စစ်ရေးသတင်း

၁၂ မိုင် ဗျူဟာကုန်း ကရင်နီတော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်မှု စစ်ကောင်စီ ၁၅ ဦး သေပြီး လက်နက်တွေ သိမ်းမိ

မဲခေါင် 9 Feb - 2024
ကရင်နီပြည်၊ ဘောခဲမြို့နယ်၊ ရွာသစ်မြို့မှာ လူအင်အား ၃၀ ခန့်နဲ့ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ၁၂ မိုင် ဗျူဟာကုန်းစခန်းကို ကရင်နီတော်လှန်ရေး အင်အားစုတွေက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖားဆောင်း PDF တာဝန်ရှိသူတွေက ပြောပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၉

ကရင်နီပြည်၊ ဘောခဲမြို့နယ်၊ ရွာသစ်မြို့မှာ လူအင်အား ၃၀ ခန့်နဲ့ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ၁၂ မိုင် ဗျူဟာကုန်းစခန်းကို ကရင်နီတော်လှန်ရေး အင်အားစုတွေက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖားဆောင်း PDF တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီ စစ်ဆင်ရေးကို ဇန်နာဝါရီလ ၂၂ ရက်နေ့ကတည်းက စတင်တိုက်ခိုက်ခဲ့ပြီး ၁၇ ရက်အကြာ ဖေဖော်ဝါရီလ ၈ ရက်နေ့ မနက် ၇ နာရီမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဖားဆောင်း PDF ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက “ကျနော်တို့ အရင်ဆုံး Plan ချပြီးမှ တိုက်တာပေါ့နော်။ ချက်ချင်းတိုက် ချက်ချင်းရတာတော့ မဟုတ်ပါဘူး။ ပထမတစ်ကြိမ် တိုက်တော့ တစ်ချို့နေရာတွေပဲ ရခဲ့တယ်။ ပြန်ဆုတ်ရတယ်။ နောက်မှ သေချာစီစဉ်ပြီးတော့မှ တန်ပြန်တိုက်တာပေါ့။ ပြီးခဲ့တဲ့ လကတည်းက ဒီစခန်းကို တိုက်ခိုက်ခဲ့တာပေါ့နော်။ ကျနော်တို့ သတင်း မထုတ်ပြန်ဖြစ်တာပါ” လို့ ပြောပါတယ်။

စစ်ဆင်ရေး ကာလတစ်လျှောက် စစ်ကောင်စီတပ်ဘက်က ၁၅ ဦး ဒဏ်ရာရခဲ့ပြီး ၂၆ ဦး သေဆုံးခဲ့တာကို အလောင်းအရေအတွက်နဲ့ အတည်ပြုနိုင်ခဲ့တဲ့အပြင် သုံ့ပန်း တစ်ဦး လည်း ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် လက်နက်ခဲယမ်းတွေ အနေနဲ့ ၆၀ မမ ၃ လက်၊ ငါးကြင်းမြီး၊ MA-2, MA-11, MA-3, MA-1, 9MM စတာတွေအပြင် ဒရုန်းနဲ့ ဆက်စပ် ပစ္စည်းတွေလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဖားဆောင်း PDF က ထုတ်ပြန်ပါတယ်။

အဲဒီ တိုက်ပွဲကို အမျိုးသား ညီညွတ်ရေး အစိုးရ(NUG) လက်အောက်ခံ တပ်ရင်းတွေ ဖြစ်တဲ့ အလယ်ပိုင်းတိုင်း ကရင်နီ စစ်ဒေသခွဲ၊ ဘောလခဲ PDF, ဖားဆောင်း PDF တို့အပြင် ကရင်နီလူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး – ကလလတ (KNPLF)၊ ကရင်နီတပ်မတော် (KA) ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)နဲ့ သက်ဆိုင်ရာ ဒရုန်းတပ်ဖွဲ့တွေ ပါဝင်တိုက်ခဲ့ကြပြီး ၂ ဦးကျဆုံးကာ ၂၂ ဦး မစိုးရိမ်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။

“လောလောဆယ် ဘာမှတော့ ဖြည့်စွက်ပြောစရာ မရှိပါဘူး။ ဖားဆောင်း PDF နဲ့ ဘောလခဲ PDF က ဗျူဟာ တစ်ခုအနေနဲ့ရော တပ်ပေါင်းစု တစ်ခုအနေနဲ့ရော ချိတ်ဆက်ပြီး အမြဲတမ်း တိုက်ပွဲ ဝင်နေပါတယ်။ ဗျူဟာ အနေနဲ့က လွိုင်ကော်မှာ ဆိုလို့ရှိရင်လည်း မြို့သိမ်း တိုက်ပွဲတွေမှာ ဘောလခဲ ဗျူဟာအနေနဲ့ ပါဝင်ခဲ့တယ်ပေါ့နော်။ အခု ဒီမှာလည်းပဲ တပ်ပေါင်းစုအနေနဲ့ တိုက်ပွဲဝင်နေပါတယ်။ ပြည်သူတွေလည်း အားတင်းထားကြပါလို့ မှာကြားလိုပါတယ်” လို့ ဖားဆောင်း PDF ပြတ်ကြားရေး တာဝန်ရှိသူ တစ်ဦးက ဆက်ပြောပါတယ်။

ဖားဆောင်းနဲ့ ဘောလခဲအတွင်း ပတ်ပတ်လည်က စစ်ကောင်စီတပ်စခန်း အားလုံးကို ကရင်နီတော်လှန်ရေး အင်အားစုတွေက သိမ်းပိုက်ထားနိုင်ပြီး မြို့ပေါ်တပ်ရင် ၄ ခုလောက်သာ ကျန်တော့တယ်လို့ ဆိုပါတယ်။

ဇန်နာဝါရီလ ၃၀ ရက်နေ့ လွိုင်ကော်မြို့သိမ်း တိုက်ပွဲမှာ ဖားဆောင်း PDF ဘက်က ရဲဘော်ကျော်သန်းအေး ကျဆုံးခဲ့ပြီး အဖွဲ့အနေနဲ့ ဆက်သွယ်ရေး အခက်အခဲအရ သတင်းထုတ်ပြန်ဖို့ အမြဲတမ်းလိုလို အခက်အခဲတွေ ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

CJ-007

#MeKongNews

#ဘော်လခဲ

#၁၂မိုင်

#ဗျူဟာကုန်း

#စစ်ကောင်စီ

#သိမ်းပိုက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်၊ ဖက်နမ်ရွာတိုက်ပွဲမှာ PNO ၂ ဦးသေ ၂ ဦးပြင်းထန်ဒဏ်ရာရ

ဆီဆိုင်မြို့နယ်အတွင်း မေ ၇ ရက်နေ့က PNLO နဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ PNO ဘက်က ၂ ဦးသေ
မြန်မာ့နွေဦး

စစ်ကောင်စီက ဆီဆိုင်မြို့ပေါ်က ကျောင်းတွေ ကို မဖြစ်မနေဖွင့်ရမယ်လို့ဆို

လာမယ့် ၂၀၂၄-၂၅ ပညာသင်နှစ်အတွက် ဆီဆိုင်မြို့နယ်အတွင်းက ကျောင်းတွေကို မဖြစ်မနေဖွင့်လှစ်ရမယ်လို့ ပြည်နယ်ပညာရေးမှူးရုံးကို စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ ဒေသခံ သတင်းအရင်းအမြစ်ထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဘောလခဲမှာ စစ်ကောင်စီရဲ့ ရိက္ခာတင်ကား မိုင်းနင်းမိပြီးပျက်စီး

ကရင်နီပြည်၊ ဘောလခဲမြို့ နယ်မှာ စစ်ကောင်စီရဲ့ ရိက္ခာတင်ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ တယ်လို့ ကရင်နီတော်လှန်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KNLA နဲ့ PDF ဝင်တိုက်တဲ့ ပဲဒက်စစ်ကောင်စီစခန်းမှ ၂၆ ယောက်ဖမ်းမိ

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှ ပဲဒက်ရွာမှ စစ်ကောင်စီနဲ့ ပျူစောထီးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ PDF တို့ မေ ၅ ရက်က ဝင်တိုက်ခိုက်မှုမှာ စစ်ကောင်စီအဖွဲ့ ၂၆ ယောက်ကို အရှင်ဖမ်းမိပြီး လက်နက်တွေလည်း သိမ်မိတယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

မြစ်ကြီးနား ဗလမင်းထင်တံတားထိပ်မှာ တိုက်ပွဲ ပြင်းထန်နေ

ကချင်ပြည်နယ်၊ မြစ်ကြီးနား အဝင်က ဗလမင်းထင်တံတားထိပ်မှာ ဒီနေ့ မေ ၉ ရက် မွန်းလွဲ ၂ နာရီခန့်ကစပြီး လက်ရှိ သတင်းရေးသား နေချိန်ထိ တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ရှေ့တန်း စစ်မြေပြင်မှာ မြေမြုပ်မိုင်း ထိသွားတဲ့ ရှမ်းတောင် PDF တပ်ဖွဲ့ဝင် တစ်ဦး အကူအညီလိုအပ်နေ

ရှမ်းတောင်ပြည်သူ့ ကာကွယ်ရေးတပ်မတော် အမှတ် ၁၀၀၅ တပ်ရင်း(SSPDF)က တပ်ဖွဲ့ဝင်တစ်ဦးဟာ မြေမြုပ်မိုင်းကြောင့် ပြင်းထန်ဒဏ်ရာရခဲ့ပြီး အကူအညီတွေ လိုအပ်နေတယ်လို့ တော်လှန်ရေး သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA နဲ့ ပူးပေါင်းအဖွဲ့ မလိုက်နိုင်အောင် တံတားကို မိုင်းခွဲပြီး စစ်ကောင်စီတပ် ထွက်ပြေး

ဗန်းမော် - မြစ်ကြီးနား လမ်းပေါ်ရှိ ဝိုင်းမော်မြို့နယ်၊ ကဇူးရွာ အနီးက ဒဘတ်ချောင်းကူးတံတားကို မေလ ၈ ရက်နေ့ ည ၈ နာရီ ဝန်းကျင်ခန့်က စစ်ကောင်စီတပ်ဖွဲ့က ကား ၂ စီးနဲ့ လာရောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဖယ်ခုံ PDF တည်ထောင်ခြင်း ၃ နှစ်ပြည့် ရဲဘော်အသစ်၊ ဟောင်းတွေ တက်ရောက်

ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် (ဖယ်ခုံ PDF) တပ်ရင်း ၂၊ တပ်ခွဲ ၁ရဲ့ ၃ နှစ်ပြည့် မျက်နှာစုံညီပွဲကို ကျင်းပပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now