မဲခေါင်၊ မတ် ၁၄
မတ် ၁၄ ရက်မနက် ၄ နာရီခန့်တွင် ထိုင်းနိုင်ငံ ဘန်ကောက်သွား ဖတ်ကာဆန်လမ်းပေါ် ခရီးသည်ယာဥ်ဘတ်စ် ကား လမ်းဘေးဓာတ်တိုင်ဝင်တိုက်ခဲ့သည့်အတွက် ဒဏ်ရာရသူများပြားခဲ့ပြီး မြန်မာ ၁၂ ယောက်လည်း ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ပတ်ချာဘူရီခရိုင် ဖိုကရူးဆန်းစက်အနီး အဆိုပါအခင်းဖြစ်ပွားခဲ့ရာ ကားပေါ်လိုက်ပါသူ အားလုံး ဒဏ်ရာများရခဲ့ပြီး ထိုင်း ၁၅ ယောက်၊ မြန်မာ ၁၂ ယောက်၊ အမေရိကန် ၉ ယောက် ဒဏ်ရာရ သဖြင့် အနီးအနားရှိခို့ရိုင်နှင့် ဖရာချွန်ကလာအို ဆေးရုံများသို့ပို့ဆောင်ခဲ့ကာ အသေးစားဒဏ်ရာများသာ ဖြစ်ခဲ့သည်ဟု ထိုင်းမီဒီယာမှ ထုတ်ပြန်သည်။
ဒဏ်ရာရသူ ၃၆ ယောက်အနက် ၃ ဦးသာ ဆေးရုံတွင် ဆက်လက်ကုသမှုခံယူနေရပြီး ကျန်ခရီးသည် များကို နောက်ဘတ်စ်ကား မလာမီ ခို့ရိုင်ရဲစခန်းက ခေါက်ဆွဲပြုပ်များကြွေးမွေးပြီး နှစ်သိမ့်ပေးခဲ့ ကြောင်းနှင့် ယာဉ်မောင်းမှာ ၅၈ နှစ်အရွယ်ရက်ချက်ဆိုသူဖြစ်ပြီး မောင်းနေရင်း အိပ်ပျော်သွားသည်ဟု ဝန်ခံသည့်အတွက် အရေးယူရန်စီစဉ်နေသည်ဟု ဆိုသည်။
Ref:Khaosod
ကိုကလင်း
#ပတ်ချာဘူရီ
#ကားမတော်တဆ
#ယာဥ်မောင်းအိပ်ပျော်
#ထိုင်း
#ဓာတ်တိုင်ဝင်တိုက်








