နေ့စဥ်သတင်း

တောင်ကြီးတွင် သိမ်းဆည်းထားသည့် လိုင်စင်မဲ့ကားများကို စစ်ကောင်စီဝန်ထမ်းများအတွက် ပြန်ထုတ်ပေးရန် စီစဉ်နေ

မဲခေါင် 13 Mar - 2025
မဲခေါင်၊ မတ်၁၃ တောင်ကြီးမြို့တွင် နေ့စဥ်ရက်ဆက် ဖမ်းဆီးနေသည့် လိုင်စင်မဲ့ကားများကို ပိုင်ရှင်ထံ ပြန်ပေးရန်မရှိဘဲ အပြီးသိမ်းဆည်းကာ ရဲအပါအဝင် ဌာနဆိုင်ရာများအတွက် ထုတ်ပေးရန် စီစဉ်နေကြောင်း ယာဉ်ထိန်းတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ တန်ဆောင်တိုင်ကာလမှ စတင်သည့် လိုင်စင်မဲ့ကားဖမ်းဆီးမှုမှာ ယခု မတ်လဆန်းတွင် ပိုမိုဖမ်းဆီးလာပြီး ယခင်က ကားအချို့ငွေပေးရွေးရနိုင်ခဲ့သော်လည်း ယခုတွင် လုံးဝပြန်ရနိုင်ချေ မရှိတော့ဘဲ အပြီးသိမ်းခြင်းဖြစ်ကြောင်း ယာဉ်ထိန်းတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “အရင်က အောင်သပြေတပ်ထဲ မြက်ပေါက်အောင်သွားပစ်ထားပေမယ့် ခုက ဌာနဆိုင်ရာတွေကို ပြန်ထုတ်ပေးဖို့ရှိလို့ ဟိုတုန်းကလို ပစ္စည်းတွေ ခိုးဖြုတ်ရောင်းလို့ မရအောင် ပြောထားတယ်။ သူတို့ လိုတာ Vigo လို ကားတွေနဲ့

မဲခေါင်၊ မတ်၁၃

တောင်ကြီးမြို့တွင် နေ့စဥ်ရက်ဆက် ဖမ်းဆီးနေသည့် လိုင်စင်မဲ့ကားများကို ပိုင်ရှင်ထံ ပြန်ပေးရန်မရှိဘဲ အပြီးသိမ်းဆည်းကာ ရဲအပါအဝင် ဌာနဆိုင်ရာများအတွက် ထုတ်ပေးရန် စီစဉ်နေကြောင်း ယာဉ်ထိန်းတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ တန်ဆောင်တိုင်ကာလမှ စတင်သည့် လိုင်စင်မဲ့ကားဖမ်းဆီးမှုမှာ ယခု မတ်လဆန်းတွင် ပိုမိုဖမ်းဆီးလာပြီး ယခင်က ကားအချို့ငွေပေးရွေးရနိုင်ခဲ့သော်လည်း ယခုတွင် လုံးဝပြန်ရနိုင်ချေ မရှိတော့ဘဲ အပြီးသိမ်းခြင်းဖြစ်ကြောင်း ယာဉ်ထိန်းတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“အရင်က အောင်သပြေတပ်ထဲ မြက်ပေါက်အောင်သွားပစ်ထားပေမယ့် ခုက ဌာနဆိုင်ရာတွေကို ပြန်ထုတ်ပေးဖို့ရှိလို့ ဟိုတုန်းကလို ပစ္စည်းတွေ ခိုးဖြုတ်ရောင်းလို့ မရအောင် ပြောထားတယ်။ သူတို့ လိုတာ Vigo လို ကားတွေနဲ့ အိမ်စီးကားကောင်းတွေ၊ နောက်ဖွင့်ကားတွေက စစ်သုံး၊ ရဲသုံးဖို့နဲ့ အိမ်စီးကားကောင်းတွေက ဌာနအရာရှိသုံးတွေအတွက်လို့ ကြားတယ်။ ရန်ကုန်မှာတော့ ဖမ်းမိကားတွေ S နံပတ်တွေနဲ့ စပေးနေပြီ” ဟု ၎င်းက မဲခေါင်ကို ပြောသည်။

ယခင် အမြဲတန်းလို လိုင်စင်မဲ့ကားများ စျေးကွက်ဖြစ်သည့် အထက-၁ ဘေးလမ်း၊ မြို့မနှင့် မင်္ဂလာဦး နေရာများတွင် မည်သည့်ကားမျှ မရှိတော့သလို ယနေ့ တပေါင်းလပြည့်နေ့ ဘုရားသွားကျောင်းတက်ကားများလည်း မရှိသလောက်နည်းပါးနေသည်ဟု ဆိုသည်။

“ဆိုင်ကယ်တွေလည်း အဖမ်းအဆီးများတော့ အသွားအလာနည်းတယ်။ အရောင်းတက်တာ မရှိဘူး။ လူတွေက လိုင်စင်မဲ့ စီးကြတာက ငွေမရှိကြတာများတော့ ခုလို စျေးတွေမြင့်နေချိန် မဝယ်နိုင်ကြတော့တာ” ဟု ဆိုင်ကယ်အရောင်းတန်း ဝယ်ရောင်းတစ်ဦးက ပြောသည်။

အဖမ်းအဆီးများနေသဖြင့် မြို့မစျေးအပါအဝင် စျေးရောင်းစျေးဝယ်များပါ အသွားအလာ နည်းပါးနေပြီး အလုပ်ဆင်း အလုပ်လာသူများ အထူးသဖြင့် အေးသာယာဘက်မှ အလုပ်လာသူများ အလုပ် မဆင်းနိုင်ကြကြောင်းသိရသည်။

“အရင်က မနက်ဆို အုပ်လိုက်ကြီး၊ ညနေဆို တပြုံကြီး ခု အလုပ်မကောင်းပါဘူးဆိုမှအလုပ်မဆင်းနိုင်ကြတော့ ဝင်ငွေမရှိ ဆန်ကွဲဝယ်ဖို့တောင် ခက်နေကြတာ များပြီ” ဟု အေးသာယာက ဘောက်ထမ်း (ကျပန်း) လုပ်သားတစ်ဦးက ပြောသည်။

စစ်ပွဲဖြစ်ပွားရာ နေရာများမှ စစ်ရှောင်လာကြသူများကြောင့် ကားများ ပိတ်ကြပ်နေသည်ဟု ဝေဖန်ခဲ့သည့် တောင်ကြီးလမ်းများမှာ ယခုအခါကားများရှင်းလင်းနေသလို လူသွားလူလာလည်း နည်းပါးလာပြီး ဆီဆိုင်များတွင်လည်း ဆီထည့်ကားများတန်းစီနေကြခြင်း မရှိကြတော့ကြောင်း သိသည်။

မှတ်ချက် – ပုံဟောင်းများ
မဟာ
#MeKongNews
#တောင်ကြီးမြို့
#လိုင်စင်မဲ့ကား
#ဖမ်းဆီး
#စစ်ကောင်စီဝန်ထမ်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ

ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၂၀၀ ကျော် ပိတ်မိနေ မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၀ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၇၆၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်ခမ်း-မိုင်းဝီးလမ်းပိုင်း ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့် ယာယီပိတ်ထား

မဲခေါင်၊ နိုဝင်ဘာ ၁၄ တအာင်းတပ်ဖွဲ့(TNLA) ထိန်းချုပ်ဒေသ၊ နမ့်ခမ်းမြို့နှင့် မိုင်းဝီးမြို့အကြား ဆက်သွယ်ထားသည့် လမ်းပိုင်းကို ပြန်လည်ပြုပြင်မည်ဖြစ်သဖြင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ကို TNLA က ယာယီပိတ်ထားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းလမ်းပိုင်းကို ကုန်တင်ယာဉ်များအနေဖြင့် ၂၀၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာ ၆ ရက် ည ၁၁

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့ တီဟီရန်က အသေးစိတ် အစီအစဥ် ရေးဆွဲထားတယ်လို့ အီရန်ထိပ်တန်းအရာရှိကြီး ၂ ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now