မိုင်းဖြတ်၌ စစ်မှုထမ်းလူစားထိုးသူနှင့် သင်တန်းသားထောက်ပံ့ရေးအတွက် တစ်အိမ်လျှင် ကျပ် ၃၅၀၀၀ ကောက်ခံနေကြောင်းကို ပြင်ပသို့ မပေါက်ကြားရန် အုပ်ချုပ်ရေမှူးက တားမြစ်
မဲခေါင်၊ ဖေဖော်ဝါရီ ၁၁
ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဖြတ်မြို့နယ်၊ ဟိုနားကျေးရွာ၌ စစ်မှုထမ်းလူစားထိုးသူနှင့် သင်တန်းသားထောက်ပံ့ရေးအတွက်ဟူသော ခေါင်းစဉ်ဖြင့် တစ်အိမ်လျှင် ကျပ်ငွေ ၃၅၀၀၀ ကောက်ခံနေကြောင်း ရပ်ကွက်နေဒေသခံတစ်ဦးက ပြောသည်။
ယခုလ ၈ ရက်၊ ည ၇နာရီတွင် ဟိုနားကျေးရွာအုပ်ချပ်ရေးမှူးမှ တစ်အိမ်တစ်ယောက်အစည်အဝေး ခေါ်ယူကာ စစ်မှုထမ်း သင်တန်းသစ်အတွက် တစ်အိမ်ကို ကျပ်ငွေ ၃၅၀၀၀ မဖြစ်မနေ ထည့်ရမည်ဟု ခွဲတမ်းချခဲ့သည်။
“ မထည့်ရင် စစ်မှုထမ်းစာရင်းထဲ ထည့်လိုက်မယ်၊ ပြီးရင် ပိုက်ဆံကောက်တဲ့ကိစ္စ အပြင်ကိုလုံးဝအသံမထွက်နဲ့လို့ပြောတယ်”ဟုဒေသခံကပြောသည်။
စစ်မှုထမ်းရန်သတ်မှတ်အသက်ပြည်မီသူများ စစ်မှုမထမ်းလိုပါက လူစားထိုးအတွက် ငွေပေးရခြင်းများရှိသလို သင်တန်းတက်သူအတွက် ထောက်ပံ့ပေးရသည်ဟူသော အကြောင်းပြချက်များဖြင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ငွေကြေးကောက်ခံခြင်းများပြုလုပ်နေခြင်းသာ။ ထို့အတူ ဒေသတွင်းရပ်ကွက် ကျေးရွာများကို တပ်သားသစ်အရေအတွက်မည်မျှပေးရမည်ဟု စစ်ကောင်စီတပ်ဖွဲ့ဝင်များက သတ်မှတ်ပေးရာမှာ သတ်မှတ်အရေအတွက်ပြည့်မီစွာမပေးနိုင်သည့် ရပ်ကွက် ကျေးရွာများက စစ်ကောင်စီကို ငွေပေးရခြင်းများရှိနေသည်။
အဆိုပါ အုပ်ချပ်ရေးမှူးသည် ရပ်ကွက်လူထုကိုမကြာခဏ အစည်းအဝေးခေါ်ပြီး အလှူငွေကောက်ခံနေသူတစ်ဦးဖြစ်သည်ဟုဆိုသည်။
လက်ရှိတွင် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းအပတ်စဉ်(၁၀)အတွက် လူသစ်စုဆောင်းခေါ်ယူမှုများပြုလုပ်နေရာ ရှေ့ပိုင်း ခေါ်ယူသည့် သင်တန်းအပတ်စဉ်များသည် သတ်မှတ်အင်အားမပြည့်မီခဲ့သည့် မြို့များရှိ အုပ်ချုပ်ရေးမှူးမျာကို ပြည်နယ်မှ သတ်မှတ်အင်အားပြည့်မီရေး အတင်းအကြပ်ဖိအားပေးနေသဖြင့် မြို့အုပ်ချုပ်ရေးမှူးများမှ အောက်ခြေ ရပ်ကွက်၊ ကျေးရွာများသို့ လူနှင့်ငွေကြေး ပြည့်မီစွာရရှိနိုင်ရေးဖိအားပေးနေသည်ဟုသိရသည်။
လက်ရှိ ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်သူ့စစ်မှုထမ်းလူသစ်တစ်ဦး ပေါက်စျေးမှာ ကျပ်သိန်း၈၀ မှ ၁၀၀ အထိ ရှိနေသော်လည်း အစားထိုးသူကိုငွေပေးခြင်းမရှိကြောင်း ငြင်းဆန်လိမ်လည်ခြင်းများရှိသလို ရှေ့တန်းမလွှတ်ဘူးဟုလိမ်လည်ပြောဆိုခြင်းများရှိနေကာ မိသားစုနှင့်လုံးဝအဆက်ဖြတ်ထားပြီး သတင်းအမှောင်ချထားမှုများကြောင့် ငွေကြေးဖြင့် အစားထိုးလိုက်ပါစစ်မှုထမ်းလိုသူ များမရှိသလေက်ဖြစ်နေပြီး အတင်းအဓမ္မ ဖမ်းဆီးရန် လုပ်ဆေင်နေကြကြောင်း သိရပါသည်။
မဟာ
#MeKongNews








