မဲခေါင်၊ မေ ၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ရင်းဒုံကျေးရွာအနီး တွင် မနေ့ မေလ ၈ ရက်က မြေမြုပ်မိုင်းနင်းမိလို့ ရွာသား ၁ ဦးခြေပြတ်ဒဏ်ရာ ရရှိသွားပါတယ်။
ရွာအဝင်တံတားအနီးမှာ ညနေပိုင်းမှာ မြေကြီးသွားသယ်တဲ့ ရွာသားတစ်ဦး မြေမြုပ်မိုင်းနင်းမိလို့ ညာခြေထောက်အောက်ပိုင်း ပြတ်သွားတာလို့ သိရပြီး မိုးထိတဲ့သူရဲ့ အမည်၊ အသက်အချက်အလက်တွေတော့ မသိရသေးပါဘူး။
နောင်ရင်းဒုံကျေးရွာဟာ ဆီဆိုင်မြို့ရဲ့တောင်ဘက် ၅ မိုင်ခန့်သာကွာဝေးကာ ဆီဆိုင်-လွိုင်ကော်ကားလမ်းဘေးမှာ တည်ရှိတာဖြစ်ပြီး ဧပြီလအတွင်း ၂၆ ရက် ညပိုင်းက တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တာမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ၁၀ လုံးရွာထဲကို ပစ်ခတ်ခဲ့တဲ့ဖြစ်စဉ်ရှိခဲ့တာပါ။
တိုက်ပွဲဖြစ်စဉ်ကြောင့် ရွာသားတွေဟာ ချောင်းတဖက်ကိုထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး တိုက်ပွဲအတွင်း စစ်ကောင်စီက တံတားပတ်လည်မှာ မြေမြုပ်မိုင်း အများအပြားမြုပ်ထားခဲ့တာလို့ သိရပါတယ်။
MK-012