စစ်ရေးသတင်း

တိုက်ပွဲဒဏ်ကြောင့် ဆီဆိုင်မြို့ ၄ ပုံ ၃ ပုံခန့် ထိခိုက်ပျက်စီး

မဲခေါင် 28 Feb - 2024
ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့တွှင် တိုက်ပွဲများပြင်းထန်ခဲ့ပြီးနောက် ဆီဆိုင်မြို့ရဲ့ ၄ပုံ ၃ပုံခန့်ဟာ ပြန်လည်ထူထောင်ဖို့တောင်ခက်ခဲမဲ့ အနေအထား နဲ့ ထိခိုက်ပျက်စီးခဲ့ပြီလို့ ဆီဆိုင်မြို့လူထုက မဲခေါင်ကို ပြောပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၂၈

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့တွှင် တိုက်ပွဲများပြင်းထန်ခဲ့ပြီးနောက် ဆီဆိုင်မြို့ရဲ့ ၄ပုံ ၃ပုံခန့်ဟာ ပြန်လည်ထူထောင်ဖို့တောင်ခက်ခဲမဲ့ အနေအထား နဲ့ ထိခိုက်ပျက်စီးခဲ့ပြီလို့ ဆီဆိုင်မြို့လူထုက မဲခေါင်ကို ပြောပါတယ်။

ဆီဆိုင်မြို့ဟာ တိုက်ပွဲကာလအတွင်းမှာ စစ်ကောင်စီရဲ့ လေယာဉ်နဲ့ဗုံးကြဲမှု၊ ဒရုန်းနဲ့ဗုံးချမှု၊ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေအပြင် မြေပြင်တိုက်ပွဲတွေကြောင့် မြို့ပေါ် ရပ်ကွက်တွေဖြစ်တဲ့ ဟိုခဲ၊ မြကန်သာ၊ မင်္ဂလာရပ်ကွက်၊ တွေမှာရှိတဲ့နေအိမ်နဲ့အဆောက်အဦတွေ ၈၀ ရာခိုင်နှန်းလောက် ပျက်စီးဆုံးရှုံးခဲ့ရပြီး အောင်သပြေ၊ အောင်ချမ်းသာ၊ သီရိရပ်ကွက်တွေဟာ ၅၀ ရာခိုင်နှုန်းလောက် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ဆိုက်ခေါင်ဘောလုံးကွင်း အထိုင်ချအမြောက်တွေရဲ့ လက်နက်ကြီးပစ်ခတ်နှုန်းဟာ တစ်ရက်ပျမ်းမျှ ၁၀ လုံးနဲ့အထက်ရှိ တာဖြစ်ပြီး မြေပြင်တိုက်ပွဲရှိချိန်ဆို အလုံး ၅၀ ကျော်ပစ်ခတ်ခဲ့ကာ ဆီဆိုင်မြို့ဟာ လက်နက်ကြီးကျည် အနည်းဆုံး ၅၀၀ နီးပါး ခံခဲ့ရတယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ဆီဆိုင်မြို့မဈေးကြီး ရဲ့ ၄ ပုံ ၃ ပုံဟာ မီးလောင်ကျွမ်းပျက်စီးခဲ့တာလို့ သိရပါတယ်။ မြို့ပေါ် ၆ ရပ်ကွက်နေပြည်သူ ၁ သောင်းခွဲဟာလည်း ခုချိန်ထိ စစ်ဘေးရှောင်ရင်း သေသူသေ၊ ဒဏ်ရာရသူရ၊ ပျောက်ဆုံးသူတွေနဲ့ မိသားစုတွေ တကွဲတပြားဖြစ်နေကြပါတယ်။

ဆီဆိုင်မြို့မှာမနေ့က ဖေဖော်ဝါရီ ၂၇ ရက်မှာ လက်နက်ကြီးပစ်ခတ်တာကလွဲလို့ မြေပြင်တိုက်ပွဲဆင်တာတွေ မရှိခဲ့ဘူးလို့ သတင်းအရင်း အမြစ်တွေထံကသိရပါတယ်။

အဲဒီလို တိုက်ပွဲတွေမရှိတာဟာ လာမယ့် စစ်တပ်နေ့ မတ်လ ၂၇ ရက်နေ့အတွက် စစ်ကောင်စီက သူ့တပ်ဖွဲ့တွေ ပြန်ုစုနေပြီး PNO ပြည်သူ့စစ်တွေနဲ့ပဲ လွှတ်ထားခဲ့တယ်ဆိုတဲ့ ပြောကြားချက်၊ ထိုးစစ်အတွက် စစ်တပ်နေ့အယောင်ပြပြီး လူစုနေတယ်ဆိုတဲ့ပြောကြားချက်တွေ ရှိပေမယ့် မဲခေါင်အနေနဲ့ သီးခြားအတည်ပြုချက်မရရှိသေးပါဘူး။

မနေ့ကရော ဒီမနက် ၈ နာရီအထိရော ဘာသံမှ မကြားရဘူး၊ အခြားနေရာမှာ ရှိချင်ရှိနေပေမယ့် ဆီဆိုင်မှာ တိုက်ပွဲပစ်ခတ်သံ မကြားရတာလို့ သတင်းအရင်းအမြစ်တစ်ဦးက မဲခေါင်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက် ညနေပိုင်းက စတင်ခဲ့တဲ့ စစ်ကောင်စီနဲ့လက်အောက်ခံ PNO ပြည်သူ့စစ်တွေက တဖက်၊ PNLA နဲ့တော်လှန်ရေးတပ်ဖွဲ့တွေက တဖက် တိုက်ခိုက်လာတဟာ ယနေ့ ဖေဖော်ဝါရီ ၂၈ ရက်ဆိုရင် ရက်ပေါင်း ၃၅ ရက်ခန့် ရှိလာနေပြီဖြစ်ပါတယ်။

လက်ရှိ မြေပြင်သတင်းတွေအရ ဆီဆိုင်မြို့အထွက်တွေမှာရှိတဲ့ ခမရ(၄၂၃)နဲ့(၄၂၄) မှာ စစ်ကောင်စီတပ်တွေ နေရာြပန်ယူထားပြီး PNLA တပ်ဖွဲ့တွေက လွယ်ကဖီးတောင်ခြေနဲ့ ထီရိကျေးရွာ တကြော ကားတွေနဲ့သွားလာနေတယ်နေကာ ဆီဆိုင်မြို့ကိုလည်း ထိန်းချုပ်ထားဆဲလို့ သိရပါတယ်။

ပအိုဝ်းလူငယ်အစည်းအရုံးက ပြုစုတဲ့ ဆီဆိုင်၊ ဟိုပုံး၊ လွိုင်လင် ၃ မြို့နယ်မှာ တိုက်ပွဲတွေကြောင့် သေဆုံး ၄၀ ဦး၊ ဒဏ်ရာရ ၅၁ ဦးရှိခဲ့တာမှာ ဆီဆိုင်တစ်ခုထဲက သေဆုံး ၁၃ ဦး၊ ဒဏ်ရာရ ၂၅ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်၊ ဖက်နမ်ရွာတိုက်ပွဲမှာ PNO ၂ ဦးသေ ၂ ဦးပြင်းထန်ဒဏ်ရာရ

ဆီဆိုင်မြို့နယ်အတွင်း မေ ၇ ရက်နေ့က PNLO နဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ PNO ဘက်က ၂ ဦးသေ
မြန်မာ့နွေဦး

စစ်ကောင်စီက ဆီဆိုင်မြို့ပေါ်က ကျောင်းတွေ ကို မဖြစ်မနေဖွင့်ရမယ်လို့ဆို

လာမယ့် ၂၀၂၄-၂၅ ပညာသင်နှစ်အတွက် ဆီဆိုင်မြို့နယ်အတွင်းက ကျောင်းတွေကို မဖြစ်မနေဖွင့်လှစ်ရမယ်လို့ ပြည်နယ်ပညာရေးမှူးရုံးကို စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ ဒေသခံ သတင်းအရင်းအမြစ်ထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဘောလခဲမှာ စစ်ကောင်စီရဲ့ ရိက္ခာတင်ကား မိုင်းနင်းမိပြီးပျက်စီး

ကရင်နီပြည်၊ ဘောလခဲမြို့ နယ်မှာ စစ်ကောင်စီရဲ့ ရိက္ခာတင်ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ တယ်လို့ ကရင်နီတော်လှန်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KNLA နဲ့ PDF ဝင်တိုက်တဲ့ ပဲဒက်စစ်ကောင်စီစခန်းမှ ၂၆ ယောက်ဖမ်းမိ

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှ ပဲဒက်ရွာမှ စစ်ကောင်စီနဲ့ ပျူစောထီးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ PDF တို့ မေ ၅ ရက်က ဝင်တိုက်ခိုက်မှုမှာ စစ်ကောင်စီအဖွဲ့ ၂၆ ယောက်ကို အရှင်ဖမ်းမိပြီး လက်နက်တွေလည်း သိမ်မိတယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

မြစ်ကြီးနား ဗလမင်းထင်တံတားထိပ်မှာ တိုက်ပွဲ ပြင်းထန်နေ

ကချင်ပြည်နယ်၊ မြစ်ကြီးနား အဝင်က ဗလမင်းထင်တံတားထိပ်မှာ ဒီနေ့ မေ ၉ ရက် မွန်းလွဲ ၂ နာရီခန့်ကစပြီး လက်ရှိ သတင်းရေးသား နေချိန်ထိ တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ရှေ့တန်း စစ်မြေပြင်မှာ မြေမြုပ်မိုင်း ထိသွားတဲ့ ရှမ်းတောင် PDF တပ်ဖွဲ့ဝင် တစ်ဦး အကူအညီလိုအပ်နေ

ရှမ်းတောင်ပြည်သူ့ ကာကွယ်ရေးတပ်မတော် အမှတ် ၁၀၀၅ တပ်ရင်း(SSPDF)က တပ်ဖွဲ့ဝင်တစ်ဦးဟာ မြေမြုပ်မိုင်းကြောင့် ပြင်းထန်ဒဏ်ရာရခဲ့ပြီး အကူအညီတွေ လိုအပ်နေတယ်လို့ တော်လှန်ရေး သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA နဲ့ ပူးပေါင်းအဖွဲ့ မလိုက်နိုင်အောင် တံတားကို မိုင်းခွဲပြီး စစ်ကောင်စီတပ် ထွက်ပြေး

ဗန်းမော် - မြစ်ကြီးနား လမ်းပေါ်ရှိ ဝိုင်းမော်မြို့နယ်၊ ကဇူးရွာ အနီးက ဒဘတ်ချောင်းကူးတံတားကို မေလ ၈ ရက်နေ့ ည ၈ နာရီ ဝန်းကျင်ခန့်က စစ်ကောင်စီတပ်ဖွဲ့က ကား ၂ စီးနဲ့ လာရောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဖယ်ခုံ PDF တည်ထောင်ခြင်း ၃ နှစ်ပြည့် ရဲဘော်အသစ်၊ ဟောင်းတွေ တက်ရောက်

ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် (ဖယ်ခုံ PDF) တပ်ရင်း ၂၊ တပ်ခွဲ ၁ရဲ့ ၃ နှစ်ပြည့် မျက်နှာစုံညီပွဲကို ကျင်းပပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now