ယခုနှစ် ဖေဖော်ဝါရီနှင့် မတ်လတို့တွင် လက်လွတ်ခဲ့ရသော ကင်းစခန်းတချို့အား ပြန်လည်ရယူထားနိုင်ကြောင်း သိရသည်။

မိုးဗြဲမြို့ကို ပြီးခဲ့သည့်နှစ် ဧပြီလမှစတင်ကာ မြို့သိမ်းနိုင်ရေး တော်လှန်ရေးတပ်များမှ တကျော့ပြန်တိုက်ပွဲစတင်ခဲ့ပြီး လက်ရှိအချိန်အထိ နေ့စဥ်နှင့်အမျှ တိုက်ပွဲများဖြစ်ပွားနေသော်လည်း မြို့သိမ်းနိုင်သည့်အခြေအနေတော့ မရှိသေးပေ။

လက်ရှိအချိန်အထိ စစ်ရေးတင်းမာနေသည့်အတွက် စစ်ကောင်စီမှ လက်နက်ကြီးများကို ရမ်းသမ်းပစ်ခတ်နေသောကြောင့် မိုးဗြဲလမ်းမကြီးအား တတ်နိုင်သမျှ အသုံးမပြုကြရန် ပြည်သူ့ကာကွယ်ရေးတပ် သတင်းရင်းမြစ်က သတိပေးထားသည်။

ဂနိုက်
#MeKongNews
#မိုးဗြဲတိုက်ပွဲ
#စစ်ကောင်စီထိုးစစ်
#အမြောက်တပ်
#ခမရ၄၂၂

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now