စစ်ရေးသတင်း

ပအိုဝ်းဒေသမှာ စစ်ကောင်စီက ၄၂ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၁၅၀၀ ကျော်အထိ ပြုလုပ်

မဲခေါင် 8 Mar - 2024
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကာလ ၄၂ ရက်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကို အကြိမ်ပေါင်း ၁၅၀၀ ကျော် ပြုလုပ်ခဲ့တယ်လို့ ပအိုဝ်းလူငယ်အဖွဲ့အစည်း(Pa-O Youth Organization) PYO က ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။

မဲခေါင်၊ မတ် ၈

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကာလ ၄၂ ရက်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကို အကြိမ်ပေါင်း ၁၅၀၀ ကျော် ပြုလုပ်ခဲ့တယ်လို့ ပအိုဝ်းလူငယ်အဖွဲ့အစည်း(Pa-O Youth Organization) PYO က ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့က ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသ၊ စံဖူး(လုံးဟီး)ရွာမှာ လက်နက်တွေသယ်ဆောင်လာတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ယာဥ်တန်းကို ပအိုဝ်းပြည်သူ့စစ်(PNA) နဲ့ စစ်ကောင်စီတို့က စစ်ဆေးပစ်ခတ်ရာကနေ တပတ်အတွင်း ဆီဆိုင်၊ ဟိုပုံး၊ မိုင်းပွန်အထိ တိုက်ပွဲတွေဆက်ဖြစ်ခဲ့ပြီး ဒီနေ့အထိလည်း ပအိုဝ်းဒေသအတွင်း အပြန်အလှန််တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။

အဲ့ဒီ စံဖူး(လုံးဟီး)ရွာဖြစ်စဥ်ကနေစပြီး PYO က ကောက်ယူထားတဲ့ ဒေတာတွေအရ ဇန်နဝါရီ ၂၁ ရက်နေ့ကနေ မတ်လ ၂ ရက်နေ့အထိ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုအနေနဲ့ ဗုံးကျဲမှု ၃၇၁ ကြိမ်အထက်နဲ့ လက်နက်ကြီးပစ်ခတ်မှု ၁၁၃၅ ကြိမ် ပြုလုပ်ခဲ့ပြီး စုစုပေါင်းအကြိမ်ရေ ၁၅၀၆ ကြိမ်ရှ်ိတယ်လို့ ဆိုပါတယ်။ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

တိုက်ပွဲစတင်ပြီး တပတ်အတွင်း အရပ်သား ၁၇ ဦးသေဆုံးခဲ့ကာ ၁၇ ဦးဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၈၀ ကျော်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။ တိုက်ပွဲကာလ ၄၂ ရက်မြောက်နေ့ မတ်လ ၂ ရက်နေ့အထိ ကောက်ယူထားတဲ့ စာရင်းတွေအရ အရပ်သားသေဆုံးမှု စုစုပေါင်း ၄၇ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၅၉ ဦးရှိပြီလို့ သိရပါတယ်။ စစ်တပ်နဲ့ ပအိုဝ်းပြည်သူ့စစ်(PNA) တို့ ဖမ်းဆီးခြင်းခံရတဲ့ အရပ်သား ၁၈ ဦးထိရှိထားတယ်လို့ PYO ရဲ့ မှတ်တမ်းအရသိရပါတယ်။

ပအိုဝ်းလူငယ်အဖွဲ့အစည်း(Pa-O Youth Organization) PYO ရဲ့ ဒေတာကောက်ယူမှုနဲ့ ပတ်သတ်ပြီး တာဝန်ရှိသူ မရွှေလီက “တော်တော်များများကို cover ဖြစ်တယ်လို့ ဆိုလို့ရပါတယ်။ မြေပြင်အဖြစ်အပျက်တွေက ယခုဖော်ပြထားတဲ့ ကိန်းဂဏန်းထက် ပိုများနေတယ်ဆိုတာက သေချာပါတယ်။ အခုလက်ရှိ မြေပြင် အခြေအနေကို ပြောရမယ်ဆိုရင် မြေပြင်တိုက်ပွဲပြင်းထန်ဖြစ်ပွားတဲ့ နေရာတွေမှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခြင်းများကို ပိုပြီးရင်ဆိုင်လာရပါတယ်။ တချို့ဧရိယာဆို မြေပြင်တိုက်ပွဲမရှိသော်လည်း ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခြင်း ရှိနေပါတယ်။ ဒေသခံပြည်သူတွေလည်း တိမ်းရှောင်ထွက်ပြေးကြရာမှာ မတူညီတဲ့ ဧရိယာ၊ နယ်မြေများဆီကို ထွက်ပြေး တိမ်းရှောင်ကြရတဲ့အတွက် ထိခိုက်ဒဏ်ရာရသူများ၊ သေဆုံးသူများကို စီစစ်ရာတွင် အတော်စိန်ခေါ်မှုတယ်” လို့ ရှင်းပြပါတယ်။

PYO က အခုထွက်ရှိထားတဲ့ သတင်းအချက်အလက်တွေဟာ ဒေသခံဆီကနေ အဓိက တိုက်ရိုက်ယူထားတာဖြစ်ပြီး သတင်းမီဒီယာကနေ တက်လာတဲ့ သတင်းအချက်များကိုလည်း မြေပြင်မှာ ပြန်လည်အတည်ပြု ရယူသုံးစွဲထားတယ်လို့ ဆိုပါတယ်။

အချက်အလက်များကို ပြုစုသူအဖွဲ့ဝင်တွေ အများစုက လွိုင်လင်၊ ဟိုပုံး၊ ဆီဆိုင် ဒေသခံတွေဖြစ်တဲ့အပြင် စစ်ရှောင်တွေလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ လူဦးရေ စာရင်းကိုတော့ PYO က ပြုစုထားတဲ့ အချက်အလက်ပါအဝင် ထွေအုပ်က နောက်ဆုံးထုတ်ပြန်ထားတဲ့ မြို့နယ်၊ အုပ်စု လူဦးရေးကို ကိုးကားမှီငြမ်းထားတယ် လို့ သိရပါတယ်။

ပအိုဝ်းလူငယ်အဖွဲ့အစည်း(Pa-O Youth Organization) PYO က အခုထွက်ရှိထားတဲ့ ဒေတာပါ သတင်းအချက်အလက်တွေဟာ ဒေသခံဆီကနေ အဓိက တိုက်ရိုက်ယူထားတာဖြစ်ပြီး သတင်းမီဒီယာကနေ တက်လာတဲ့ သတင်းအချက်များကိုလည်း မြေပြင်မှာ ပြန်လည်အတည်ပြု ရယူသုံးစွဲထားတယ်လို့ ဆိုပါတယ်။

ပအိုဝ်းလူငယ်အဖွဲ့အစည်း(Pa-O Youth Organization)ရဲ့ မူလအဖွဲ့အစည်း ပအိုဝ်းလူငယ် အစည်းအရုံးကို ၁၉၄၇ ခုနှစ်မှာ ပအိုဝ်းနိုင်ငံရေးခေါင်းဆောင် ၃ ဦးက မွန်ပြည်နယ်၊ သထုံမြို့မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

စစ်အာဏာရှင်ကို ပြန်လည်လုခံနေတဲ့ ပအိုဝ်းလူထုတစ်သောင်းကျော်က တောင်ကြီးမြို့မှာ ဒီမိုကရေစီရဖို့တောင်းဆို ဆန္ဒပြခဲ့တဲ့ ၁၉၅၀ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ ကို အစွဲပြုပြီး ၁၉၉၈ ခုနှစ်မှာ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ပအိုဝ်းတိုင်းရင်းသား ရဟန်းသံဃာတွေက ဦးဆောင်ပြီး ပအိုဝ်းလူငယ်တွေပါဝင်တဲ့ ပအိုဝ်းလူငယ်အဖွဲ့အစည်း (Pa-O Youth Organization) PYO ကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် အာဏာပြန်သိမ်းခံရပြီး ယနေ့အချိန်ထိ ပအိုဝ်းလူငယ်များကို စွမ်းရည်မြင့်စေရန် သင်တန်းများပြုလုပ်ပေးခြင်း၊ သုတေသန နဲ့ စည်းရုံးလှုံဆော်ခြင်း တွေအပြင် ပအိုဝ်းဒေသတွင်း အခွင့်အရေးချိုးဖောက်ခံရမှုများ၊ စစ်တပ်ရဲ့လုပ်ဆောင်ချက်တွေကို စောင့်ကြည့်တာ၊ သုတေသနစာတမ်း ထုတ်တာတွေ ပြုလုပ်လျက်ရှိတယ် လို့သိရပါတယ်။

Photo: PNLA
CJ-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

KNLA နဲ့ PDF ဝင်တိုက်တဲ့ ပဲဒက်စစ်ကောင်စီစခန်းမှ ၂၆ ယောက်ဖမ်းမိ

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှ ပဲဒက်ရွာမှ စစ်ကောင်စီနဲ့ ပျူစောထီးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ PDF တို့ မေ ၅
မြန်မာ့နွေဦး

မြစ်ကြီးနား ဗလမင်းထင်တံတားထိပ်မှာ တိုက်ပွဲ ပြင်းထန်နေ

ကချင်ပြည်နယ်၊ မြစ်ကြီးနား အဝင်က ဗလမင်းထင်တံတားထိပ်မှာ ဒီနေ့ မေ ၉ ရက် မွန်းလွဲ ၂ နာရီခန့်ကစပြီး လက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ရှေ့တန်း စစ်မြေပြင်မှာ မြေမြုပ်မိုင်း ထိသွားတဲ့ ရှမ်းတောင် PDF တပ်ဖွဲ့ဝင် တစ်ဦး အကူအညီလိုအပ်နေ

ရှမ်းတောင်ပြည်သူ့ ကာကွယ်ရေးတပ်မတော် အမှတ် ၁၀၀၅ တပ်ရင်း(SSPDF)က တပ်ဖွဲ့ဝင်တစ်ဦးဟာ မြေမြုပ်မိုင်းကြောင့် ပြင်းထန်ဒဏ်ရာရခဲ့ပြီး အကူအညီတွေ လိုအပ်နေတယ်လို့ တော်လှန်ရေး သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA နဲ့ ပူးပေါင်းအဖွဲ့ မလိုက်နိုင်အောင် တံတားကို မိုင်းခွဲပြီး စစ်ကောင်စီတပ် ထွက်ပြေး

ဗန်းမော် - မြစ်ကြီးနား လမ်းပေါ်ရှိ ဝိုင်းမော်မြို့နယ်၊ ကဇူးရွာ အနီးက ဒဘတ်ချောင်းကူးတံတားကို မေလ ၈ ရက်နေ့ ည ၈ နာရီ ဝန်းကျင်ခန့်က စစ်ကောင်စီတပ်ဖွဲ့က ကား ၂ စီးနဲ့ လာရောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဖယ်ခုံ PDF တည်ထောင်ခြင်း ၃ နှစ်ပြည့် ရဲဘော်အသစ်၊ ဟောင်းတွေ တက်ရောက်

ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် (ဖယ်ခုံ PDF) တပ်ရင်း ၂၊ တပ်ခွဲ ၁ရဲ့ ၃ နှစ်ပြည့် မျက်နှာစုံညီပွဲကို ကျင်းပပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဆီဆိုင်မြို့ နောင်ရင်းဒုံကျေးရွာအနီး မိုင်းနင်းမိလို့ ရွာသားတစ်ဦး ခြေပြတ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ရင်းဒုံကျေးရွာအနီး တွင် မနေ့ မေလ ၈ ရက်က မြေမြုပ်မိုင်းနင်းမိလို့ ရွာသား ၁ ဦးခြေပြတ်ဒဏ်ရာ ရရှိသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

မိုးမောက်မြို့ထဲကို စစ်ကောင်စီဗုံးကြဲ၊ နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ထဲ မနေ့ မေ ၈ ရက်မှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးလာကြဲသွား နေအိမ်တချို့မီး ထပ်လောင်ကျွမ်းသွားကြောင်း ဒေသခံ တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

Non-CDM အမျိုးသားဝန်ထမ်းတွေကို စစ်မှုထမ်းဖို့ ဆင့်ခေါ်တာကြောင့် ကလောမြို့ကဌာနဆိုင်ရာ ဝန်ထမ်းတွေ ထွက်ပြေး တိမ်းရှောင်နေ

ကလောမြို့နယ်တွင်း ဌာနဆိုင်ရာ အသီးသီးက ရာထူးကြီးပိုင်း ဝန်ထမ်းတွေဟာ အောက်ခြေဝန်ထမ်းတွေကို အသိမပေးဘဲ စစ်ကောင်စီကို စစ်မှုထမ်းစာရင်း ပေးထားတာကြောင့် အမျိုးသားဝန်ထမ်းတွေ တိမ်းရှောင်နေတယ် ဌာနဆိုင်ရာနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now